စစ်ကောင်စီ နိုင်ငံကူးလက်မှတ် ဂယက်ကြား ပြည်သူ ပြာများနေ

စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည်ရဲ့ နိုင်ငံရေး ရှုပ်ထွေးမှုတွေ တရိပ်ရိပ် ဆိုးရွားလာပြီး၊ စီးပွားရေးကလည်း ကျဆင်းလာတဲ့အတွက် ပြည်သူတွေဟာ နိုင်ငံခြားထွက်ခွာပြီး အလုပ်ရှာဖွေမှုတွေ များလာပါတယ်။

နိုင်ငံကူးလက်မှတ်ရုံး

ဒါ့ကြောင့် စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ ပတ်စပိုစ့်ရုံး (နိုင်ငံကူးလက်မှတ်) ထုတ်ပေးတဲ့နေရာမှာ ပတ်စပိုစ့် ရဖို့အတွက် လူတွေဟာ တိုးဝှေ့ပြီး တန်းစီစောင့်ဆိုင်းနေကြပါတယ်။

အဲ့ဒီနောက်မှာ စစ်ကောင်စီဟာ စက္ကူမလုံလောက်မှု အကြောင်းပြပြီး နိုင်ငံကူး လက်မှတ်ထုတ်ဝေပေးမှုကို ရပ်ဆိုင်းလာခဲ့တာ ၂ လ နီးပါးရှိလာခဲ့ပါပြီ။

နိုင်ငံကူး လက်မှတ်ထုတ်ဝေပေးမှု ပိတ်ဆိုင်းထားတဲ့ကြားထဲမှာ MOU စနစ် အလုပ်သမားတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးစဉ်သွားမယ့်သူအတွက်ကိုတော့ စစ်ကောင်စီ မှ စာအုပ်ထုတ်ပေးခဲ့ပါတယ်။

ဒီချိန်မှာ ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးသွားချင်သူများကို စစ်ကောင်စီမှ နိုင်ငံကူးလက်မှတ် PV အမျိုးအစား စာအုပ်ကို ထုတ်ပေးနေတယ်လို့ တောင်ကြီးဒေသခံ ပတ်စ်ပိုစ့် ပွဲစား ကျော်အောင် (အမည်လွှဲ) က ပြောပါတယ်။

Photo by Nilar /Facebook

“ ကုမ္ပဏီ ချိတ်ပြီးတော့ တကယ်သွားမယ် သေချာပြီဆိုမှ လုပ်ပေးတာ။ မှတ်ပုံတင် နဲ့ အိမ်ထောင်စုဇယား မိတ္တူဘဲလိုတယ်။ ၃ ရက် ခရီးစဉ်သွားမယ်ဆိုရင် ပတ်စပိုစ့်ခ နဲ့ အသွားအပြန် အကုန်လုံး ပြီးစီး ၂၅ သိန်းပေးရတယ်။ ၁၅ ရက် ခရီးစဉ်သွား မယ်ဆိုရင်တော့ ၃၅ သိန်းပေးရမယ်။ သက်တမ်းက ၅ နှစ်စာရှိတယ် “ ဟု ကျော်အောင်က ပြောပါတယ်။

အဲ့ဒီ နိုင်ငံကူးလက်မှတ် PV လုပ်ဆောင်ဖို့ရန်အတွက် ၂၁ ရက်အလိုတွင် ကြိုလျှောက်ထားရမည်ဖြစ်ပြီး ဝန်ကြီးဌာန အဆင့်ဆင့် စာတင်ထားပြီး ခွင့်ပြုမိန့် ကျလာသည့်ရက်မှ ရုံးသို့ လာရောက် လုပ်ဆောင် ရကြောင်း ကျော်အောင်က ရှင်းပြပါတယ်။


“ ပတ်စပိုစ့်က သပ်သပ် မလုပ်ပေးဘူးဗျ။ ဗုဒ္ဓဂါယာ သွားမယ့်သူကိုဘဲ လုပ်ပေးတာပါ။ ပတ်စပိုစ့် လုပ်ပြီး ခရီးစဉ် မလိုက်လို့လည်း မရဘူး။ သူက ပြန်လာရင် လဝက ရုံးကို အဝင်၊ အထွက် တုံးပြန်တင်ပြရတယ်။ နောက်နှစ်လည်း ဒီ ပတ်စပိုစ့် နဲ့ နိုင်ငံခြားထွက်လို့ရတယ် “ လို့ ကျော်အောင်က ဆိုပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံး

