Wednesday, January 28, 2026

ပင်လောင်း နမ့်နိမ့်ရွာ ပြည်သူနေအိမ် တစ်ဝက်နီးပါး မီးလောင်ပျက်စီး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိမ့်ရွာကို စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ် သာမက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သောကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ တစ်ဝက်နီးပါး မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်း သတင်းသိရှိရသည်။

ယမန်နေ့ (မတ်လ ၁၁ ရက်) နံနက်အစောပိုင်း ၅ နာရီမှစပြီး ပင်လောင်းမြို့နယ် နမ့်နိမ့်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး လက်နက်ငယ် သာမက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သည့်အပြင် ဒေသခံ နေအိမ်များ မီးရှို့ပျက်စီးခံရကြောင်း ဒေသခံအုပ်ချုပ်ရေးမှူးတစ်ဦး၏ ပြောချက်အရသိရသည်။

နမ့်နိမ့်ရွာသည် အိမ်ခြေ စုစုပေါင်း ၃၅၀ ခန့်ရှိပြီး လက်ရှိ မီးရှို့ခံထားရသည့် အိမ်ခြေမှာ ဘုန်ကြီးကျောင်း အပါအဝင် တစ်ဝက်နီးပါး ပျက်စီးဆုံးရှုံးသွားကြောင်း ၎င်းကပြောသည်။

“ မနေ့ နေ့လည်ပိုင်းအချိန်ထိတော့ အိမ်ခြေ တစ်ဝက်နီးနီးလောက် ပါသွားပြီ။ ညမိုးချုပ်အထိ ဘယ်သူမှ မနေရဲတော့ အကုန်ထွက်ပြေးရတယ်။ နမ့်နိမ့်ရွာမှာ အိမ်ခြေက စုစုပေါင်း ၃၅၀ လောက်ရှိတယ်။ အခုမီးထဲပါသွားတာ တစ်ဝက်နီးပါး ရှိတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် နမ့်နိမ့်ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် ဘုန်းကြီး ၃ ပါးနှင့် ဒေသခံ ၁၅ ဦးသည် လက်ရှိအချိန်ထိ ဆက်သွယ်၍ မရသေးကြောင်း ပေ။

“ ဘုန်းကြီးကျောင်းက ဘုန်းကြီးကော၊ ဒေသခံ ၁၅ ယောက်ကော အခုထိ ဆက်သွယ်လို့ မရတော့ဘူး။ တချို့ ပြောတာတော့ အလောင်းဖြစ်ကုန်ပြီလို့ ပြောတယ်။ ကျနော်တို့လည်း အတည်မပြုနိုင်သေးဘူး “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၊ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNO နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF တို့တိုက်ပွဲကြောင့် ကျေးရွာ ၆ ရွာနှင့် ပြည်သူဦးရေ ၆၀၀၀ ဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...