လားရှိုးမြို့တွင်း လက်နက်ကြီး ပစ်ခတ်မှု ဆက်ရှိနေဆဲ
သျှမ်းပြည်အတွင်း ဖြစ်ပွားနေကြသည့် ၁၀၂၇ စစ်ဆင်ရေး နှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တို့ အကြား တိုက်ပွဲကို ယာယီရပ်ထားကြောင်း ထုတ်ပြန်ပြောဆိုထားသော်လည်း လားရှိုးမြို့နယ်အတွင်းလက်နက်ကြီး ပစ်ခတ်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဘက်သည် လက်နက်ကြီးဖြင့်တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း လားရှိုးမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ယာယီ အပစ်ရပ်တာလည်း ကြေညာထားတယ်၊ လက်နက်ကြီးကလည်း ပစ်နေသေးတယ်ဆိုတော့ လန့်တာ ပေါ့။ ပစ်တာက သူတို့တပ်ကနေ လက်နက်ကြီးနဲ့ ပစ်တာ၊ နားကွမ်းကျေးရွာဘက်ကို ပစ်တာ။ အကွာအဝေး ဆိုရင် ၁၀ မိုင်ဝန်းကျင်လောက်ပေါ့” ဟုလားရှိုးမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်သည့် နားကွမ်းကျေးရွာ နှင့် အနီးတစ်ဝိုက်၌ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ သွားလှုပ်ရှား နေကြောင်းလည်း စုံစမ်း သိရသည်။ ယင်းကဲ့သို့ ယာယီ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာပြီးသည့်နောက် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တစ်ဖက်သတ်ပစ်ခတ်မှုသည် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ရသည့် အကြောင်း လားရှိုးမြို့ခံ အမျိုးသား က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ “တိုက်ပွဲငြိမ်နေတာက တစ်ပတ်လောက်ရှိပြီ။ အပစ်ရပ်မကြေညာခင် တစ်ရက် နှစ်ရက်က တိုက်ပွဲ ငြိမ်တာ ၊ စစ်ရေး တင်းမာမှုတော့ရှိတာပေါ့။ ဒါကတော့ စစ်ရေးပဲလေ။ အဲ့ဒါကို ဒီစစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးနဲ့ ထပ်ပစ်တော့ မဟာမိတ်တပ်ဖွဲ့ က ပြန်ပစ်လိုက်ရန် တိုက်ပွဲ ထပ်ဖြစ်ပြီလေ။ တိုက်ပွဲကို မဖြစ်စေချင်တော့ပါဘူး။ ရှောင်နေရတဲ့သူတွေလည်း ဒုက္ခရောက်။ အိမ်တွေလည်းပျက်စီးကုန်တာ များပြီ” ဟု လားရှိုးမြို့ခံ အမျိုးသားက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီလ ၁၀/၁၁ ရက်တို့တွင် ကူမင်းမြို့၌တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲရန် “ဟိုင်ဂင် သဘောတူညီမှု”ကို ရရှိခဲ့သည် သိရသည်။ အဆိုပါ “ဟိုင်ဂင် သဘောတူညီမှု”တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သျှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက် မှလည်း သျှမ်းမြောက်ဒေသရှိ ညီနောင်မဟာမိတ် ထိန်းချုပ်၊ သိမ်းပိုက်ထားသော နေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်။ နှစ်ဖက် တပ်ဖွဲ့ ယာယီအပစ်ရပ်စဲရေးကာလဖြစ်သည့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ် ခမရ-၅၀၁/၅၀၂ နှင့် မဟာမိတ်ပူးပေါင်းတပ် အဖွဲ့ဝင် တအာင်း (ပလောင်)တပ်ဖွဲ့ (TNLA) တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းလည်း စုံစမ်း သိရသည်။
မူဆယ်လဝက မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ်ကို ဈေးအဆမတန်တောင်း၊ ခိုးကြောင်ခိုးဝှက် လုပ်ပေးနေ
သျှမ်းပြည် မူဆယ်ခရိုင်အတွင်းရှိ ဒေသခံများကို လူဝင်မှု ကြီးကြပ်ရေး (လဝက) အရာရှိ မြန်မာ-တရုတ်နယ်စပ် သွားလာခွင့်လက်မှတ် ပြုလုပ်ရန် ဈေးအဆမတန်တောင်းပြီး ခိုးကြောင်ခိုးဝှက် ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၂ ရက်တွင် မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်တွင် လဝက အရာရှိများက နယ်စပ်သွားလာခွင့်လက်မှတ် စာအုပ်များမကျန်ရှိတော့ဟု အကြောင်းပြကာ...
