PNOမှ မဲနယ်တောင် တစ်ဝိုက်ရှိ ဒေသခံများကို တပ်သားအဖြစ် ခေါ်ယူစုဆောင်း၊ ဒေသခံများ စိုးရိမ် ထိတ်လန့်နေရ

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ အနီးတစ်ဝိုက်ရှိ ရွာများမှ ဒေသခံများကို ပအိုဝ်းပြည်သူ့စစ် (PNO/PNA) မှ တပ်သားအဖြစ် ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။

မဲနယ်တောင်ရှိ ရွာ အသီးသီးတွင် ရွာသူကြီးများက ဇန်နဝါရီလ ၂၇ရက်နေ့ညတွင် ဦးဆောင် အစည်းအဝေး ပြုလုပ်၍ PNO ပြည်သူ့စစ်မှ ရပ်ရွာ လုံခြုံရေးအတွက် တစ်ရွာလျှင် အမျိုးသား ၅ဦး စာရင်းပေး ခေါ်ယူခိုင်းကြောင်း ပြောကြားခဲ့ကြောင်း မဲနယ်တောင် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်.

“ရွာလူကြီး ပြောတာတော့ ကိုယ့်ဒေသ၊ကိုယ့်ရွာကို ချစ်တယ်ဆိုရင် ပါဝင်ရမယ်လို့ ပြောတယ်။ လောလောဆယ်တော့ လူကြီး၊ လူငယ် ၅ယောက်တော့ ရွေးထားတယ်။ ရပ်ရွာကို လုံခြုံအောင် ကာကွယ်ဖို့ အရင်ဆုံးတော့ သူတို့တာဝန်က ကင်းစောင့်ဖို့လို့ ပြောတယ်။ ကျနော်တို့ရွာတော့ စာရင်း အရင် ပေးထားရတာ၊ သူများရွာက ကလေးတွေတော့ သွားနေရပြီ ပြောတယ်” ဟု မဲနယ်တောင် ဒေသခံ အမျိုးသားတစ်ဦးမှ ပြောသည်။

ကျေးရွာအတွင်း အလှည့်ကျ ကင်းစောင့်သူများမှာ အစောပိုင်းကတည်းက ရှိပြီးသား ဖြစ်သော်လည်း လုံခြုံမှုအားနည်းနေ၍ တင်းတင်းကြပ်ကြပ် ကင်းစောင့်နိုင်ရန် လူထပ်မံ ခေါ်ခြင်း ဖြစ်သည်ဟု PNO ပြည်သူ့စစ်မှ ပြောကြောင်း အဆိုပါ အမျိုးသားမှ ထပ်မံပြောသည်။

ယခုကဲ့သို့ ဟိုပုံး-ဆီဆိုင်ကြားရှိ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေချိန် PNO/PNAမှ လူများ ခေါ်ယူစုဆောင်းခိုင်းနေသဖြင့် ရွာသားများ ထိတ်လန့် စိုးရိမ်နေကြောင်းလည်း သိရှိရသည်။

“အခုက ကင်းစောင့်ခိုင်းမယ် ဆိုပေမယ့် တိုက်ပွဲဖြစ်လာပြီဆိုရင် စစ်မှုထမ်းခိုင်းမယ့် သဘောဖြစ်နေတယ်။ စစ်မှုထမ်းရမယ် ဆိုရင်လည်း ရပ်ရွာအေးချမ်းနေတုန်း စစ်သင်တန်း သေချာပေးပြီး ရပ်ရွာ စောင့်ရှောက်ခိုင်းရင် လုပ်နိုင်တယ်။ အခုလို တိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာ လာခေါ်နေတော့ ထိတ်လန့်တာပေါ့” ဟု ၎င်း ဒေသခံ အမျိုးသားမှ ထပ်မံပြောပြသည်။

ထိုကဲ့သို့ စစ်သားစုဆောင်တဲ့အပေါ် သားရှင် မိခင်များက လည်း သားစစ်မှု ထမ်းရမည်ကို စိုးရိမ်ကြောင်း မသွားစေချင်ကြောင်းလည်း သိရသည်။

“ကျမရဲ့သား စစ်မှုထမ်းဖို့ လာကောက်တဲ့ချိန် ပါသွားမှာကြောက်တယ်။ မသွားစေချင်ဘူး။ မပေးသွားချင်ဘူး။ တစ်ခုခုဖြစ်သွားရင် ဘယ်သူက တာဝန်ယူမှာလဲ။ အဲတာတွေးပြီး အိပ်လို့တောင် မပျော်ဘူး” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မဲနယ်တောင်မှ ရွာအချို့တွင် တစ်အိမ်တစ်ယောက် လူခေါ်ယူနေပြီး ရပ်ရွာကာကွယ်ရေးအတွက် သေနတ်ဝယ်ယူရန် တစ်အိမ်တစ်သိန်း ထည့်ရမည်ဟုလည်း PNOမှ ပြောကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်တစ်ကျောရှိ ရွာများတွင်သာ လူစုဆောင်းခိုင်းလျက် ရှိပြီး ဟိုပုံးမြို့ပေါ်ထိတော့ လူများလာရောက်စုဆောင်းနေခြင်း မရှိသေးကြောင်း သိရှိရသည်။

ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLO/PNLA)၊ မဟာမိတ်အဖွဲ့များနှင့်စစ်ကောင်စီ၊ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO/PNA)တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နီးစပ်ရာမြို့များတွင်လည်း တိုက်ပွဲများ ကူးစက်ဖြစ်ပွားလာနိုင်သည့်အတွက် စစ်ကောင်စီနှင့် PNOမှ ဟိုပုံး၊ တောင်ကြီးမြို့များတွင် စစ်ရေးအရ ပြင်ဆင်မှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...