“ကျနော်တို့အဖွဲ့အစည်းက အခုရှုပ်ထွေးနေတဲ့ကာလမှာ ဖြစ်နေတယ်”

သျှမ်းပြည်တောင်ပိုင်း တိုက်ပွဲသည် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် စံဖူးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ရဲ့ PNLA ယာဉ်ကြောင်းကို ပိတ်ဆို့ ဟန့်တားခြင်းကြောင့် စစ်ကောင်စီ စစ်ပတ်နှင့်ပူးပေါင်းထားသော အသွင်းပြည့်ပြည်သူ့စစ် PNO နှင့် PNLA တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ

ထိုဖြစ်စဉ်အပြီး နောက်တစ်ရက် (ဇန်နဝါရီလ ၂၂ ရက်) ညတွင် PNLO ဗဟိုဌာနချုပ် နော်ထော်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲ တိုက်ခဲ့သည်။

ထိုချိန်မှစပြီး ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး လက်ရှိမှာ မြို့ပေါ် စစ်ကောင်စီ တပ်စခန်းများ သိမ်းပိုက်လာနိုင်သည့်အထိ တိုက်ပွဲပြင်းထန်လာခဲ့သည်။ ယင်းတိုက်ပွဲကြောင့် မိမိနေရပ်အိုးအိမ်ကို စွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူများအပါအဝင် ဆီဆိုင်မြို့ရောက် ကရင်နီစစ်ဘေးရှောင်များလည်း ထပ်မံထွက်ပြေးတိမ်းရပြန်သည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ရဲ့ PNLA၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဉက္ကာကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဟန်လင်းမှ ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အခုဆီဆိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး NCAလက်မှတ် ရေးထိုးထာတဲ့ PNLO ဘက်က ပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနစ်ကို ဖော်ဆောင်နိုင်တဲ့အထိ ဘဝတူ ညီနောင်မဟာမိတ်တွေ နဲ့အတူ ဆင်နွဲသွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြေညာထားတာ ကြားရပါတယ်။ ဒီကစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်ဉက္ကာအနေနဲ့ ဘာပြောချင်သလဲ။

ဖြေ။ ။တကယ်တော့ ကျနော်တို့အဖွဲ့အစည်းက အခုရှုပ်ထွေးနေတဲ့ကာလမှာ ဖြစ်နေတယ်။ မှတ်ချက် သိပ်မပေးချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ရန်သူမရှိရေးမှု လုပ်ထားတယ်။ ကရင်နီတွေဘက်က ကျူးကျော်လာတဲ့ PDFတွေက အလုံးအရင်းနဲ့ဝင်ပြီး ဆီဆိုင်မြို့ကိုလာတဲ့ အခါကျတော့ ကျနော်တို့က ဆီဆိုင်မြို့က မြို့သူ၊ မြို့သားတွေ မနာအောင် သွားကာပေးတာ။ ကာပေးတဲ့ဟာမှ ရောထွေးပြီးတော့ ပေါင်းပြီးဝင်တိုက်သလိုလို ဖြစ်သွားတာ။ အခုက သတင်းတွေက ရှုပ်ကုန်တာ။ နည်းနည်း ကြည့်ရသလောက်တော့ အဲ့ဒီဝင်လာတဲ့ PDF တွေ ဖိအားအောက်မှာနဲ့ တူပါတယ်။ စစ်အာဏာရှင်တွေ တိုက်မယ်၊ ဘာညာတွေ သတင်းတွေထွက် လာတော့ တချို့PNLAက စစ်သွေးကြွတွေ နည်းနည်းပါးပါး အစွန်းထွက်တဲ့သူတွေကလည်း နည်းနည်း သွားပူပေါင်းမိတာနဲ့တူတယ်ဗျ။ မူအရကတော့ လုံးဝ NCA အပျက်မခံဘူး။ ပစ်ခတ်ရပ်စဲရေးကိုလည်း ထိန်းတယ်။ အခြေအနေအရ ဖြစ်တယ်နဲ့တူပါတယ်။

မူအရကတော့ လုံးဝအပစ်ခတ်ရပ်စဲရေး NCA လမ်းကြောင်းပေါ်မှာပဲ ရှိပါတယ်။ NCA ကတော့ ပျက်ပြယ်သွားတာမရှိဘူး။ ကျနော်တို့ လက်မှတ်ထိုးထားတဲ့ အဖွဲ့ကလည်း မဖျက်ဘူး။ နုတ်လည်းမနုတ်ထွက်ဘူး။ သို့သော် လက်ရှိအခြေအနေက တခြားအင်အားစုဝင်လာပြီးတော့ အကြပ်အတည်း ပေးတဲ့အခါကျတော့ မြေပြင်အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားတာနဲ့ တူတယ်။ မူပြောင်းတာတော့ မဟုတ်ဘူး။ အခုက NCA လမ်းကြောင်းရှိသေးတယ် ဒါပေမယ့် မြေပြင်မှာတော့ တိုက်ပွဲဖြစ်နေတာပေါ့။ တိုက်ပွဲကလည်း ရှုပ်ထွေးတဲ့ ကြားထဲမှာဖြစ်တာ။

