သီပေါ-လားရှိုးကြား စဉ့်အင်ယာယီတံတားမှတဆင့် ယာဉ်ငယ်များ စတင်ဖြတ်သန်းနေ

သျှမ်းပြည် သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းပေါ်တွင် တည်ဆောက်ထားသည့် စဉ့်အင်ယာယီတံတားပေါ်မှ ယာဉ်ငယ်များ စတင်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

သီပေါ-လားရှိုးအကြား စဉ့်အင်ယာယီတံတား

ယနေ့ (ဇန်နဝါရီလ ၂၇ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်၍ သီပေါမြို့နယ် နမ္မချောင်းပေါ်တွင် ဆောက်လုပ်ထားသည့် စဉ့်အင် ယာယီတံတားပေါ်မှတဆင့် (၈)တန်ထက် မပိုသော ယာဉ်ငယ်များ စတင်ဖြတ်သန်းသွားလာနေပြီး သီပေါမှ လားရှိုးမြို့သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ခရီးဆက်လက်ထွက်ခွာနိုင်ကြောင်း သီပေါဒေသခံများက ပြောသည်။

“စဉ့်အင်ယာယီတံတားက ကွန်ခိုက်ရွာနားမှာရှိတာ။ တံတားဖွင့်ပွဲက ဒီနေ့မနက် ၁၀ နာရီခွဲလောက်က လုပ်ပြီးသွားတော့ ကမ်းကူးမယ့် ယာဉ်ငယ်တွေ စလွှတ်ပေးတာ။”ဟု သီပေါမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုဆောက်လုပ်ပြီးစီးသွားသော စဉ့်အင်ယာယီတံတားသည် သစ်သားတံတား အမျိုးအစားဖြစ်ပြီး သတ်မှတ်အလေးချိန် ၈ တန်ထက် မပိုသော ခရီးသည်တင်ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီး တံတားဖြတ်သန်းခ တစ်ကြိမ်လျှင် ၂ သောင်းကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

သီပေါ-လားရှိုးအကြား စဉ့်အင်ယာယီတံတား

“သီပေါဘက်က လာရင် ကုန်းမုံရွာနားကနေ ဝင်ရတယ်။ လားရှိုးဘက်က လာရင်တော့ စဉ့်အင်ရွာ နတ်စင်နားကလေ လမ်းထဲကွေ့ဝင်သွားရမယ်။ အခုတော့ အများကြီး နီးသွားပြီ၊ အချိန်သက်သာတာပေါ့”ဟု သီပေါမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သီပေါမြို့နယ်အတွင်း နမ္မချောင်းကို ဖြတ်သန်းဆောက်လုပ်ထားသည့် စဉ့်အင်ယာယီတံတားကို ကွန်ခိုက်ကျေးရွာမှ ရွာသူရွာသားများ စုပေါင်းပြီး ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ကာ ဇန်နဝါရီလ ၂၅ ရက်တွင် ပြီးစီးခဲ့သည်ဟု သိရသည်။

သီပေါ-လားရှိုးအကြား စဉ့်အင်ယာယီတံတား

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်ကလည်း သီပေါမြို့နယ်ရှိ AAA ကုမ္ပဏီမှ ဖျက်ဆီးခံထားရသည့် ကျင်သီတံတားပေါ်သို့ ကျောက်မီးသွေးများ လာရောက်သွန်ချခဲ့ပြီး မြေကော်ကား(ဘက်ဟိုး)ဖြင့် ကျောက်မဲဘက်ခြမ်းမှ ကုန်တင်ကားပေါ်သို့ ပြန်လည်ကဲ့ယူခဲ့ရာ ဒေသခံများက ကျင်သီတံတား ပြန်လည်ပြုပြင်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း သီပေါမြို့နယ်တွင် ဗုံးခွဲဖျက်ဆီးခံထားရသည့် ကျောက်မဲ-သီပေါအကြားရှိ ကျင်သီတံတား၊ သီပေါ-လားရှိုးအကြားရှိ စဉ့်အင်တံတား၊ သီပေါ-နမ္မတူအကြားရှိ မိုးတေတံတားတို့အား လက်ရှိအချိန်အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း သီပေါဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...