ဗုဒ္ဓဂါယာ ခရီးစဉ်ကို လေကြောင်း နှစ်ခုမှ တစ်ပတ်လျှင် ငါးကြိမ် ပျံသန်းပေးနေပြီး တစ်ကြိမ်လျှင် ခရီးသည် ၁၀၀ ကျော် လိုက်ပါမှုရှိကြောင်း ယခု ဖေဖော်ဝါရီလအတွင်းမှ စစ်ကောင်စီက မြဝတီ သတင်းစာတွင် ထုတ်ပြန်ထားပါတယ်။

အလားတူ ပြည်ပထွက် အလုပ် လုပ်ကိုင်ချင်သော အသက် ၂၀ နှစ် မဆုရတီ တစ်ဦးက “ အခု ပတ်စပိုစ့် ရုံးပိတ်သွားတော့ တချို့ပိုက်ဆံအကြွေးတွေနဲ့ ယူထားရင် ပြန်ဆပ်နေရတာပေါ့။ တချို့လည်း ပွဲစားဆီမှာ ပိုက်ဆံ ခံနေတယ်။ အခုပွဲစားတွေလည်း ဘာမှမလုပ်ပေးတတ်တော့ဘူး၊ အကုန်လုံး ဒုက္ခ ရောက်နေတယ် “ လို့ နန်းဆုရတီ က ညည်းထွားပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှစပြီး မဆုရတီ တယောက်ဟာ ပတ်စပိုစ့် PV အမျိုးအစားကို လုပ်ဆောင်လာခဲ့ရာ ၂ လကျော် ကြာရှိပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ စာအုပ်ထုတ်မရသေးပါဘူး။

နိုင်ငံကူးလက်မှတ်

“ ကျမက ကိုယ်တိုင်သွားလုပ်ရတယ်ဆိုတော့ ပိုက်ဆံ သိပ်မကုန်ဘူး။ ဘဏ်ကို ကျပ် (၅) သောင်းခွဲ သွင်းတာတစ်ခုဘဲ ကုန်တယ်။ တချို့ပွဲစားမှာ လုပ်တဲ့သူတွေက ကျပ် (၃) သိန်းကနေ (၅)သိန်းအထိ ပေးရတယ်လေ။ အခု ရုံးပိတ်ထားတော့ ပွဲစားနားမှာ ပိုက်ဆံကျန်တယ်၊ တချို့လည်း ပိုက်ဆံအလိမ်ခံ လိုက်ရတယ် “ လို့ မဆုရတီက ပြောပါတယ်။

ဒ့ါအပြင် ဗုဒ္ဓဂါယာ ဘုးရားဖူးခရီးစဉ်အတွက်ကို စစ်ကောင်စီမှ လိုလိုလားလား နိုင်ငံကူးလက်မှတ် ထုတ်ပေးရာမှာလည်း ဗုဒ္ဓဘာသာဝင်တစ်ခုထဲသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ပါတယ်။

“ ဗုဒ္ဓဘာသာတွေဘဲ နိုင်ငံခြား ထွက်ရပြီးတော့ ကျန်တာက လူမဟုတ်တော့တဲ့ အတိုင်းဘဲ ဘာအခွင့်အရေးမှ မရှိတော့ဘူး “ လို့ အသက် ၂၄ နှစ် ခရစ်ယာန် ဘာသာဝင် ဇင်မင်း (အမည်လွှဲ) ကပြောပါတယ်။

“ မျောက်ပြဆန်တောင်းတာပေါ့။ သူတို့က အစတည်းက အရာရာ ခွဲဖြဲနေတာပဲကို ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ မဆန်းပါဘူး။ အရင်ခေတ်က ဈေးဝယ်သလိုပေါ့ ဆပ်ပြာဝယ်ချင်ရင် အပ်ချည်နဲ့ တွဲယူရတယ်ဆိုတာမျိုး “ လို့ ခရစ်ယာန် ဘာသာဝင် ဇင်မင်းက ပြောပါတယ်။


အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံမှာ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းနေကြောင်း နှင့် တိုင်းရင်းသား တန်းတူညီမျှမှု၊ ပူးတွဲယှဥ်တွဲ နေထိုင်ရေး၊ ဘာသာရေး မခွဲခြားမှု စသည့်ဖြင့် အကောင်းသတင်းကို မြန်မာ့အလင်း သတင်းစာမှတစ်ဆင့် ဝါဒဖြန့်နေတတ်ပါတယ်။

သို့ရာတွင် ဗုဒ္ဓဂါယာ ဘုရားဖူးခရီးကို ဗုဒ္ဓဘာသာဝင်မှအပ ကျန်သည့် ဘာသာဝင်များ လိုက်ပါခြင်း မပြုကြောင်း ဒါသည် လူမျိုးရေး၊ ဘာသာရေး ခွဲခြားတင်မက လူမျိုးအချင်းချင်း စစ်မဖြစ် ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ဇင်မင်းက ဆက်ပြောပါတယ်။

“ စစ်ကောင်စီက ပြည်တွင်းစစ်ကို အစကတည်းက လူမျိုးရေး၊ ဘာသာရေး နဲ့ စစ်မဖြစ် ဖြစ်အောင် လုပ်နေတာဘဲ။ ဒီလိုဘာသာရေး ခွဲခြားနိုင်မှ သူတို့က ပိုကြိုက်တာ။ လူမျိုးရေး၊ ဘာသာရေး ခွဲခြားနိုင်လေလေ သူတို့တွက် အခွင့်သာလေလေဘဲ “ လို့ ဇင်းမင်းက ထပ်လောင်းပြောပါတယ်။

ဒ့ါပေမယ့် နိုင်ငံကူး လက်မှတ်ထုတ်ပေးရန်အတွက် ဖေဖော်ဝါရီ (၂၄)ရက်နေ့မှာ ပြန်ပြီး ဖွင့်လှစ်ပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးဟာ ၂ လ နီးပါးကြာ ပိတ်ထားသည့်အတွက် အမှန်တကယ် ပြန်လည်ဖွင့်လှစ်လာလျှင် လျှောက်ထားသူတွေဟာ အရင်ကထက် ပိုမိုခက်ခဲလာနိုင်ကြောင်း ပတ်စပိုစ့်လုပ်ပေးသူတွေက ပြောဆိုလိုက်ပါတယ်။

“လျှောက်ဖို့က နည်းနည်း ခက်ခဲဖို့ရှိတယ်။ ဘာလို့လဲဆိုတော့ ၂ လလောက် ပိတ်ထားပြီး အလုပ်သမားတွေ များတော့ လုပြီးဝင်မယ့် သဘောတော့ရှိတယ်။ စာအုပ်အဟောင်းရှိတဲ့သူ၊ စာအုပ်အသစ် လုပ်ချင်တဲ့သူတွေ အကုန်ပြန်လုပ်ပေးမယ်လို့တော့ ကြားထားပါတယ်” လို့ တောင်ကြီးမြို့မှ ပတ်စပိုစ့်လုပ်ပေးသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပနိုင်ငံများသို့ လူငယ်များ ထွက်ခွာနေမှု များပြားနေသဖြင့် တင်းကြပ် ကြပ်မတ်ရန် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး နှင့် တရားဉပဒေ စိုးမိုးရေးကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် ညွှန်ကြားခဲ့ပြီးနောက် နိုင်ငံကူး လက်မှတ်ထုတ်ပေးမှုကို ရပ်ဆိုင်းသွားခြင်း ဖြစ်ပါတယ်။


လူငယ်များသည် ဆက်တိုက် ပြည်ပသို့ ဆက်တိုက်ထွက်ခွာနေမှုကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ်စေရေးအတွက် ပြည်ပထွက်ခွာမှုများ နှင့် ပတ်သက်၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်ဟု သိရပါတယ်။

တိုင်းပြည် မတည်ငြိမ်ခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒများ ပြောင်းလဲခြင်းတို့ကြောင့် မြန်မာပြည် စီးပွားရေးသည် ကြီးမားစွာ ထိခိုက်ခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ စီးပွားရေး၊ ဘတ်ဂျက်များ လိုလားမှုကြောင့် ဘုရားဖူး ခရီးစဉ်ကိုတဖက်လှည့် ဖွင့်လှစ်လိုက်ရာမှ လက်ရှိတော့ နိုင်ငံကူးလက်မှတ်ကို ပုံမှန်အတိုင်း ပြန်ထုတ်ပေးမယ်ဆိုပြီး ထပ်လာပါတယ်။

