သျှမ်းမြောက် ယာယီအပစ်ရပ်ဟု ဆိုသော်လည်း လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်ရှိနေ

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် “၁၀၂၇ စစ်ဆင်ရေး” သုံးလမြောက်အတွင်း သျှမ်းပြည်မြောက်ပိုင်းတွင် ယာယီအပစ်ရပ်ဟု ဆိုသော်လည်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်ရှိနေသေးကြောင်း စုံစမ်းသိရသည်။

သျှမ်းမြောက် ၃လသာ စစ်ဆင်ရေး

ဇန်နဝါရီလ ၁၂ ရက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့၏ တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှု ရလဒ်အဖြစ် သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲရန် “ဟိုင်ဂင် သဘောတူညီမှု”ကို ရရှိခဲ့သည်ဟု နှစ်ဘက်စလုံးက တရားဝင် ထုတ်ပြန်ကြေညာခဲ့သော်လည်း မြေပြင်တွင် တိုက်ပွဲများ အမှန်တကယ် ရပ်တန့်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

သျှမ်းမြောက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် “၁၀၂၇ စစ်ဆင်ရေး” သုံးလအတွင်း အရပ်သားသေဆုံးမှု ၂၃၀ ဦးထက်မနည်း မြင့်တက်လာပြီး အမျိုးသမီးနှင့် ကလေး အပါအဝင် ၆၀၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်၏ သတင်းမှတ်တမ်းများအရ သိရသည်။

ဇန်နဝါရီလ ပထမပတ်တွင် ကွတ်ခိုင်မြို့အခြေစိုက် စစ်ဗျူဟာတပ်စခန်းကုန်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၁၂၃ကို ကချင်လွတ်မြောက်ရေးတပ် (KIA) မှ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက်တွင် စစ်ကောင်စီ တိုက်လေယာဉ်တစ်စီးကို နမ့်ဖတ်ကာရှိ မနော်ယာန်အနီး ပစ်ချနိုင်ခဲ့သည်။

နမ့်ဖတ်ကာ‌ကျေးရွာအနီးရှိ KIA တပ်ဖွဲ့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အပြင်းအထန် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းသိမ်းတိုက်ပွဲ တစ်လအတွင်း အမျိုးသမီး ၄ ဦးနှင့် ကလေး ၁ ဦး အပါအဝင် အရပ်သား စုစုပေါင်း ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူနေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နမ့်ဖတ်ကာဒေသခံများထံမှ သိရသည်။

ကွတ်ခိုင်မြို့နယ်သည် “၁၀၂၇ စစ်ဆင်ရေး” သုံးလအတွင်း ထိခိုက်ဒဏ်ရာသူ အများဆုံးဖြစ်လာပြီး သေဆုံးသူ ၃၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးအထိရှိကာ ၎င်းတို့အထဲတွင် စစ်ကောင်စီတပ်မှ သေနတ်ပစ်သတ်ခံရသူ ၅ ဦးထက်မနည်း ရှိကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA တပ်ဖွဲ့၊ TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဇန်နဝါရီလ ပထပတ်က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၂ ရက်က စစ်ကောင်စီတပ်မှ အုန်းကြောရွာသစ်ဘက်သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ရာ လင်မယား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မိုးမိတ်ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်တွင် မိုးမိတ်မြို့ပေါ် စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် မိုးမိတ်ဈေးတစ်ခုလုံး မီးလောင်ပြာကျခဲ့ပြီး ပြည်သူနေအိမ် ၃၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့သည်။

မိုးမိတ်နှင့် မဘိမ်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲစခန်းများကို ကချင်လွတ်မြောက်ရေးတပ် KIA က ဇန်နဝါရီလ ၂၂ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲအတွင်း အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သား ၁၂ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

နောင်ချိုမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်က သုံးဆယ်ကျေးရွာအနီး တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၁ ဦးနှင့် အသက် ၁၀ နှစ်ကျော် ကလေး ၁ ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးသွားခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

အလားတူ နမ့်ဆန်မြို့နယ်တွင် ဇန်နဝါရီလ ၇ ရက်က တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် မြို့သစ်ကျေးရွာရှိ စာသင်ကျောင်းနှင့် လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) မှ ကျောင်းဆရာ/မ ၅ ဦး သေဆုံးသွားခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

လားရှိုးမြို့နယ်တွင်လည်း ဇန်နဝါရီလ ၈ ရက်က မိုင်းယော်ကျေးရွာတွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၅၀ အရွယ်ခန့် အမျိုးသမီးတစ်ဦး အပါအဝင် ၄ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသခံများက ပြောသည်။

ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး လားရှိုးမြို့ စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်(၁၂)ခုရှိ ပြည်သူနေအိမ်များကို ဧည့်စာရင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးလျက်ရှိရာ အမျိုးသမီး ၂ ဦးအပါအဝင် လူငယ် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အရပ်သား ၂ ဦးကိုလည်း အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့နယ်တွင် ဇန်နဝါရီလ ဒုတိယပတ်က လူမှုကူညီရေးအသင်းမှ ကူညီလှုပ်ရှားသူ ၅ ဦးကို စစ်ကောင်စီတပ်မှ အရပ်ဝတ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး နမ္မတူမြို့ရှိ လူမှုကူညီရေးအသင်းမှ ကူညီလှုပ်ရှားသူများကိုလည်း TNLA တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကာ လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံများက ပြောသည်။

သီပေါနှင့် မူဆယ်မြို့နယ်တို့တွင် နှစ်ဘက်ထိတွေ့တိုက်ပွဲ တစုံတရာမရှိသော်လည်း စစ်ကောင်စီ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရသူများတွင် အမျိုးသမီး ၂ ဦးအပါအဝင် ၈ ဦးထက်မနည်း ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

လောက်ကိုင်မြို့နယ်တွင်လည်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လက်နက်ချအညံ့ခံပြီးနောက် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တုန်ရှမ်းဒေသ၊ ရှင်းကိုင်းရွာ စစ်ကောင်စီတပ်က ပြည်သူနေအိမ်အတွင်း ထောင်ထားခဲ့သည့် မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်မီဒီယာမှ ဇန်နဝါရီ ၁၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ ဇန်နဝါရီလ နောက်ဆုံးပတ်အထိ သျှမ်းမြောက်ဒေသ မူဆယ်၊ နမ့်ခမ်း၊ သီပေါ၊ လားရှိုး၊ နမ္မတူ၊ ကွတ်ခိုင် စသည့် မြို့နယ်ပေါင်း ၁၀ ခုတွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၂၅ ဦးအထိ ရှိလာကြောင်း သျှမ်းသံတော်ဆင့်မှ သီးခြားကောက်ယူထားသော မှတ်တမ်းစာရင်းအရ သိရသည်။

သိန္နီမြို့နယ်တွင် ဇန်နဝါရီလ ၃ ရက်က စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျောင်းခမ်းဘုန်းကြီးကျောင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၁၆ နှစ်အရွယ်ရှိ ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး အခြားကလေး(၆)ဦး အပါအဝင် စုစုပေါင်း ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိန္နီမြို့ စစ်ဘေးရှောင်များက ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တတိယအကြိမ် တွေ့ဆုံမှုမတိုင်မီ ဇန်နဝါရီလ ပထမပတ်တွင် သိန္နီမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကောင်းဟော်၊ ဟိုတာ့၊ နောင်အွန်ကျေးရွာမှ ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ဘေးရှောင် ၁၀၀၀ ကျော်မှာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း သိန္နီမြို့နယ် မိုင်းလီကျေးရွာ အုပ်ချုပ်ရေးမှူးကို ကိုးကန့်တပ်ဖွဲ့ MNDAAမှ လာရောက်ခေါ်ယူ စစ်ဆေးခဲ့ပြီး ရိုက်နှက်ခံထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းကိုသာ ပြန်ပို့ခဲ့ကြောင်း သိန္နီဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နမ့်ခမ်းမြို့နယ်တွင် ဇန်နဝါရီလ တတိယပတ်မှ စတင်၍ TNLA တပ်ဖွဲ့မှ မြို့နယ်လူဦးရေစာရင်း သိရန်နိုင်ရန်ဟုဆိုကာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး ဇန်နဝါရီလ ၂၁ ရက်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိသည့်အပြင် နေအိမ်များလည်း ပျက်စီးမှုရှိကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် စစ်ကောင်စီနှင့် သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲပြီးနောက် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း (၁၆) မြို့တွင် အုပ်ချုပ်ရေး ယန္တရားနှင့် အခွန်အကောက် ကိစ္စရပ်များ စတင်ချမှတ်နိုင်ရန် ဦးတည်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထိုအတောအတွင်း ကချင်လွတ်မြောက်ရေးတပ် KIA က မန္တလေး-မူဆယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် အရေးပါသည့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မိုးမိတ်နှင့် မဘိမ်းမြို့နယ်များရှိ စစ်ကောင်စီလက်အောက်ခံ တပ်နှင့် ရဲစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ၎င်းမြို့ ၂ မြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA က ဇန်နဝါရီလ ၅ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့ (၂)မြို့တို့ကို “ဝ”တပ်ဖွဲ့ UWSA အုပ်ချုပ်မှုလက်အောက်သို့ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဇန်နဝါရီလ ၁၀ ရက်တွင် ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...