စစ်ကောင်စီနှင့် PNA တို့ အထူးဒေသ ၆ အတွင်းပြည်သူများကို လက်နက်တပ်ဆင်ပေးမည်

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA တို့ပူးပေါင်းပြီး အထူးဒေသ (၆) အတွင်းရှိ ဒေသခံပြည်သူလူထုကို လက်နက်တပ်ဆင်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် (ဇန်နဝါရီလ ၂၇ ရက်) မှစပြီး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျေးရွာအသီးသီရှိ ရွာသူကြီးများမှ ဦးဆောင် အစည်းအဝေးပြုလုပ်ပြီး PNA ကရပ်ရွာလုံခြုံရေး အတွက် တစ်ရွာလျှင် အမျိုးသား ၅ ဦး စစ်မှုထမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA သည် ရပ်ရွာလုံခြုံရေး အကြောင်းပြချက်ဖြင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ကိုတိုက်ရန် အထူးဒေသ (၆) အတွင်းရှိ ဒေသခံအမျိုးသား ၁ ဦးကို သေနတ် ၁ လတ်တပ်ဆင်ပေးနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦး ကပြောသည်။

“PNA ကယောက်ျားလေးတွေကို သေနတ်တစ်ယောက်တစ်လတ်ပေးပြီး PNLA လာရင်ပစ်ဆိုပြီး လုပ်ထားပါတယ်။ အခုစာရင်းပေးထားတဲ့ လူငယ်တွေအကုန်ပေးဖို့စီစစဉ်နေတယ်” ဟု ၎င်းဒေသခံတစ်ဦး ကပြောသည်။

ပအိုဝ်း အထူးဒေသ (၆) အတွင်း ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ ပါဝင်ထားသည်။

ထို့အပြင် သေနတ်များအား လူအင်အား ၈ သောင်းခန့်ရှိသည့် ပအိုဝ်းဒေသအတွင်းရှိ ပြည်သူလူထုအတွက် စစ်ကောင်စီတပ်ဖွဲ့မှ ထောက်ပံ့ပြီး ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA မှတပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း ဆိုက်ခေါင်မြို့ဒေသခံတစ်ဦးက ဆက်ပြောသည်။

“အဘဦးအောင်ခမ်းထီကနေပြီးတော့ ပအိုဝ်းပြည်သူလူထု ၈ သောင်းကို ပြည်သူ့တပ်မတော်အနေနဲ့ ခေါ်ပြီး ကျနော်တို့ပအိုဝ်းပြည်နယ်ကို ကာကွယ်မှာပါ။ ပြည်သူလူထု ဆိုတာထက် ဆီဆိုင်မြို့နယ် မှာရှိတဲ့ ပြည်သူတွေ မိမိဆန္ဒအလျှောက် ကိုယ့်ပြည်နယ်ကို ကာကွယ်ဖို့အတွက် လူအင်အား ၈ သောင်းကို ကာကွယ်ရေးတပ်ဖွဲ့မယ်။ တပ်မတော်က လက်နက်ထောက်ပံ့ပေးမယ် အဲ့လိုပါဗျ” ဟု ဆိုက်ခေါင် ဒေသခံတစ်ဦး က ပြောသည်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA ကလည်း “ပအိုဝ်းရွာသူ၊ ရွာသားတွေရဲ့ ပစ္စည်းဥစ္စာတွေ အလကားမဆုံးရှုံး ရအောင် ပအိုဝ်းလူမျိုး အားလုံးမှာတာဝန်ရှိတယ်” ဟုဆိုကာ လက်နက်ခဲယမ်း အမြောက်မြား တပ်ဆင် ဖြည့်တင်းနေသည့် ဓာတ်ပုံနှင့်တကွ ယမန်နေ့ (ဇန်နဝါရီလ ၂၉ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်သော ဓာတ်ပုံများတွင် စစ်ကောင်စီထုတ် MA-11 ရိုင်ဖယ်အသစ်များ၊ MA-10 ပုခုံးထမ်း ဗုံးပစ်လောင်ချာများ၊ ၆၀ မမ ပြောင်းရှည်တာဝေးပစ်နှင့် စိန်ပြောင်း အမြှောက်အသေးစား လက်နက်များ ခင်းကျင်းပြထားသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်များတွင် PNLA၊ KNDF၊ PDF တပ်ဖွဲ့များကို နှိမ်းနင်းရန် ပအိုဝ်းပြည်သူ့စစ်အဖွဲ့အား တပ်မတော်မှ လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးခဲ့ကြောင်း ရေးသားဖြန့်ဝေခဲ့သည်။

ဆီဆိုင်မြို့နယ် ဒေသခံတစ်ဦးက “ကျနော်အနေနဲ့ကတော့ အချင်းချင်းစိတ်ဝမ်းကွဲပြီးတော့ ကျားနဲ့ဆင် အင်အားပြိုင်နေမယ်ဆိုရင် ကျနော်တို့ ပြည်သူလူထုတွေပဲ နာမှာပါ။ တစ်ဖက်ကလည်း ပြည်သူ့လူထုကို ကာကွယ်တယ်။ တစ်ဖက်ကလည်း ပြည်သူလူထုအတွက်ဆိုပြီးတော့ လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းနေတာတော့ အဆင်မပြေဘူး။ အဓိကတော့ ခေါင်းစဉ်ပိုင်းအနေနဲ့ ကျည်ဆံနဲ့ဖြေရှင်းတာထက် စားပွဲဝိုင်းပွဲပေါ်မှာ ဖြေရှင်းတဲ့နည်းလမ်းက ကျနော်တို့ပြည်သူလူထုကို ကာကွယ်တဲ့နည်းလမ်းပါ” ဟု တောင်းဆိုထားသည်။

ပအိုဝ်းတပ်ဖွဲ့များ ဖြစ်ကြသည့် PNLA နှင့် PNA တို့သည် သျှမ်းပြည်နယ်ရှိ ပအိုဝ်းလက်နက်ကိုင် တော်လှန်ရေးတွင် အစဉ်အလာကြီးသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပအလဖ)မှ ဆင်သက်လာသည့် အဖွဲ့ ၂ ဖွဲ့ဖြစ်သည်။

PNA သည် ၁၉၉၁ ခုနှစ်မှစပြီး စစ်တပ်နှင့် ငြိမ်းချမ်းရေးယူပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အထူးဒေသ (၆) အတွင်းရှိ ပအိုဝ်းအမျိုးသား၊ အမျိုးသမီးများ ကို စစ်သင်တန်းပို့ချပေးနေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

PNLA သည် ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် (ဇန်နဝါရီလ ၂၁ ရက်) က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ၏ လက်နက်ခဲယမ်းယာဉ်တန်းကို စစ်ကောင်စီတပ်နှင့် PNA တို့တိုက်ခိုက်ချိန်မှစ၍ သျှမ်းပြည်တောင်ပိုင်းတွင် စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...