CATEGORY

လူ့အခွင့်အရေး

စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့၌ တပ်သားတစ်ဦးက စစ်ရှောင်အမျိုးသမီး ၁ ဦးအားမုဒိမ်းကျင့်ရန်ကြိုးစား

သျှမ်းပြည် ဆီဆိုင်မြို့ကို စစ်ကောင်စီမှ တစ်စိတ်တစ်ပိုင်း ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီ တပ်သားတစ်ဦးက စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးအား မုဒိမ်းကျင့်ရန်ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။ တိုက်ပွဲကြောင့် တောတွင်းနေရာသို့ ထွက်ပြေးခိုလှုံနေရသည့် စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးကို ဧပြီလ ၁၄ ရက်က ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃...

သိန္နီမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံး

သျှမ်းပြည် သိန္နီမြို့နယ် တွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ် မိုင်းနင်းမိ၍ သေဆုံးခဲ့ပြီး ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာတွင် ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်း၌ အမျိုးသား တစ်ဦး အိမ်ခြံနောက်ဖေးတွင် ဟင်းသွားခူးရာမှ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ...

ညောင်ရွှေမြို့နယ် ဒေသခံ ၂ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင်နေထိုင်သည့် အရပ်သား ၂ ဦးကို PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသ ဟဲယာရွာမတွင် နေထိုင်သူ မမြင့်ကြည်နှင့် သူမ၏မောင်ဖြစ်သူ အယ်လဲကူးတို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အဆက်အသွယ်ရှိသည့်အပြင် ကျေးရွာအတွင်း...

လားရှိုးစစ်ဘေးရှောင် ရှစ်ရာကျော် စားနပ်ရိက္ခာလိုအပ်

သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ဘေးရှောင် လူဦးရေ ရှစ်ရာ (၈၀၀) ကျော် အတွက် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် သိန္နီမြို့မှ လားရှိုးမြို့ ဘုန်းကြီးကျောင်းများသို့ ၂၀၂၃ နိုဝင်ဘာလ မှစ၍ ယခုအချိန် ၅ လ အတွင်း စစ်ဘေးတိမ်းရှောင်လာသူ ရှစ်ရာကျော်အတွက် အလှူရှင်နည်းပါးလာသဖြင့်...

သျှမ်းတောင် တိုက်ပွဲ ၃ လ အတွင်း အရပ်သား ၆၀ ကျော်သေဆုံး

သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ် ပူးပေါင်း တော်လှန်‌ရေး တပ်ပေါင်းစုများ နှင့် စစ်ကောင်စီ တို့အကြား ၃ လအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ၆၀ ကျော် သေဆုံး ပြီး ထိ ခိုက်ဒဏ်ရာရှိသူ ၇၈ ဦး အထိ...

ကျောက်ဂူထဲရောက်တဲ့ စစ်ရှောင်တွေ စားဝတ်နေရေးခက်ခဲမြင်ကွင်း

မဲမှောင်နေတဲ့ ကျောက်ဂူ၊ ကျောက်ဆောင်တွေအောက်မှာ မိုးကာလေးကို အခင်းလုပ်ပြီး စစ်ရှောင်ကလေး၊ သက်ကြီးရွယ်အိုတွေဟာ ထိုင်သူကထိုင်၊ အိပ်သူကအိပ်နဲ့ တွေ့မြင်နေရပါတယ်။ အချို့သူတွေကလည်း ကျောက်ဂူ၊ ကျောက်ဆောင်နံဘေးမှာ မိုးကာအစိမ်းနဲ့ တဲထိုးပြီးနေနေကြပါတယ်။ ဒါ့အပြင် သခင်နဲ့အတူပါလာတဲ့ အိမ်မွေးတိရစ္ဆာန် ကြောင်လေးတွေကလည်း စားရယုံတမယ် အစာစားပြီးတော့ ထပ်စားရဖို့အရေး မျှော်နေပါတယ်။ အဲ့နေရာကတော့ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နဲ့ ၄...

နွေအပူထက် “ပြန်စရာအိမ်မရှိ ”ရင်ပူဆွေး နေရသူများ

နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း လေရူးကြောင့် တဝေ့ဝေ့ ကြွေကျနေတယ်။ ဒါပေမဲ့ ဒီနွေအပူထက် ရင်ထဲမှာပူဆွေးနေရသူကတော့ နန်းချို(အမည်လွှဲ)တစ်ဦးပါ။ “တချို့အိမ်ကတွေ ပြိုကျနေ၊ တချို့အိမ်ကျတော့လည်း မီးလောင်နေတယ်။ တချို့အိမ်ကတော့ အိမ်ခေါင်မိုးတွေ ပွင့်ကုန်ပြီ၊ ဘာမှမရှိတော့ဘူး။ မြို့ပျက်ကြီးလိုပဲ ဆီဆိုင်မြို့ဈေးတောင် ပြာကျသွားပြီ ဘာမှမရှိတော့ဘူး”...

နမ့်ခမ်းမြို့ TNLA ကျင်းပသည့် သင်္ကြန်မဏ္ဍပ်စင် အနီး ပေါက်ကွဲမှု ဖြစ်ပွား

သျှမ်းပြည် နမ့်ခမ်းမြို့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နမ့်ခမ်းမြို့ TNLA ဦးဆောင်ပြီး မြို့လယ်ဘုရားကြီးပွဲတော်ဝင်း (ပန်ပွဲ)ရှိ ဗဟိုမဏ္ဍပ်ပွဲစင်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌...

ပြင်ဦးလွင်-နောင်ချိုနယ်စပ် တိုက်ပွဲပြင်းထန်၊ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း မီးလောင်ပြာကျ

ပြင်ဦးလွင်မြို့ ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် လက်တုန့်ပြန်မှု အဖြစ် စစ်ကောင်စီတပ်က ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ် နယ်စပ်ဒေသကို စစ်ကြောင်းထိုးရာက တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများက ယနေ့ (ဧပြီလ ၁၅ ရက်) တွင် ပြောသည်။ ယမန်နေ့ (ဧပြီ ၁၄)ရက် ည...

ဆီဆိုင်မြို့သို့ နေရပ်ပြန်စစ်ရှောင်အမျိုးသမီး တစ်ဦးကို PNO သေနတ်ဖြင့်ပစ်သတ်

သျှမ်းပြည် ဆီဆိုင်မြို့သို့ နေရပ်ပြန်သွားသည့် စစ်ရှောင်လင်မယား ၂ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) က သေနတ်ဖြင့် လိုက်ပစ်သဖြင့် အမျိုးသမီးက ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၁၀)ရက် နံနက် ၆ နာရီအချိန်တွင် စစ်ဘေးရှောင် လင်မယားဖြစ်သည့် ဒေါမူနှင့် ဦးယောင်တို့ နှစ်ဦးသည်...

Latest news