Friday, January 30, 2026

သီပေါ-လားရှိုးကြား စဉ့်အင်ယာယီတံတားမှတဆင့် ယာဉ်ငယ်များ စတင်ဖြတ်သန်းနေ

သျှမ်းပြည် သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းပေါ်တွင် တည်ဆောက်ထားသည့် စဉ့်အင်ယာယီတံတားပေါ်မှ ယာဉ်ငယ်များ စတင်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

သီပေါ-လားရှိုးအကြား စဉ့်အင်ယာယီတံတား

ယနေ့ (ဇန်နဝါရီလ ၂၇ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်၍ သီပေါမြို့နယ် နမ္မချောင်းပေါ်တွင် ဆောက်လုပ်ထားသည့် စဉ့်အင် ယာယီတံတားပေါ်မှတဆင့် (၈)တန်ထက် မပိုသော ယာဉ်ငယ်များ စတင်ဖြတ်သန်းသွားလာနေပြီး သီပေါမှ လားရှိုးမြို့သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ခရီးဆက်လက်ထွက်ခွာနိုင်ကြောင်း သီပေါဒေသခံများက ပြောသည်။

“စဉ့်အင်ယာယီတံတားက ကွန်ခိုက်ရွာနားမှာရှိတာ။ တံတားဖွင့်ပွဲက ဒီနေ့မနက် ၁၀ နာရီခွဲလောက်က လုပ်ပြီးသွားတော့ ကမ်းကူးမယ့် ယာဉ်ငယ်တွေ စလွှတ်ပေးတာ။”ဟု သီပေါမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုဆောက်လုပ်ပြီးစီးသွားသော စဉ့်အင်ယာယီတံတားသည် သစ်သားတံတား အမျိုးအစားဖြစ်ပြီး သတ်မှတ်အလေးချိန် ၈ တန်ထက် မပိုသော ခရီးသည်တင်ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီး တံတားဖြတ်သန်းခ တစ်ကြိမ်လျှင် ၂ သောင်းကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

သီပေါ-လားရှိုးအကြား စဉ့်အင်ယာယီတံတား

“သီပေါဘက်က လာရင် ကုန်းမုံရွာနားကနေ ဝင်ရတယ်။ လားရှိုးဘက်က လာရင်တော့ စဉ့်အင်ရွာ နတ်စင်နားကလေ လမ်းထဲကွေ့ဝင်သွားရမယ်။ အခုတော့ အများကြီး နီးသွားပြီ၊ အချိန်သက်သာတာပေါ့”ဟု သီပေါမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သီပေါမြို့နယ်အတွင်း နမ္မချောင်းကို ဖြတ်သန်းဆောက်လုပ်ထားသည့် စဉ့်အင်ယာယီတံတားကို ကွန်ခိုက်ကျေးရွာမှ ရွာသူရွာသားများ စုပေါင်းပြီး ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ကာ ဇန်နဝါရီလ ၂၅ ရက်တွင် ပြီးစီးခဲ့သည်ဟု သိရသည်။

သီပေါ-လားရှိုးအကြား စဉ့်အင်ယာယီတံတား

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်ကလည်း သီပေါမြို့နယ်ရှိ AAA ကုမ္ပဏီမှ ဖျက်ဆီးခံထားရသည့် ကျင်သီတံတားပေါ်သို့ ကျောက်မီးသွေးများ လာရောက်သွန်ချခဲ့ပြီး မြေကော်ကား(ဘက်ဟိုး)ဖြင့် ကျောက်မဲဘက်ခြမ်းမှ ကုန်တင်ကားပေါ်သို့ ပြန်လည်ကဲ့ယူခဲ့ရာ ဒေသခံများက ကျင်သီတံတား ပြန်လည်ပြုပြင်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း သီပေါမြို့နယ်တွင် ဗုံးခွဲဖျက်ဆီးခံထားရသည့် ကျောက်မဲ-သီပေါအကြားရှိ ကျင်သီတံတား၊ သီပေါ-လားရှိုးအကြားရှိ စဉ့်အင်တံတား၊ သီပေါ-နမ္မတူအကြားရှိ မိုးတေတံတားတို့အား လက်ရှိအချိန်အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း သီပေါဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...