ကမ္ဘောဇတိုင်း အယ်ဒီတာချုပ် ရှောင်တိမ်းနေရင်း ဖမ်းခံရ
သျှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည့် ကိုကျော်ဇောကို ယနေ့(ဒီဇင်ဘာ ၂၅)ရက် နံနက်အစောပိုင်း ၃နာရီတွင် စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ကိုကျော်ဇောသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှောင်တိမ်းနေရပြီး ၎င်းရှောင်တိမ်းနေသည့် ပဲခူးတိုင်း အနောက်ပိုင်း ကြိုးပင်ကောက်မြို့နယ်ထဲရှိ ကျေးရွာတစ်ခုတွင် ယနေ့ (ဒီဇင်ဘာ ၂၅)ရက် နံနက်ပိုင်း ၃နာရီအချိန်၌...
အေးချမ်းတဲ့ ဒီဇင်ဘာရောက်ရောက်လာတိုင်းမှာ ခရစ္စမတ် သီချင်းသံတွေ က နေရာတိုင်းမှာ လွှမ်းမိုးလာပြီး လူသားတိုင်းရဲ့ စိတ်ကို အလိုအလျောက် ဝမ်းသာပျော်ရွှင်တဲ့ လဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၅ ရက် ဟာ ခရစ္စမတ်နေ့ ဖြစ်ပေမယ့် နိုင်ငံရေး အရှုပ်အထွေးတွေကြောင့် ဆီဆိုင် စစ်ရှောင်စခန်းသို့ ရောက်ရှိနေတဲ့ ကရင်နီ (ကယားပြည်)...
ပြည်တွင်း လူကုန်ကူးမှု ကြီးထွားလာတဲ့ “ဝ”ဒေသ
သေနတ်ကိုင်ဆောင်ထားပြီး ရဲဝတ်စုံအပြည့် ဝတ်ဆင်ထားတဲ့ အမျိုးသားတွေဟာ တိုက်ရှေ့ မှာ ၂၄ နာရီလုံး လုံခြုံရေးအပြည့်နဲ့ စောင့်ကြည့်နေပါတယ်။ အဲ့ဒီ နေရာကတော့ မြန်မာအလုပ်သမားတွေ အလုပ်လုပ်တဲ့ ၃ ထပ်တိုက် တစ်ခုဖြစ်ပြီး မြန်မာလုပ်သားတွေကို ထားတဲ့ အောက်ဆုံးထပ်မှာတော့ ပြတင်းပေါက်တိုင်းမှာ သံတိုင်တွေခတ်ထားကာ အလုပ်သမားတွေ ထွက်ပြေးမရအောင် တင်းတင်းကြပ်ကြပ်...
လားရှိုးမြို့နယ် အိမ်ထောင်စု စာရင်းဝင်ထဲ မရှိသူ စစ်တပ်က စစ်ဆေးတင်းကြပ်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အိမ်ထောင်စု စာရင်းထဲ မရှိသူများ မြို့နယ်မှူးထံသို့ အကြောင်းကြားရမည် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ဒီဇင်ဘာလ ၂၁ ရက် ညနေပိုင်းအချိန်က လားရှိုးမြို့ ရပ်ကွက် ၅ အတွင်းတွင် နေထိုင်သည့် ဒေသခံများ အိမ်ထောင်စုစာရင်း ဝင်ထားခြင်းရှိ၊ မရှိ စစ်ဆေးပြီး၊ အိမ်ထောင်စု...
ဒလန်ဆိုပြီး အပြန်အလှန်သတ်ဖြတ်နေတာ တော်လှန်ရေးရဲ့ အဖြေလား
ကြိမ်ထိုင်ခုံပေါ်မှာ အိပ်နေတဲ့သူကို အမျိုးသား တစ်ယောက်ရှိတဲ့နေရာကို လက်ထဲမှာ ပစ္စတိုသေနတ်နဲ့ လူငယ်တယောက်က လမ်းလျှောက်ဝင်လာပြီး ပစ်သတ်ခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ယက်ပေါ်မှာ ပြန့်ခဲ့ပါတယ်။ အဲ့ဗီဒီယိုဖိုင်ကို ရုတ်တရက် ကြားလိုက်တော့ အချင်းချင်း သဘောထားမတိုက်ဆိုင်၊ မကျေနပ်လို့ လာပစ်သတ်တာလို့ ထင်ရပေမဲ့ တကယ်တော့ ဒလန်ရှင်းလင်းရေး ခေါင်းစဉ်အောက်ကနေပြီးတော့ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတ်ဖြတ်ခံရတဲ့...
