Wednesday, January 28, 2026

ပင်လောင်းမြို့နယ် စစ်ရှောင်များ နေရာအထိုင်အခင်းနှင့် စောင်များလိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်ဟူးကျေးရွာ ပရဟိတ ဘုန်းကြီးကျောင်းအတွင်းသို့ ခိုလှုံနေသည့် စစ်ရှောင်များ နေရာအထိုင်အခင်း နှင့် စောင်များ လိုအပ်နေကြောင်း သတင်းသိရှိရသည်။

ပင်လောင်းရောက် စစ်ရှောင်များ Photo by Voice of Pinlaung

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ပြီး နမ့်ဟူးကျေးရွာ ပရဟိတ ဘုန်းကြီးကျောင်းအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် ဦးရေ ၁၀၀ ကျော်သည် လက်ရှိမှာ နေရာ အထိုင်အခင်းနှင့် စောင်များ လိုအပ်နေကြောင်း ပင်ပုံစစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခု စောင်တွေ၊ ခေါင်းအုံးတွေ၊ အခင်းတွေ လိုတယ်။ တချို့က တစ်ယောက်ကို စောင်တစ်ထည်ဘဲ ပါလာတယ်။ တချို့ ၃ ယောက် မိသားစုတွေလည်း စောင် ၂ ထည်ဘဲပါလာတယ်။ ညဘက်အိပ်ရင် အခင်းတွေ မလုံလောက်တော့ အေးတယ်။ အေးတဲ့အခါကျတော့ ကလေးငယ်တွေလည်း ချောင်းဆိုးတယ်။ ကလေးနဲ့ အဖွားတွေ ကျန်းမားရေး ထိခိုက်တယ် “ ဟု ၎င်းစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်လောင်းရောက် စစ်ရှောင်များ Photo by Voice of Pinlaung

အဆိုပါ နေရာ အထိုင်အခင်း နှင့် စောင်များ မလုံလောက်မှုကြောင့် ၅ နှစ်အောက် ကလေးငယ် ၁၅ ဦးသည် ချောင်းဆိုး၊ အအေးမိ ဖျားနာနေကြကြောင်းလည်း သိရသည်။

ပင်လောင်းရောက် စစ်ရှောင်များ Photo by Voice of Pinlaung

ထို့အပြင် ပင်လောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားချိန်မှစပြီး နေအိမ်များ မိးရှို့ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းကြောင့် လက်ရှိမှာ စစ်ရှောင်များအနေဖြင့် စိုးရိမ်သောက ပူပန်ခြင်း ခံစားနေရကြောင်း အသက် ၅၀ နှစ် စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ နေအိမ်မီးရှို့ ခံရတာ၊ သတ်ဖြတ်ခံရတာ ခံစားရတာပေါ့။ သူများဘယ်လောက်ဘဲ အကူညီပေးနေ ကိုယ့်ရွာ၊ ကိုယ့်ဒေသလောက် မမူဘူး။ ကိုယ့်ရွာ၊ ကိုယ့်ဒေသမှာ ပျော်ပျော်ပါးပါး နဲ့ နေရတယ်။ အခုမှ သူများတွေ စားစရာ၊ နေရာပေးလည်း စိတ်မချမ်းသာဘူး။ တချို့မိဘတွေကိုလည်း သနားတယ်၊ ဘာမှ မကူညီနိုင်ခဲ့ဘူး။ ကိုယ့်အတွက်နဲ့ ရုန်းကန်ပြီး ပစ္စည်းတွေ သယ်လာရတယ် “ ဟု ၎င်းစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၄ ရက်) မှစပြီး ပင်လောင်းမြို့နယ်အတွင်း တိုက်ပွားဖြစ်ပွားရာ မြောက်စလုံး၊ တောင်စလုံး၊ လုံးပျဉ်၊ ပုံပင်၊ နမ့်နိန်း၊ တောင်မဲသင်း စသည့်ကျေးရွာမှ ပြည်သူ (၆,၀၀၀) ဝန်းကျင်မှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...