ဆီဆိုင်မြို့တိုက်ပွဲ စစ်ကောင်စီ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက် ဘုန်ကြီးကျောင်းနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုများ

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းများနှင့် အရပ်သားနေအိမ် အများအပြား ထိခိုက်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့တဲ့ (ဇန်နဝါရီလ ၂၃ ရက်) မှစပြီး ဆီဆိုင်မြို့ပေါ်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ၊ KNDF ၊PDFပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO တပ်တို့အကြား တိုက်ပွဲ စတင်လာခဲ့သည်။

ထို့နောက် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီးအပါအဝင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်၊ အဆောက်အဦးများ ပျက်စီးသွားကြောင်း ဆီဆိုင်မြို့နယ် ကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုတိုက်ပွဲထဲမှာ ဘုန်းကြီးကျောင်းတွေ ပျက်စီးတာတို့၊ ရွာထဲကို လက်နက်ကြီး ကျတာတို့ ရှိပါတယ်။ လက်နက်ကြီးကျလို့ ကောင်းမှုဗွာရွာက ဘုန်းကြီးကျောင်း ခေါင်မိုးပေါက်သွားတယ်။ ဆီဆိုင်မြို့ပေါ်က ဘုန်ကြီးကျောင်းနှစ်ကျောင်းလည်း လက်နက်ကြီး ကျလို့ပျက်စီးသွားတယ်။ အဓိကတော့ လေယာဉ်နဲ့ လက်နက်ကြီးကျတဲ့အချိန်မှာဘဲ ပျက်စီးမှုများတယ်” ဟု ၎င်းကပြောသည်။

အလားတူ (ဇန်နဝါရီလ ၂၂ ရက်) တွင် ဆီဆိုင်မြို့နယ် PNLOဗဟိုဌာနချုပ် အဝန်းအပိုင်းရှိ နောင်ထော် ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက် သောကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီးခဲ့သွားသည်။

သျှမ်းသံတော်ဆင့်မှ သီးခြားကောက်ယူထားသည့် စာရင်းမှတ်တမ်းအရ ဇန်နဝါရီလ ၂၂ ရက်မှ ယနေ့ ဇန်နဝါရီလ ၂၈ ရက်အထိ ဆီဆိုင်မြို့နယ် တိုက်ပွဲကြားမှာ လက်နက်ကြီးအပါအဝင် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ (၂) ဦးသေဆုံးပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရှိခဲ့သည်။

ဆီဆိုင်မြို့နယ်ကို PNLAနှင့် ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် ရက်သတ္တပတ် ၁ ပတ်အတွင်း စစ်ကောင်စီ မြို့မရဲစခန်းအပါအဝင် တပ်စခန်းနှင့် ဆီဆိုင်မြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ယနေ့ (ဇန်နဝါရီလ ၂၈ ရက်)တွင် ကြေညာထားသည်။

“သိမ်းပိုက်နိုင်တယ်ဆိုတာတော့ သတင်းတစ်ခုပဲ ဖြစ်မှာပါ။ ဒီနေ့မနက်ကစပြီး ဆီဆိုင်မြို့ပေါ်မှာ ပစ်ခတ်သံ တွေကြားနေရပြီ။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ လေယာဉ်နဲ့ ဗုံးကြဲနေတုန်းပဲ” ဟု ဆီဆိုင်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဆက်လက် ပြင်းထန်နေသောကြောင့် ဆီဆိုင်-လွိုင်ကော်လမ်းတကြောရှိ ကျေးရွာများမှ ဒေသခံနှင့် စစ်ဘေးရှောင်များလည်း ပိတ်မိနေလျက်ရှိသည်။ ထိုကဲ့သို့ တိုက်ပွဲကြား ပိတ်မိနေသူများကို ကယ်ထုတ်ရန်အတွက် အချိန်အကန့်အသတ်ဖြင့် မြို့ဝင်ခွင့်ပေးရန် လိုအပ်ကြောင်း ဆီဆိုင်မြို့နယ် လူမှုကယ်ရေးအဖွဲ့မှ တောင်းဆိုထားသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်က ဆီဆိုင်မြို့နယ် PNLOတို့ဌာနချုပ် ဗဟိုဌာနချုပ် အဝန်းအပိုင်းရှိ နော်ထော်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ချိန်မှစ၍ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားရာဒေသကို စစ်ကောင်စီက လက်နက်ကြီးအပါအဝင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...