ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ
သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေသေးကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်အစောပိုင်း ၇ နာရီအချိန်မှစပြီး နမ့်နိန်းကျေးရွာ၏ အနောက်ဘက်ရှိ တောင်းကုန်းဒေသ တစ်ကြောတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား (၂၀၀) ကျော်ဖြင့် စစ်ကြောင်းထိုးလာစဉ်မှာ...
ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ဘေးရှောင်များ လက်မခံရန် အမိန့်ပေး
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများသည် စစ်ဘေးရှောင်များကို လက်မခံရန် ကျေးရွာ အုပ်ချုပ်ရေးမှူးများက အစည်းဝေး ခေါ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ် ၁၄) ရက်တွင် ပင်လောင်းမြို့နယ် ထီးပေါင်းကျေးရွာအုပ်စုထဲရှိ ကျေးရွာများကို စစ်ဘေးရှောင်များ လက်မခံရန်မှာကြားပြီး အစည်းဝေးခေါ်ယူခဲ့ကြောင်း သိရသည်။ “ ရွာနာမည်တော့ ကျနော်လည်း မပြောတော့ဘူး။...
ပင်လောင်းမြို့နယ် စစ်ရှောင်များ နေရာအထိုင်အခင်းနှင့် စောင်များလိုအပ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်ဟူးကျေးရွာ ပရဟိတ ဘုန်းကြီးကျောင်းအတွင်းသို့ ခိုလှုံနေသည့် စစ်ရှောင်များ နေရာအထိုင်အခင်း နှင့် စောင်များ လိုအပ်နေကြောင်း သတင်းသိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ပြီး နမ့်ဟူးကျေးရွာ ပရဟိတ ဘုန်းကြီးကျောင်းအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် ဦးရေ...
ပင်လောင်း နမ့်နိန်းဒေသခံများ နေအိမ်ထပ်မံ မီးရှို့ခံရမည်ကို စိုးရိမ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များသည် နေအိမ် ထပ်မံ မီးရှို့ခံရမည်ကို စိုးရိမ်နေရကြောင်း သတင်း သိရှိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၂၄ ရက်) မှစပြီး စစ်ကောင်စီတပ်ဖွဲ့၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတို့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားခဲ့မှုကြောင့်...
ပင်လောင်း နမ့်နိမ့်ရွာ ပြည်သူနေအိမ် တစ်ဝက်နီးပါး မီးလောင်ပျက်စီး
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိမ့်ရွာကို စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ် သာမက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သောကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ တစ်ဝက်နီးပါး မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်း သတင်းသိရှိရသည်။ ယမန်နေ့ (မတ်လ ၁၁ ရက်) နံနက်အစောပိုင်း ၅ နာရီမှစပြီး ပင်လောင်းမြို့နယ် နမ့်နိမ့်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်...
တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုကြောင့် ပြည်သူများ အသက်ရှုကြပ်
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် လွယ်သထုံ ကျေးရွာအုပ်စုရှိ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံ ကြောင့် ပြည်သူများ အသက်ရှုကြပ်နေကြောင်း သတင်းသိရသည်။ ယခု မတ်လဆန်းပိုင်းမှ စတင်ကာ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံမှ အနံ့ဆိုးများ ပြန်လည်ထွက်လာခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက အသက်ရှုကြပ်သည့်အပြင် ခေါင်းကိုက်ဝေဒနားများလည်း...
လေယာဉ်မပျံသန်းရ ဇုန် သတ်မှတ်ရေး ဘယ်တော့လဲ
SHAN -
နိဒါန်း ဗလာဒီမာပူတင်ဦးဆောင်သော ရုရှားအစိုးရ၏ ကျူးကျော်စစ်အတွင်းမှ ယူကရိန်းပြည်သူများအား ကယ်တင် နိုင်ဖို့အတွက် ယူကရိန်းသမ္မတဇီလန်စကီးသည် “လေယာဉ်မပျံသန်းရ ဇုန်သတ်မှတ်ရေး”အတွက် အမေရိကန် ကွန်ဂရက်တွင်လည်းကောင်း၊ မြောက်အတ္တလန်တီစာချုပ်ပါအစုအဖွဲ့ဖြစ်တဲ့ နေတိုးအဖွဲ့အကြီးအကဲများထံ တွင်လည်းကောင်း လူသိရှင်ကြားတောင်းတောင်းဆိုခဲ့ပါသည်။ သို့သော် ရုရှားကျူးကျော်စစ်တစ်နှစ်ပြည့်ခဲ့ သည့်တိုင် သမ္မတဇီလန်စကီး၏ တောင်းဆိုမှုသည် လက်တွေ့အကောင်အထည်မပေါ်သေးဟု ဆိုရပါမည်။ မြန်မာအာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို...
ကွတ်ခိုင် – မူဆယ်လမ်းပိုင်း ကုန်တင်ကားများ စစ်ကောင်စီ ပိုက်ဆံကောက်ယူနေ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မှ မူဆယ်မြို့ သွားသည့် ပြည်ထောင်စု ကားလမ်းပိုင်း တစ်လျောက်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က ကုန်တင်ကားများထံ ငွေကြေးကောက်ယူ နေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ နှောင်းပိုင်းမှ စတင်ကာ ကွတ်ခိုင် - မူဆယ်မြို့ ပြည်ထောင်စု လမ်းပိုင်း တစ်လျောက်တွင် စစ်ကောင်စီ...
သြဂုတ်လ အထိ CDM မပြုလုပ်သူများကို PSLF/TNLA မှ အရေးယူမည် ဟုဆို
သျှမ်းပြည် အခြေစိုက် တအာင်း (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA သည် သြဂုတ်လ အထိ CDM မပြုလုပ်သူများကို အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။ PSLF/TNLA သတင်း နှင့် ပြန်ကြားရေးမှတစ်ဆင့် ဖေဖော်ဝါရီလမှ စတင်ကာ သြဂုတ်လ အထိ...
အင်းလေးဒေသ ပစ်ခတ်သံထွက်၊ စစ်ကောင်စီမှ လုံခြုံရေး အင်အားချထား
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဘုရားနီဘက်တွင် ပစ်ခတ်သံများ ထွက်ပေါ် လာပြီး စစ်ကောင်စီဘက်မှ လုံခြုံရေး အင်အား ချထားကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၇) ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် အင်းလေး ဒေသ ဘုရားနီ နှင့် သန်းထောင်ဘုရား...