အိမ်ဆောက်ရန် ကျပ် ၂ သိန်း တောင်းယူခြင်းမရှိဟု ပင်လုံမြို့ အုပ်ချုပ်ရေးမှူးက တုံ့ပြန်ပြောဆို
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့အတွင်း အိမ်ဆောက်ရန်အတွက် ပိုက်ဆံ ၂ သိန်း ကောက်ယူ တောင်းခံခြင်းမရှိကြောင်း ပင်လုံမြို့ အုပ်ချုပ်ရေမှူး ဦးရာဇာအောင်က ယနေ့ (ဒီဇင်ဘာ ၂၂) ရက် နံနက်ပိုင်းတွင် သျှမ်းသံတော်ဆင့်ကို တုံ့ပြန်ပြောဆိုသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၁) ရက်တွင် သျှမ်းသံတော်ဆင့်မှ...
မှတ်ပုံတင်မရှိ၊ အလုပ်မလုပ်ရတဲ့ သျှမ်းတောင်စစ်ရှောင်တွေ
“မြို့ပေါ်မှာ အလုပ်သွားလုပ်ဖို့ ဘယ်လိုမှ မဆင်မပြေဘူးရှင့် ။ အခု မြို့ပေါ်မှာ အလုပ်လုပ်ဖို့ အတွက် မှတ်ပုံတင်လိုနေတယ်”လို့ ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိနေတဲ့ အသက် ၃၆ နှစ်အရွယ် မစနိုး က ပြောပါတယ်။ မစနိုး ဟာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ထီးလင်းမြို့နယ်ထဲက စစ်ကောင်စီ နဲ့...
လွိုင်လင်ခရိုင် အိမ်ဆောက်ရန် မြို့အုပ်ချုပ်ရေးမှူးထံ ပိုက်ဆံ နှစ်သိန်းပေးဆောင်ရ
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း နေထိုင်သည့် ပြည်သူများ အိမ်သစ်ဆောက်လိုပါက မြို့ အုပ်ချုပ်ရေးမှူးထံ ပိုက်ဆံ နှစ်သိန်း ပေးဆောင်ရကြောင်း သတင်း သိရသည်။ ယခင် အချိန်များတွင် လွိုင်လင်ခရိုင် ပြည်သူများအနေဖြင့် နေအိမ်ဆောက်လိုပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်များကို အကြောင်းကြားပြီး ခွင့်ပြုစာ တောင်းခံရသည့်အပြင် လက်ရှိတွင်...
တောင်ကြီးမြို့ပေါ်ရှိ လိုင်းကားဂိတ်များ ရွှေ့ပြောင်းရန် စစ်ကောင်စီမှ ထပ်မံဖိအားပေး
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ လိုင်းကားဂိတ်များ အေးသာယာ ကားလေးကွင်း နှင့် တောင်ကြီး - ဟိုပုံး ပြည်ထောင်စု လမ်းမဘေးရှိ TBC ကားဂိတ်သို့ အပြီးရွှေ့ပြောင်းပေးရန် စစ်ကောင်စီမှ ထပ်မံဖိအားပေး နေကြောင်း စုံစမ်း သိရှိရသည်။ ဒီဇင်ဘာ (၁၇) ရက်နေ့မှာ မြို့ပေါ်ရှိ လိုင်းကားဂိတ်များကို တောင်ကြီး...
စစ်ကောင်စီ ဖိအားပေးမှုကြောင့် ကျောက်မဲစစ်ရှောင်များ မြို့ပေါ်သို့ အိမ်ငှားနေထိုင်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းအတွင်းရှိ စစ်ဘေးရှောင်များ စစ်ကောင်စီမှ နေရပ်ပြန်ရန် ထပ်မံဖိအားပေးပြီးနောက် စစ်ရှောင်များသည် မြို့ပေါ်သို့ အိမ်ငှားနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၅ ) ရက်တွင် စစ်ကောင်စီ လက်အောက်ခံ မြို့နယ် ရဲမှူး၊ ဦးစီးမှူး နှင့်...





