ပင်လောင်းမြို့နယ် စစ်ရှောင်များ နေရာအထိုင်အခင်းနှင့် စောင်များလိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်ဟူးကျေးရွာ ပရဟိတ ဘုန်းကြီးကျောင်းအတွင်းသို့ ခိုလှုံနေသည့် စစ်ရှောင်များ နေရာအထိုင်အခင်း နှင့် စောင်များ လိုအပ်နေကြောင်း သတင်းသိရှိရသည်။

ပင်လောင်းရောက် စစ်ရှောင်များ Photo by Voice of Pinlaung

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ပြီး နမ့်ဟူးကျေးရွာ ပရဟိတ ဘုန်းကြီးကျောင်းအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် ဦးရေ ၁၀၀ ကျော်သည် လက်ရှိမှာ နေရာ အထိုင်အခင်းနှင့် စောင်များ လိုအပ်နေကြောင်း ပင်ပုံစစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခု စောင်တွေ၊ ခေါင်းအုံးတွေ၊ အခင်းတွေ လိုတယ်။ တချို့က တစ်ယောက်ကို စောင်တစ်ထည်ဘဲ ပါလာတယ်။ တချို့ ၃ ယောက် မိသားစုတွေလည်း စောင် ၂ ထည်ဘဲပါလာတယ်။ ညဘက်အိပ်ရင် အခင်းတွေ မလုံလောက်တော့ အေးတယ်။ အေးတဲ့အခါကျတော့ ကလေးငယ်တွေလည်း ချောင်းဆိုးတယ်။ ကလေးနဲ့ အဖွားတွေ ကျန်းမားရေး ထိခိုက်တယ် “ ဟု ၎င်းစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်လောင်းရောက် စစ်ရှောင်များ Photo by Voice of Pinlaung

အဆိုပါ နေရာ အထိုင်အခင်း နှင့် စောင်များ မလုံလောက်မှုကြောင့် ၅ နှစ်အောက် ကလေးငယ် ၁၅ ဦးသည် ချောင်းဆိုး၊ အအေးမိ ဖျားနာနေကြကြောင်းလည်း သိရသည်။

ပင်လောင်းရောက် စစ်ရှောင်များ Photo by Voice of Pinlaung

ထို့အပြင် ပင်လောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားချိန်မှစပြီး နေအိမ်များ မိးရှို့ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းကြောင့် လက်ရှိမှာ စစ်ရှောင်များအနေဖြင့် စိုးရိမ်သောက ပူပန်ခြင်း ခံစားနေရကြောင်း အသက် ၅၀ နှစ် စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ နေအိမ်မီးရှို့ ခံရတာ၊ သတ်ဖြတ်ခံရတာ ခံစားရတာပေါ့။ သူများဘယ်လောက်ဘဲ အကူညီပေးနေ ကိုယ့်ရွာ၊ ကိုယ့်ဒေသလောက် မမူဘူး။ ကိုယ့်ရွာ၊ ကိုယ့်ဒေသမှာ ပျော်ပျော်ပါးပါး နဲ့ နေရတယ်။ အခုမှ သူများတွေ စားစရာ၊ နေရာပေးလည်း စိတ်မချမ်းသာဘူး။ တချို့မိဘတွေကိုလည်း သနားတယ်၊ ဘာမှ မကူညီနိုင်ခဲ့ဘူး။ ကိုယ့်အတွက်နဲ့ ရုန်းကန်ပြီး ပစ္စည်းတွေ သယ်လာရတယ် “ ဟု ၎င်းစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၄ ရက်) မှစပြီး ပင်လောင်းမြို့နယ်အတွင်း တိုက်ပွားဖြစ်ပွားရာ မြောက်စလုံး၊ တောင်စလုံး၊ လုံးပျဉ်၊ ပုံပင်၊ နမ့်နိန်း၊ တောင်မဲသင်း စသည့်ကျေးရွာမှ ပြည်သူ (၆,၀၀၀) ဝန်းကျင်မှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...