နမ့်ခမ်းမြို့ TNLA ကျင်းပသည့် သင်္ကြန်မဏ္ဍပ်စင် အနီး ပေါက်ကွဲမှု ဖြစ်ပွား

သျှမ်းပြည် နမ့်ခမ်းမြို့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နမ့်ခမ်းမြို့ TNLA ဦးဆောင်ပြီး မြို့လယ်ဘုရားကြီးပွဲတော်ဝင်း (ပန်ပွဲ)ရှိ ဗဟိုမဏ္ဍပ်ပွဲစင်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌ ပေါက်ကွဲမှုဖြစ်ပွားသော်လည်း လူထိခိုက်မှုမရှိကြောင်း နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ လူစည်ကားတဲ့ သင်္ကြန်ပွဲကျင်းပတဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်တာ။ လူထိခိုက်မှုတော့မရှိဘူး။ အဲ့နားက လှကျော်တည်းခိုခန်းကတော့ နည်းနည်းထိသွားတယ်။ ကားတစ်စီးရဲ့မှန်ထိတယ်။ လူတွေကတော့ လန့်သွားကြတောပေါ့။ ဘာကြောင့် ဘယ်သူလာလုပ်လဲဆိုတာ မသိရသေးဘူး” ဟု ၎င်းအမျိုးသားက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် ဗဟိုမဏ္ဍပ်နေရာတွင် TNLA တပ်သားများ လုံခြုံရေး တင်းကြပ်စွာနေရာယူထားသည့် နေရာဖြစ်ကြောင်း၊ ထို့ပြင် သင်္ကြန်ပွဲကို လာရောက်သည့်ပြည်သူများလည်း စည်းကားနေချိန် ရုတ်တရက် ပေါက်ကွဲမှုကြောင့် လူများထိတ်လန့်မှုဖြစ်ပွားခဲ့ကြောင်း သင်္ကြန်ပွဲတော်ကျင်းပသည့်နေရာအနီးတွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ တကယ်တော့ စစ်ရေးတွ မငြိမ်သက်သေးတဲ့အချိန်မှာ သင်္ကြန်ပွဲတော်ကို မကျင်းပသင့်တဲ့အချိန်ပါပဲ။ TNLA က လုံခြုံရေးတင်းကြပ်တဲ့ကြား ဒီလိုပေါက်ကွဲမှု ဖြစ်တာ စဥ်းစားစရာပါပဲ။ ဘယ်သူက လာပြီးပစ်လဲတော့မသိဘူး။ ပြည်သူတွေ သွားလည်ရင်လည်းသတိဝိရိယရှိဖို့လိုပါတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

TNLA ဦးဆောင်ကျင်းပသည့် နမ့်ခမ်းမြို့ သင်္ကြန်ပွဲတော်ကိုဒေသခံများက လုံခြုံရေးအရ ယခင်ကတည်းက စိုးရိမ်ခဲ့ကြောင်း၊ နိုင်ငံရေး မတည်ငြိမ်သည့်အချိန် ကျင်းပသည့်အတွက် ဒေသခံများအနေဖြင့် သတိရှိရှိဖြင့် လည်ပတ်ရန်လိုအပ်ကြောင်း နမ့်ခမ်း ဒေသခံ အသက် ၅၀အရွယ်ရှိ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“ ပွဲက တော်တော်စည်တာ၊ ပေါက်ကွဲတဲ့နေရာကလည်း ပွဲမဏ္ဍပ်စင်ဆိုတော့လန့်တာပေါ့။ ရပ်ကွက်တိုင်းကို သင်္ကြန်အကတစ်မျိုးစီ သွားကရတော့ အဲ့မှာက အကရော လာကြည့်တဲ့သူရော များတယ်၊ ပွဲစလုပ်မယ်ပြောကတည်းက စိတ်ထဲမှာတော့ စိုးရိမ်ပြီးသားပါ။ ဒီနေ့ ပေါက်ကွဲမှုက လူမထိပေမယ့် ကြောက်တော့ကြောက်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုပြန်သည်။

နမ့်ခမ်းမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပမည့် မြို့လယ်ဘုရားကြီး ပွဲတော်ဝင်းရှိ ညဈေးတန်းတွင် ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်များထံမှ အခွန်ကောက်ခံနိုင်ရန်အတွက် မတ်လအတွင်းက တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ ဈေးသည်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ရာ ညှိနှိုင်းမှု အဆင်မပြေခဲ့ကြောင်း နမ့်ခမ်းမြို့ ဈေးသည်များက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...