အရပ်သား ပြည်သူကို SSPP ဟု စွပ်စွဲပစ်သတ်သည့် စစ်ကောင်စီသည် ရန်လိုနေသည်ဟု SSPP ပြော

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်မှ အရပ်သား ပြည်သူများကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ တပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ ပစ်သတ်သည့် စစ်ကောင်စီ တပ်ဖွဲ့သည် ရန်လိုနေသည်ဟု SSPP/SSA က ပြောသည်။

စစ်ကောင်စီ စွပ်စွဲသည့် နေအိမ်မှ တွေ့ရသည့် လက်နက်များ

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၄ နာရီ ဝန်းကျင်တွင် တန့်ယန်းမြိုန့ယ် မိုင်းပတ်ကျေးရွာအုပ်စု မန်လွယ်ကျေးရွာမှ လုံးအုံတို့၏ နေအိမ်ကို SSPP နှင့် ပတ်သက်သည် ဆိုသည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီမှ စစ်အင်အားသုံး ပိတ်ဆို့ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့မှုကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ SSPP/SSA ပြောရေးဆိုခွင့် ဒု – ဗိုလ်မှူးကြီး စိုင်းဆုက ပြောဆိုခြင်းဖြစ်သည်။

“ကျနော်တို့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်ထားပြီးဖြစ်တယ်။ SSPP ရယ် ဆိုပြီးတော့ အရပ်သားကို အခုလို ပစ်ခတ်တာမျိုးတော့ ကျနော်တို့ လက်မခံပါဘူး။ အခု သားအဖ သုံးယောက်လုံး သေဆုံး သွားရတယ်။ တော်တော်ရက်စက်တယ်လို့ ပြောရမယ်။ ဒါက SSPP ကို ရန်လိုမှုဖြစ်တယ်လို့ မြင်တယ်” ဟု ဒု – ဗိုလ်မှူးကြီး စိုင်းဆုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရပ်ရွာထဲ ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်မှု လုပ်သည့် စစ်ကောင်စီ တပ်ဖွဲ့သည် မိုင်းပတ်အခြေစိုက် ခြေလျင်တပ်ရင်း ၁၃၆ မှ ဖြစ်ကြပြီး စစ်ကား လေးစီးဖြင့် ရောက်လာကာ အိမ်ကို ဝိုင်းဝန်းပိတ်ဆို့ပြီး ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

စစ်ကောင်စီ စွပ်စွဲသည့် နေအိမ်မှ တွေ့ရသည့် လက်နက်များ

စစ်ကောင်စီတို့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားရသည့် သားအဖ သုံးဦးသည် ဒေသအတွင်း တော လိုက် သူများ ကိုင်ဆောင်သည့် လေသေနတ်၊ တူမီးသေနတ် နှင့် တခြား ရှေးခတ် အရပ်သားသုံး သေနတ်များကို ပြုပြင်ပေးသူ ဖြစ်ပြီး တခြား သံထည်လုပ်ငန်းကို လုပ်ကိုင်သူ ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတို့၏ စွပ်စွဲချက်အတိုင်း ပစ်ခတ်ခံရပြီး သေဆုံးရသည့် သားအဖ သုံးဦးသည် SSPP/SSA နှင့် ပတ်သက်မှု မရှိသည့်အကြောင်းလည်း ဒု – ဗိုလ်မှူးကြီး စိုင်းဆု က ဆက်ပြောသည်။

“တတ်တဲ့ ပညာတွေနဲ့ သေနတ်ကို ပြုပြင်ပေးရင်း ဝမ်းစာရှာဖွေနေတဲ့ အရပ်သား ပြည်သူတွေပါပဲ၊ SSPP/SSA နဲ့ မပတ်သက်ပါဘူး၊ ဒေသထဲက SSPP/SSA တပ်သားတွေကိုင်တဲ့ သေနတ်ကို အနည်းအကျဥ်းလောက် ပြင်ပေးဖူးရင် ဖြစ်ကောင်းဖြစ်နိုင်မယ်၊ ဒါပေမယ့် ကျနော်တို့မှာ သေနတ်ပြင်တဲ့ ဌာနလည်းရှိပြီးသားပဲ၊ SSPP နာမည်နဲ့ အရပ်သား ကို စစ်ကောင်စီက ပစ်သတ်တာ” ဟု ဒု – ဗိုလ်မှူးကြီး စိုင်းဆုက ဆိုသည်။

စစ်ကောင်စီတို့၏ ပစ်ခတ်မှုကြောင့် သေဆုံးရသူများသည် အိမ်ရှင် လုံးစိုင်းအုံ ၊ သားအကြီးဖြစ်သူ စိုင်းဝမ်း နှင့် သားအငယ် စိုင်းထွန်းကျော်တို့ ဖြစ်ကြကြောင်း သိရသည်။

နေအိမ်ကို ဝင်ရောက်ရှာဖွေထားသည့်ပုံ

အဆိုပါ ပစ်ခတ်ခံရသည့် လုံးစိုင်းအုံတို့ မိသားစုကို စစ်ကောင်စီ တပ်သားတို့က သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“ဒီအိမ်ကလား SSPP/SSA ရဲ့ လူဆိုတာ ဆိုပြီး အော်သံတွေ စကြားရတယ်၊ ပြီးတော့ စစ်သားဘက်က သေနတ် သံတွေ ထွက်လာတော့တာပဲ၊ အလောင်းကို သူတို့ကားပေါ်ဆွဲတင်ပြီး သယ်သွားတယ်၊ ဘယ်မှာ ထားသလဲတော့ မသေချာဘူး။ အိမ်ထဲက ပစ္စည်းတွေ ငွေတွေ ကိုလည်း သူတို့က မွှေနှောက်ယူသွားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အချိန်သည် စစ်အုပ်ချုပ်ချိန် ဖြစ်နေသည့်အတွက် ဥပဒေ စိုးမိုးမှုလည်း ကင်းမဲ့နေရာ အရပ်သား ပြည်သူများ အနေဖြင့် လိမ္မာပါးနပ်စွာဖြင့် အန္တရာယ်ကို ရှောင်သင့်ကြောင်းလည်း ဒု – ဗိုလ်မှူကြီး စိုင်းဆုက ပြောဆို သတိ ပေးထားသည်။

ထို့အပြင် SSPP/SSA အမည်ဖြင့် ရန်လိုခြင်း စွပ်စွဲခြင်း နှင့် တိုက်ခိုက်ခြင်းများ ထပ်မံပြုလုပ်ပါက စစ်ကောင်စီ အနေဖြင့် တာဝန်ယူ ဖြေရှင်းပေးရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့၏ အကြမ်းဖက် လုပ်ရပ်ကြောင့် လက်ရှိအချိန်တွင် ဒေသခံ ပြည်သူများလည်း ထိတ်လန့် ကြောက်ရွံ့နေကြကြောင်းလည်း သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် တစ်နှစ်အပစ်ရပ် ကြေညာထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များ၏ ဌာန ချုပ်/ တပ်ရင်းနေရာများကို မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေသည့်အပြင် ယခုလို ရပ်ရွာထဲ ပစ်ခတ်မှုတွေလည်း ပြုလုပ်နေသည်။

စစ်ကောင်စီ၏ အပစ်ရပ် ကြေညာချက်သည် ဟာသတစ်ခုသာ ဖြစ်နေကြောင်းလည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တချို့က ပြောဆို သုံးသပ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး

0
 သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း)ပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန့်ယန်းမြို့ ၊ ရပ်ကွက် (၆) နယ်မြေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...