ကွတ်ခိုင် – မူဆယ်လမ်းပိုင်း ကုန်တင်ကားများ စစ်ကောင်စီ ပိုက်ဆံကောက်ယူနေ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မှ မူဆယ်မြို့ သွားသည့် ပြည်ထောင်စု ကားလမ်းပိုင်း တစ်လျောက်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က ကုန်တင်ကားများထံ ငွေကြေးကောက်ယူ နေကြောင်း စုံစမ်းသိရသည်။

Photo by Nay Tun Naing

ဖေဖော်ဝါရီလ နှောင်းပိုင်းမှ စတင်ကာ ကွတ်ခိုင် – မူဆယ်မြို့ ပြည်ထောင်စု လမ်းပိုင်း တစ်လျောက်တွင် စစ်ကောင်စီ တို့သည် ငွေကျပ် တစ်သိန်းကျပ်မှ စတင်ကာ ကုန်တင်ကား အမျိုးအစားအလိုက် ပိုက်ဆံ ကောက်ယူ နေကြောင်း ကားသမားများထံ သိရသည်။

“ကုန်တင်ကား ၁၀ ဘီးဆိုရင် တစ်သိန်းကျပ်တောင်းတယ်၊ ၁၈ ဘီးတွေကို ၃ သိန်း တောင်းတယ်၊ ကျနော် ကြုံရ တုန်းကတော့ လားရှိုးကနေ ကုန်တချို့ တင်လာတာ၊ မူဆယ်ဘက် သွားမလို့ပေါ့၊ ကွတ်ခိုင် အကျော်မှာ သူတို့ စောင့်တယ်၊ စစ်သားတွေ ချည်းပဲ၊ အဲ့တုန်းက ၁ သိန်းပေးရတယ်” ဟု ကိုယ်တိုင် ကြုံတွေ့ရတဲ့ ၆ ဘီး ကုန်တင် ကားမောင်း အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပိုက်ဆံကောက်ရန် စောင့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့သည် နမ့်ဖတ်ကာ အခြေစိုက် ခြေလျင်တပ်ရင်း ၁၉၀ ဖြစ်ပြီး ကုန်တင်ကားများ အပြင် အိမ်စီးကားများကိုလည်း ပိုက်ဆံ တောင်းယူ ကောက်ခံကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ အိမ်စီးကားများကို ပိုက်ဆံတောင်းယူ ကောက်ခံသည့်အချိန်တွင် လက်ဆွဲနှုတ်ဆက်သည့် အသွင်ဖြင့် ငါးထောင် ၊ သုံးထောင် ကောက်ယူ တောင်းခံ နေကြောင်း သိရသည်။

“ကျမတို့က အိမ်စီးကားနဲ့ ကွတ်ခိုင် ကနေ မူဆယ်ဘက် ထွက်သွားတဲ့ အချိန်မှာ စစ်ကောင်စီ တပ်ဖွဲ့ ကွတ်ခိုင်မြို့ အပြင်မှာ စောင့်တဲ့ စစ်ကောင်စီက လက်ဖက်ရည်ဖိုး ဟင်းဖိုးပေးပါတဲ့၊ အဲ့တာ ကားမောင်းတဲ့သူက လက်ဆွဲ နှုတ်ဆက်သလိုနဲ့ ငါးထောင်ထည့်ပေးလိုက်ရတယ်၊ တခြား ဆိုင်ကယ်တွေလည်း အဲ့လိုတောင်းတယ်” ဟု မြင်တွေ့ ရတဲ့ ခရီးသွား အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

လက်ရှိ ကွတ်ခိုင် – မူဆယ် လမ်းပိုင်း တစ်လျောက် ကုန်တင်ကားများကို ပိုက်ဆံ တောင်းယူ ကောက်ခံနေသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၉၀) တပ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်းတွင် မူဆယ်မြို့ရှိ တပ်ရင်းမှူး နှင့် အပြန်အလှန် နေရာလဲလှယ်ပြီး ပြန်လည် တာဝန်ကျလာသည့် တပ်ရင်းမှူး အသစ်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တပ်ရင်းမှူး အပြောင်းအလဲ လုပ်ပြီးနောက်ပိုင်းတွင် ကွတ်ခိုင် – မူဆယ် လမ်းပိုင်း တစ်လျှောက် စစ်ကောင်စီ တပ်ဖွဲ့၏ ငွေကြေးကောက်ယူ တောင်းခံမှုများလည်း တိုးလာကြောင်း သိရသည်။

ကိုဗစ် နောက်ဆက်တွဲ အပြင် စစ်အာဏာသိမ်းမှု နှင့် နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် ဒေသခံပြည်သူများက စားဝတ်နေရေး ခက်ခဲနေချိန်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ ငွေကြေးကောက်ယူ တောင်းခံနေခြင်း သည် ပြည်သူများကို ပိုပြီး ဒုက္ခရောက်စေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...