ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ

သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေသေးကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (မတ်လ ၁၆ ရက်) နံနက်အစောပိုင်း ၇ နာရီအချိန်မှစပြီး နမ့်နိန်းကျေးရွာ၏ အနောက်ဘက်ရှိ တောင်းကုန်းဒေသ တစ်ကြောတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား (၂၀၀) ကျော်ဖြင့် စစ်ကြောင်းထိုးလာစဉ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့ တို့နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ ကြောင်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRU ပြန်ကြားရေး ကိုလင်းလင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုတိုက်ပွဲအတွင်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် KNDF BO(11) ၊ PNDF (KK)၊ အလယ်ပိုင်းတိုင်း တပ်ရင်း (804)၊ တပ်ရင်း (805)၊တပ်ရင်း (1102)၊ စစ်တောင်းပြောက်ကျားအဖွဲ့တို့ ပူပေါင်းပါဝင်ပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

KRU

“ ဒီနေ့မနက် သူတို့စစ်ကြောင်းထိုးလာတဲ့အချိန် ကျနော်တို့က ပြန်ကာတဲ့အနေနဲ့ တိုက်ပွဲစဖြစ်ခဲ့တယ်။ သူတို့ စစ်ကြောင်းထိုးလာတာတော့ အင်အား (၂၀၀) လောက်ရှိတယ်။ သူတို့ရေဆင်းခပ်တဲ့ အချိန်မှာ ကျနော်တို့နဲ့ တိုက်ပွဲစဖြစ်တာ။ နံနက်အစောပိုင်းကနေ နေ့လည်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။ သူတို့ဖက်မှာ အကျဆုံး များတယ် “ ဟု ကိုလင်းလင်း က ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ တပ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ ကရင်နီ KRU (၂) ဦး၊ တပ်ရင်း (804) ၁ ဦး၊ တပ်ရင်း(805) ၁ ဦး နှင့် စစ်တောင်းပြောက်ကျား (၁) ဦး စုစုပေါင်း (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ထို့အပြင် တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၁၀ ခန့်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်သုံ့ပန်းသဖွယ် ပြုမှုနေကြောင်း တွေ့ရှိရသည်ဟု ၎င်းကဆက်ပြောသည်။


“ သူတို့ ဓားစာခံအနေနဲ့ ဖမ်းသွားတာ။ သူတို့ရေခပ်ဆင်းတာကအစ အဲ့ဒီဒေသခံတွေကို လိုက်ပြီး ပြခိုင်းနေတာ။ အရှေ့ကနေ သွားခိုင်းတာ တွေ့ရတယ်။ ၅ ယောက်ကနေ ၁၀ ယောက်လောက်ရှိတယ် “ ဟု ၎င်းက ဆိုသည်။

တိုက်ပွဲသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ) လပိုင်းမှစပြီး ယနေ့အထိ ဆက်လက်ဖြစ်ပွားနေလျက်ရှိပြီး ဒေသခံများအနဖြင့် တိုက်ပွဲနှင့်ဝေးသော နေရာဒေသများအား ပြောင်းရွှေ့နေထိုင်းပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ တိုက်တွန်းထားကြောင်း သိရသည်။

ပြီးခဲ့သည် (မတ်လ ၁၁) ရက် နမ့်နိန်းကျေးရွာ ဘုန်းကြီးအတွင်း ခိုလှုံနေသည့် သံဃာတော် (၃) ပါးအပါအဝင် ဒေသခံပြည်သူ ၂၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)ဘက်ကလည်း မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး KNDF ဘက်မှ ကျူးလွန်သည်ဟုလည်း စွပ်စွဲပြောဆိုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...