စစ်ကောင်စီကို ရန်သူ၊ ရဲတွေကို ရန်သူ၊ ပြည်သူ့စစ်တွေကို ရန်သူလို သွားမှတ်ပြီးတော့ သွားတိုက်တာမဟုတ်ဘူး။ မြေပြင်မှာ ရှုပ်ထွေးပြီးတော့ ရောရောနှောနှော ပါနေတဲ့ သဘောမျိုး မရှင်းမရှင်း ဖြစ်နေတယ်။ မူအရစစ်ကြေညာပြီး တိုက်တာ မဟုတ်ဘူး။ NCA လည်းပျက်တာ မဟုတ်ဘူး။ ထို့အတူပဲ PDF တွေကိုလည်း ကျနော်တို့ ရန်သူသွားမှတ်ပြီးတော့ တိုက်တာ မဟုတ်ဘူး။ ကြားညှပ်နေတာ။ အဲ့ဒါကို ကျနော်တို့က ကြားညှပ်တယ်လို့ ခေါ်တာပေါ့။ ဘယ်သူ့ကိုမှ ကျနော်တို့ရန်သူလို မထားဘူး။ ဒါပေမယ့် ကိုယ်ကကြားထဲမှာညှပ်နေတော့ ကိုယ့်ကိုယ်လာပစ်ရင်တော့ ခုခံရမယ်။ နောက်ပြီးတော့ အားလုံးက ဆက်စပ်နေတယ်။

နောက်ပြီး PNLA ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တစ်ခုလည်း အကြပ်အတည်းကြောင့် ထုတ်တာနဲ့ တူပါတယ်။ အဲ့ဒီလိုမှ မထုတ်ရင် သိပ်မလွယ်ဘူး။

မေး။ ။အခုတိုက်ပွဲက ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် တကြောမှာ ဖြစ်နေတဲ့အတွက် စစ်ဘေးရှောင် အပါအဝင် ဒေသခံပြည်သူတွေဘက် အထိအခိုက်နည်းအောင် ဘယ်လိုစီမံထားပါသလဲ။
ဖြေ။ ။ဘယ်လိုမှ မလုပ်နိုင်တော့ဘူး။ အရင်တုန်းကတော့ အရင်နီပြည်မှာ ဖြစ်တယ်။ ကျနော်တို့ဆီလာတယ်။ ကျနော်တို့ စောင့်ရှောက်တယ်။ အခုကျနော်တို့ဆီမှာ ထပ်ဖြစ်တော့ စစ်ရှောင်တွေလည်း ဘယ်ပြေးရမှန်း မသိတော့ဘူး။ နှစ်ဆင့် ဖြစ်သွားတာ။ စစ်ရှောင်တွေက နှစ်ခါထွက်ပြေးနေရသလို ဖြစ်သွားတာ။ အခက်အခဲတော့ ဖြစ်တာပေါ့။ ဟိုပုံးကတော့ တိုက်ပွဲမရှိသေးပါဘူး။ ဆီဆိုင်တဝိုက်မှာပဲ အခုရှိနေတာ။

မေး။ ။ဒီတိုက်ပွဲဖြစ်နေတဲ့ ကြားထဲမှာ စစ်ကောင်စီဘက်က ဘယ်လိုတုန့်ပြန်မှုရှိလဲ။
ဖြေ။ ။စစ်ကောင်စီကတော့ ဗုံးကြဲတာပေါ့။ ဗုံးမကြဲပါနဲ့ ပြောလည်း သူတို့က ဗုံးနဲ့ပဲခြိမ်းခြောက်နေတာပေါ့။ ဗုံးကြဲတော့ ရောကော ပေါတော ဖြစ်ကုန်တာပေါ့။ သူတို့လည်း ရန်သူဘာညာမခွဲတော့ဘူး။ ကျနော်တို့က မဟာမိတ်ပဲဆိုတာလည်း သူတို့မခွဲတော့ဘူး။ ရောကောပေါတောနဲ့ ကြဲနေတာပဲ။ အခြေအနေက ရှုပ်ထွေးနေတယ်လို့ ပြောနိုင်တာပေါ့။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...