အင်းလေးဒေသ ပစ်ခတ်သံထွက်၊ စစ်ကောင်စီမှ လုံခြုံရေး အင်အားချထား

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဘုရားနီဘက်တွင် ပစ်ခတ်သံများ ထွက်ပေါ် လာပြီး စစ်ကောင်စီဘက်မှ လုံခြုံရေး အင်အား ချထားကြောင်း သတင်းသိရသည်။

ပေါင်းပိုင်း စစ်ဆေးရေးဂိတ်

ယနေ့ (မတ်လ ၇) ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် အင်းလေး ဒေသ ဘုရားနီ နှင့် သန်းထောင်ဘုရား အနောက်ဘက် တောင်ပေါ်တွင် သေနတ် ပစ်ခတ်သံ နှစ်ချက်နှင့် ပေါက်ကွဲသံ တစ်ချက် အသံ ကြားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်သံ နှင့် ပေါက်ကွဲမှုများ ထွက်ပေါ်လာပြီးသည့် နောက်တွင် စစ်ကောင်စီ တပ်ဖွဲ့အချို့က တောင်ပေါ်သို့ တက်သွားပြီး လုံခြုံရေး အင်အားချထားကြောင်း နှင့် ဒေသအတွင်း ဆိုင်များလည်း ပိတ်ထားရကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်အစောကြီး ပစ်ခတ်သံတွေ ကြားရတော့ လန့်ကြတာ ထင်တယ်၊ ဆိုင်တွေတောင် ပိတ်ထားတယ်၊ အဲ့ဒီနား တစ်ဝိုက်မှာ အရင်ကလည်း တိုက်ပွဲဖြစ်ခဲ့ဖူးတယ်လေ၊ အခုတော့ စစ်သားတွေ စောင့်နေကြတယ်၊ တချို့လည်း အရပ်ဝတ်နဲ့ ရွာတွေထဲ ကင်းထောက်လှည့်နေတယ်” ဟု အသက် ၃၀ ဝန်းကျင် အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အင်းလေးဒေသ ခေါင်တိုင်ရွာမှာလည်း လူငယ်များ အပြင်မထွက်ကြရန် နှင့် အပြင်ထွက်ပါက စစ်တပ်ထဲ ခေါ်ဆောင်သွားခြင်း ခံရမည် ဆိုသည့် ပြောဆို ခြိမ်းခြောက်မှုမျာလည်း ရှိနေကြောင်း သိရသည်။

“ခေါင်တိုင်မှာ လူငယ်တွေ အပြင်မထွက်ရဲကြဘူး၊ ဆိုင်တွေလည်း အကုန်လုံးနီးပါး ပိတ်ထားတယ်၊ ညောင်ရွှေက ရဲမှူးက အပြင်မထွက်ဖို့ ပြောလာလို့တဲ့” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နှောင်းပိုင်းကာလတွင် အင်းလေး ဒေသအတွင်း နေရာယူထားကြသည့် စစ်ကောင်စီ တပ်သားတို့သည် ဈေးဆိုင်များသို့ လှည့်လည်ကာ ဆက်ကြေးကောက်ယူမှုလည်း ရှိနေကြောင်းသိရသည်။

လက်ရှိတွင် အင်းလေးဒေသ အဝင်အထွက်များကို စစ်ကောင်စီတပ်ဖွဲ့မှ တင်းကြပ်စွာ စစ်ဆေးနေပြီး ပေါင်းပိုင်းဂိတ်၊ မှော်ဘီဂိတ်၊ အင်းတိန်ဂိတ် နှင့် ဘုရားနီ _ သန်းထောင်ကြားမှ စစ်ဆေးရေးတို့က စစ်သားများသည် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ကာယိအိန္ဒြေ ကျူးလွန်မှု မြှောက်သည့် စစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့ အချိန်ထိ နိုင်ငံ နှင့် တဝှမ်းလုံးရှိ စစ်ကောင်စီ တပ်သားများသည် အကြမ်းဖက် လုပ်ရပ်မှုများကြောင့် ပြည်သူများက အပြင်ထွက် သွားလာရေး နှင့် လုံခြုံရေးပိုင်းဆိုင်ရာများ အတွက် အထူးစိတ်ပူနေရကြသည်။

မိန်းကလေးတစ်ဦး၏ ကာယိအိန္ဒြေ ပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက် ပြုမှု များသည် ရဲအရေးပိုင်သော ပြစ်မှုဖြစ်ပြီး ပြစ်ဒဏ်သည် ထောင်ဒဏ် ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ် စလုံး ချမှတ်နိုင်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...