ဗန်းမောက်မြို့နယ်ရှိ ကျေးရွာများထဲ PDF စခန်းမချရန် ပြည်သူများတောင်းဆို

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ ကျေးရွာများထဲတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF က စခန်းချ နေထိုင်ခြင်းကြောင့် ဒေသခံများက တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

ဗန်းမောက်မြို့နယ် အနောက်ပိုင်း မံအင်မန်ကျည်းကုန်းရွာ၊ မံထွန်ရွာနှင့် ကြောင်လည်စံပြကျေးရွာ ထဲတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များက စခန်းချနေထိုင်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံများက စိုးရိမ်နေကြောင်း အသက် (၂၀) နှစ်ကျော် သျှမ်းနီ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA ) နှင့် PDF ပူးပေါင်းတပ်ဖွဲ့ တို့ စတင်တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေး PDF ကကျေးရွာထဲတွင် စခန်းချ နေထိုင်ခဲ့ကြောင်း ဆိုသည်။

“ အခုလက်ရှိ ပြည်သူ့ကာကွယ်ရေး PDF တွေအနေနဲ့ ရွာထဲမှာ အခြေချတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ရွာထဲနေပြီး ခံပေးနေတဲ့ အချိန်မှာ စစ်ကောင်စီက ထိုးစစ်ဆင်လာပြီဆိုရင် နှစ်ဖက်တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်ရင် ရွာနာတယ်၊ ပြည်သူလူထုနာတယ်။ ကျနော်တို့ ဖြစ်ချင်တာတော့ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မဆို ရွာထဲမှာစခန်းချပြီး နေထိုင် ပိုင်ခွင့်မရှိဘူးလေ” ဟု ၎င်းဒေသခံ လူငယ်တစ်ဦးက ပြောသည်။

ပြည်သူပိုင် အဆောက်အဦး၊ ဆေးရုံ၊ ဆေးခန်းထဲသို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF က စခန်းချ နေထိုင်ခြင်းကြောင့် အောက်တိုဘာ ၂၀ ရက်နှင့် ၂၁ ရက်တွင် စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူတစ်ဦးနှင့် အဆောက်အအုံးများကို ထိခိုက်စေကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ကျေးရွာအတွင်းတွင် အရပ်ဝတ်ဖြင့် သွားလာလှုပ်ရှားခြင်းလည်း တတ်နိုင်သလောက် ရှောင်ရှားပေးစေလိုကြောင်း ဒေသခံ စိုင်းလှကျော် က ပြောသည်။
“ လက်နက်ကိုင်တပ်သားတွေက ပြည်သူအရပ်ဝတ်နဲ့ နေတာမျိုးတွေ ကျနော်တို့တော့ မဖြစ်စေချင်ဘူး။ ကိုယ့်အဝတ်စားနဲ့ကိုယ်ဝတ်ပြီး ချ အဲ့ဆိုကျနော်တို့က သည်းသည်းကွဲကွဲဖြစ်တယ်ဗျာ။ ဒါရန်သူလား၊ မိတ်ဆွေလားဆိုတာ တချို့က အရပ်ဝတ်နဲ့ လွှတ်တဲ့အခါကြတော့ ဘယ်အဖွဲ့မှန်းလည်းမသိ။ လက်နက်ကိုင်ဆောင်ထားခြင်း မရှိတဲ့အရပ်သား သာမန်ပြည်သူတွေက ကြားထဲမှာ ထိခိုက်တာတွေရှိပါတယ်“ ဟု ၎င်း ဒေသခံ က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်မှစတင်ပြီး PDF စိုးမိုးနယ်မြေမှုကြောင့် ဗန်းမောက်မြို့နယ် မံယူးကြီး ကျေးရွာရှိ ဆေးရုံ၊ဆေးခန်းများကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများလည်း ပျက်စီးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...