ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ဘေးရှောင်များ လက်မခံရန် အမိန့်ပေး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများသည် စစ်ဘေးရှောင်များကို လက်မခံရန် ကျေးရွာ အုပ်ချုပ်ရေးမှူးများက အစည်းဝေး ခေါ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ပင်လောင်း စစ်ဘေးရှောင်

ယမန်နေ့ (မတ် ၁၄) ရက်တွင် ပင်လောင်းမြို့နယ် ထီးပေါင်းကျေးရွာအုပ်စုထဲရှိ ကျေးရွာများကို စစ်ဘေးရှောင်များ လက်မခံရန်မှာကြားပြီး အစည်းဝေးခေါ်ယူခဲ့ကြောင်း သိရသည်။

“ ရွာနာမည်တော့ ကျနော်လည်း မပြောတော့ဘူး။ ကျနော်တို့ နေတဲ့ရွာမှာတော့ မနေ့က အစည်းဝေးခေါ်တယ်။ စစ်ဘေးရှောင်တွေ လာရင်လည်း ထပ် လက်မခံဖို့ပြောတယ်။ မိဘက လွှဲပြီးတော့ မလက်ခံရဘူးပေါ့။ ဆွေမျိုးတွေတောင် ထပ်လက်မခံခိုင်းဘူး” ဟု အမည် နှင့် နေရာ မဖော်လိုသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုအပြင် စစ်ဘေးရှောင်များထဲမှ ပအိုဝ်းတိုင်းရင်းသားများအပြင် တခြားလူမျိုးများကိုလည်း လက်မခံရန်အတွက် ပြောဆိုခဲ့ကြောင်းသိရသည်။

သို့သော် ပင်လောင်းမြို့ပေါ် နှင့် တခြားဒေသများထဲတွင် စစ်ဘေးရှောင်များကို ဆက် လက်ခံနေဆဲရှိကြောင်း ပင်လောင်းမြို့နယ် စစ်ဘေးရှောင်များကို ကူညီပေးသည့်သူက ပြောသည်။

“ကျနော်တို့ဘက်တော့ ဘာမှမကြားရသေးဘူး။ စစ်ဘေးရှောင်တွေကို မကူညီရဘူးလို့လည်း ပြောလာတာ မရှိဘူး။ အခုချိန်ထိတော့ ဆက် လက်ခံပေးနေတာတော့ ရှိပါတယ်။ ကျနော်တို့လည်း စစ်ဘေးရှောင်တွေ ရှိတဲ့နေရာမှာ သွားပြီးတော့ ကူညီပေးနေပါသေးတယ်။ လက်မခံနဲ့တော့ မပြောလာသေးဘူး”ဟု ၎င်းက ပြောသည်။

ပင်လောင်းမြို့နယ်ထဲတွင် ယခင်က ရှောင်လာသည့် စစ်ဘေးရှောင် နှင့် လက်ရှိ အသစ်ထပ်မံ ရောက်ရှိလာသည့် စစ်ဘေးရှောင်စုစုပေါင်း ၈ ထောင် ဝန်းကျင်ရှိကြောင်း စစ်ဘေးရှောင် ကူညီသူများထံ သိရှိရသည်။

အဆိုပါ စစ်ဘေးရှောင်များကို လက်မခံသည့် ဒေသများသည် စစ်ကောင်စီ နှင့် ပူးပေါင်းပြီး အာဏာကို မက်မောနေသူများ ဖြစ်ကြောင်း၊ လူမျိုးတမျိုး၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း၊ ထိုလုပ်ရပ်ကို ပြန်ဆန့်ကျင်သင့်ကြောင်း ကရင်နီ လူ့အခွင့်ရေးအဖွဲ့ ကိုဗညားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်ဒေသက စစ်ဘေးရှောင်တွေကို ဖြစ်စေ လက်မခံခြင်းဟာ ကျနော်တို့ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာကိုလည်း ထိစေတယ်။ အဲ့ကြောင့်မို့ အဲ့ဒေသမှာရှိတဲ့ လူမျိုးစု အားလုံး အဲ့လုပ်ရပ်ကို ပြန်ပြီးဆန့်ကျင်ဖို့ လိုအပ်တယ်။ ဒါတွေကတော့ ကိုယ့်ဘာသာတွေနဲ့ ညီရဲလားလို့ ပြန်မေးရမှာဖြစ်တယ်။ ဒါကတော့ ကျနော့်အနေ နဲ့ စစ်လော်ဘီရဲ့ လုပ်ရပ်တစ်ချို့ပဲ ဖြစ်တယ်လို့ မြင်တယ်” ဟု ကိုဗညားက ပြောသည်။

ယနေ့ (မတ် ၁၅) ရက် နံနက် ၉ နာရီတွင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးအပါအဝင် အရပ်သားများ အစုလိုက် အပြုံလိုက်သတ်သည့် ကိစ္စကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) မှ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) လက်ချက်ဟု စွပ်စွဲပြောဆိုပြီး ဆန္ဒပြခဲ့သည်။

ထို့ပြင် စစ်ကောင်စီ လက်အောက်ခံ PNO/PNA တပ်ဖွဲ့တို့သည်လည်း KNDF ၊ PDF တို့ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...