ရွာငံ နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ကောက်ပဲသီးနှံပျက်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြို့ကြီးကျေးရွာ အုပ်စု ဆည်ကျေးရွာတွင် နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ရေများဝင်ရောက်ကာ ကောက်ပဲသီးနှံများ ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဧပြီလ (၂၇)နှင့် (၂၈)ရက်နေ့တွင် ရွာငံမြို့နယ် အပါအဝင် သျှမ်းတောင် တွင်မိုးများ နှစ်ရက်ဆက်တိုက် ရွာသွန်းမှုကြောင့် တောင်ပေါ်မှ ရေများသည် ရွာငံမြို့နယ် အောက်ဘက် ဆည်ကျေးရွာအတွင်းသို့ စီးဆင်းမှုကြောင့် အဆိုပါကျေးရွာအတွင်း ရေများဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရေတွေက ရုတ်တရက်ကြီး ဝင်လာတာ တချို့နေရာဆို ခါးအထိရောက်တာ၊ စပါးတွေဆို မရွှေ့လိုက်ရတော့ အကုန်ရေစိုကုန်တယ်၊ တောင်ပေါ်ကနေ ရေက အလုံးရင်းကျလာတော့ တချို့ဆို ဘေးရွာမှာ ရွှေ့အိပ်ရတယ်၊ ဒါတောင် မိုးနှစ်ရက် ပဲ ရွာသေးတာ မိုးရာသီဆို မတွေးရဲဘူး။”ဟု ဆည်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ ရေများရုတ်တရက် မြင့်တက်လာသောကြောင့် သီးနှံမျိုးစေ့များ အပါဝင် ရာသီပေါ် သီးနှံစိုက်ခင်းများ ပျက်စီးကုန်ကြောင်းနှင့် ယနေ့အထိ ‌ရေအနည်းငယ်သာ ကျသေးကြောင်း သိရသည်။

ဆက်လက်ပြီး အောင်ပန်းမြို့တွင်လည်း ယမန်နေ့ ဧပြီလ(၂၈)ရက်နေ့တွင် မိုးသက်လေပြင်း ကျမှုကြောင့် ၁၀၈ တောင်ဘုရား ထီးတင်ပွဲအတွင်း မှဈေးဆိုင်များ အမိုးလန်ခြင်း ဆိုင်းဘုတ်များ ပြုတ်ကျခြင်း အပါဝင် မိုးကြိုးပစ်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့က ထီးတင်ပွဲမှာ ဈေးသွားရောင်းတာ မိုးတွေရွာ၊ လေတွေတိုက်တော့ အဆင်မပြေခဲ့ဘူး၊ ကြားထဲက မိုးကြိုးတွေပါ ပစ်တာ၊ တော်တော်အခြေနေဆိုးတယ်၊ ရာသီဥတုက ဖောက်လွဲဖောက်ပြန်နဲ့ နွေရာသီမှာတောင် မိုးကြိုးတွေ ပစ်နေတာ မိုးရာသီဆို မိုးများအုံးမယ် ထင်တယ်။”ဟု ဈေးသည် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အောင်ပန်းမြို့ ဘုရားပွဲမှ ဈေးသည်အချို့မှာ ရောင်းကုန်ပစ္စည်းများ ဆုံးရှုံးမှုများရှိကြောင်းနှင့် ဘုရားပွဲအတွင်း အိမ်ပြန်ခဲ့ရကြောင်း ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်ည ထိုင်း-မြန်မာနယ် တာချီလိတ်မြို့တွင်လည်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဓာတ်အားလိုင်းများ ပြတ်တောက်မှုဖြစ်ပွားခြင်း၊ ဘာသာရေးအဆောက်အအုံနှင့် အိမ်ခြေအချို့ ပျက်စီးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ေ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...