ပြင်ဦးလွင်မြို့နယ် ရပ်ရွာလုံခြုံရေးအကြောင်ပြပြီး စစ်ကောင်စီမှ စစ်သင်တန်းခေါ်ယူနေ
ပြင်ဦးလွင်မြို့နယ် ကျေးရွာများမှ ဒေသခံများကို ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီနှင့် အုပ်ချုပ်ရေးမှူးက ခေါ်ယူကာ စစ်သင်တန်းပေးနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၄ ရက်)တွင် ပြင်ဦးလွင်မြို့နယ် အင်းပုတ်ကျေးရွာနေ ဒေသခံများကို မဖြစ်မနေ ရပ်ရွာလုံခြုံရေး စစ်သင်တန်းတက်ရမည်ဟုဆိုပြီး စစ်ကောင်စီနှင့် အုပ်ချုပ်ရေးမှူးက ဖိအားပေးခေါ် ယူခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
ရွာငံတွင် ပွဲစားများ ဈေးနှိမ်လို့ ကော်ဖီစိုက်တောင်သူများ အရှုံးဖြင့်ရောင်းနေရ
SHAN -
သျှမ်းပြည် ရွာငံမြို့နယ်တွင် တဆင့်ခံ ပွဲစားများက နိုင်ငံရေးမကောင်းမှုကို အခွင့်ကောင်းယူပြီး စျေးနှိမ်ကာ ကော်ဖီစိုက်တောင်သူများဝယ်ယူနေကြောင်း စုံစမ်းသိရှိရပါသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ်တွင် ယခုအချိန်အခါသည် ကော်ဖီအမှည့်သီးများ ထွက်သည့် ရာသီဖြစ်သည်။ ကော်ဖီစိုက်တောင်သူများသည် ကော်ဖီစက်ရုံများနှင့် တိုက်ရိုက်အဆက်သွယ်မရှိကြသကဲ့သို့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ကော်ဖီစက်ရုံအထိ သွားရောက် မရောင်းနိုင်ဘဲ ပွဲစားများမှ တဆင့်ခံ ရောင်းရသည့်အတွက်...
“လုံခြုံရေးအရ မြို့ကိုစွန့်ခွာ စေချင်တယ်”
ကရင်နီ(ကယား) ပြည်နယ်တွင် နိုဝင်ဘာလ(၁၁)ရက်နေ့မှ စတင်ဆင်နွှဲခဲ့သော “၁၁.၁၁ စစ်ဆင်ရေး”သည် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ မြို့ပြတော်လှန်ရေးတပ်ဦး(URF)၊ အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲ နှင့် ကယား(ကရင်နီ)စစ်ဒေသခွဲ PDF တပ်ရင်းများ အားလုံးပူးပေါင်း၍ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်...
စစ်ပွဲကြားက တရုတ်၏ နယ်စပ်ကုန်သွယ်ရေး အိပ်မက် အလုပ်ဖြစ်နိုင်လား
SHAN -
“စစ်ပွဲ ယာယီ ရပ်စဲရေး” လက်မှတ်ထိုးခဲ့ပြီ ဖြစ်သည်။ သို့သော် မြေပြင်တွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ရာ စစ်ပွဲ ယာယီ ရပ်တန့်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်စလိုသည့် တရုတ်၏ အိပ်မက် လက်တွေ့ကျ မကျမှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာသည်။ သျှမ်းမြောက် စစ်ပွဲများ အရှိန်ပြင်းထန်နေပြီး...
မိုးမိတ် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ် လင်မယား ၂ ဦး ပွဲချင်းပြီးသေဆုံး
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အမျိုးသမီး အပါအဝင် လင်မယား ၂ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၂ ရက်) ညနေ ၃ နာရီခွဲခန့်က မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ အုန်းကြောရွာသစ်ဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ...
နောင်ချို စစ်ကောင်စီ လေကြောင်းဗုံးကြဲ အမျိုးသမီးနှင့် ကလေး အပါအဝင် ၃ ဦးသေဆုံး
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် တိုက်ပွဲတစုံတရာ...
မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း ထပ်မံနင်းမိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ခူးဝိန်းနယ်မြေ၊ စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ ( ဇန်နဝါရီလ ၁၁) ရက် နေ့လည် ၂ နာရီခွဲကျော်တွင် အမျိုးသားတစ်ဦး ထင်းသွားရှာနေ့စဉ် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက် ပြတ်သွားကြောင်း မူဆယ်ဒေသခံများက သျှမ်းသံတော်ဆင့်ကို...
လားရှိုး-နမ္မတူလမ်း နားကွမ်းလုံရွာမှ တံတားတစ်စင်း ထပ်မံဖောက်ခွဲခံရ
သျှမ်းမြောက် လားရှိုး-နမ္မတူလမ်းကြားရှိ လားရှိုးမြို့နယ် နားကွမ်းလုံရွာမှ တံတားတစ်စင်း ထပ်မံဖောက်ခွဲခံလိုက်ရသဖြင့် ဒေသခံများ ဖြတ်သန်းသွားလာရန် ခက်ခဲသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) ညပိုင်းတွင် လားရှိုး-နမ္မတူလမ်းကြားရှိ လားရှိုးမြို့နယ် နားကွမ်းလုံရွာမှ တံတားတစ်စင်းကို လက်နက်ကိုင်တစ်စုမှ လာရောက်မိုင်းခွဲ ဖျက်စီးသွားခဲ့ကြောင်း လားရှိုးမြို့လိုင်းကားမောင်းနှင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တံတားကကျိုးသွားတာ...