“ ဘုရားဖူးခရီးစဉ် သွားဖို့ ပတ်စပိုစ့် လိုတယ်။ ပတ်စပိုစ့် လုပ်ပေးတဲ့ အေဂျင်စီ ကလည်း စစ်ကောင်စီကို ပိုက်ဆံပေးရတာပဲ။ တစ်ကြိမ်သွားရင် လူကအယောက် ၁၀၀ ရှိရင် စစ်ကောင်စီက သူတို့ ဘယ်လောက်တောင် ရမလဲ စဉ်းစားကြည့်။ သူတို့ ဘတ်ဂျက် လိုတော့ ပိုက်ဆံများများပေးရင် ဘာမဆို လုပ်ပေးတယ်။ အခုလည်း သူတို့ ဘတ်ဂျက်တွေထိလာတော့ ပတ်စပိုစ့် ရုံးပြန်ဖွင့်မယ်ဖြစ်လာတယ် “ လို့ စိုင်းကျော်မွန်းက ပြောပါတယ်။

“ သူတို့ဖက်က ပိုက်ဆံ၊ အာဏာ ပါဝါတွေရှိတော့ လုပ်ချင်ရာ လုပ်နေတယ်။ မကောင်းတာ အကုန် သူတို့လုပ်တယ်။ တကယ်လို့ ခရစ်ယာန်ဘာသာ၊ တခြားဘာသာတွေက ပိုက်ဆံရှိလို့ဘဲ ထားပါတော့ သူတို့ ဗုဒ္ဓဂါယာဘုရားဖူးနဲ့ ပတ်စပိုစ့် လုပ်တယ်၊ သွားချင်တယ်ဆိုတောင်မှ အခွင့်အရေးမရှိဘူး။ လူအချင်းချင်းကို ခွဲခြားဆက်ဆံနေတယ်လို့ဘဲ မြင်တယ် “ လို့ ၎င်းက ပြောပါတယ်။

စစ်အာဏာရှင်တက်လာပြီး နိုင်ငံကူးလက်မှတ် မူဝါဒဟာ မျိုးစုံပြောင်းလဲမှုတွေကြောင့် မြန်မာပြည်သူတွေဟာ ထိုင်းနိုင်ငံကို တရားမဝင် မြန်မာတွေက နေ့စဉ် ဝင်ရောက်လာနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း တစ်နှစ်လုံး အတိုင်းအတာ နဲ့ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား ဦးရေပေါင်းဟာ ၄၀,၀၀၀ ကျော်လောက်ရှိနေတယ်လို့ အလုပ်သမားအရေး ဆောက်ရွက်နေသူမှ VOA သတင်းဌာန မေးမြန်းချက်မှာ သိရပါတယ်။

“ ဒီလိုတွေ ဆက်ဖြစ်လာမယ်ဆိုရင်တော့ အရင် နှစ် (၇၀) လောက်တုန်းကလို သူတို့ ကြိုးဆွဲရာ ပြည်သူတွေ ထပ်ကကြရတယ်။ အဲ့ထက်တောင် အခြေအနေ ပိုဆိုးသွားအုံးမယ် “ လို့ ဇင်းမင်းက ဆိုပြန်ပါတယ်။

စစ်ကောင်စီက နိုင်ငံကူးလက်မှတ်ကို ပြန်ထုတ်ပေးမယ်လို့ ကြေညာထားပေမယ့် သေချာယုံကြည်လို့မရကြောင့်၊ ဖွင့်ပြီး ပြန်ပိတ်သွားနိုင်တဲ့ အခြေအနေလည်းရှိကြောင်း ပတ်စပိုစ့် ပြုလုပ်ပေးသူများက ဆိုကြပါတယ်။

“ အခုက အရူးလိုပဲ။ စကစပေါ် မူတည်တယ်။ ပေါ်လစီကလည်း ပြောင်းမှပြောင်း၊ ဒီနေ့ဖွင့် နောက်နေ့ ပိတ်လည်း သူတို့ ပေါ်မူတည်တယ်။ ဘာမှမသေချာတဲ့ မြန်မာပြည်ကြီး” လို့ တောင်ကြီးလူငယ်တစ်ဦးက ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...