သျှမ်းပြည် လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်များက ဝိုင်းရံပိတ်ဆို့လိုက်ပြီး စစ်ကောင်စီတပ်က မြို့တွင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂ ရက်) ည ၁၀ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့နှင့် ၁၄ မိုင်ခန့်သာ ကွာဝေးသည့် ရှန်ခိုက်ကျေးရွာတွင် စစ်ကောင်စီ၏ သေနတ်လေ့ကျင့်ရေးတပ်ကို ကိုးကန့်တပ်ဖွဲ့...
ဆီဆိုင်မြို့နယ် အိမ်ပေါင်း ၄၀ ကျော်ကို စစ်ကောင်စီတပ်မီးရှို့ခဲ့
သျှမ်းပြည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာနှင့် ကယန်းလေးကျေးရွာအတွင်းရှိ ဒေသခံနေအိမ်ပေါင်း ၄၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ် PNO တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ တောင်ဘက် မိုင် ၂၀ ခန့်သာကွာဝေးသည့် ရေဖြူကျေးရွာနှင့် ကယန်းကျေးရွာရှိ ဒေသခံနေအိမ် ၁၆ လုံးထက်မနည်းကို ပြီးခဲ့သည့်...
လားရှိုး တိုက်ပွဲပြင်းထန်နေမှုကြောင့် လေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲမှု ရပ်နား
သျှမ်းပြည် လားရှိုးမြို့ အနီးတဝိုက်တွင် တိုက်ပွဲများကြောင့် လားရှိုးလေဆိပ်မှ လေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲမှုကို ပြန်လည်ရပ်နားထားကြောင်း သတင်းရရှိသည်။ လားရှိုးမြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး လားရှိုးလေဆိပ်မှ လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို ယနေ့ (ဇူလိုင် ၃) ရက်မှ...
တန့်ယန်းမြို့နယ် မန်ကတ်-မန်နောင်ကြား ကားလမ်းဖြတ်ခံထားရ
သျှမ်းပြည် တန့်ယန်းမြို့နယ် မန်ကတ်-မန်နောင်ကြားရှိကားလမ်း ဖြတ်ခံထားရကြောင်းဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ဖျက်ဆီးခံလိုက်ရပြီး ထိုကားလမ်းကို မြောင်းတူးပြီး လမ်းကြောဖြတ်တောက် ထားကြောင်း မန်ကတ်ကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တန့်ယန်း-မိုင်းရယ်ကြား ကားလမ်းမဟုတ်ဘူး။ မိုင်းရယ်-တန့်ယန်းလမ်းပိုင်းက အခုထိသွားလာကြပါတယ်။ အခုပိတ်ထာက မန်ကတ်ကနေ မန်နောင်၊ မိုင်းတွမ်းဘက်သွားတဲ့လမ်းပါ” ဟု ၎င်းကပြောသည်။ လက်ရှိ...
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ တိုင်းရုံးနှင့် တက္ကသိုလ်ကြားရှိ ပြည်သူနေအိမ်တွင် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ရာ မိသားစုဝင် (၆) ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက် ၇ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၁) သာယာလမ်းရှိ ပြည်သူနေအိမ်တစ်လုံးသို့...
ကျောက်မဲနှင့် သီပေါတွင် လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် အရပ်သား (၄) ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲကြား လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် အရပ်သား (၄) ဦး သေဆုံးပြီး အရပ်သား ၅ ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁ ရက်) ညနေ ၆...
ကျောက်မဲမြို့စစ်ဘေးရှောင် ၃ ဦး ပလောင်စကားမတတ်လို့ TNLA ပစ်သတ် ဗီဒီယိုဖိုင်အမှား
ချင်းပြည်နယ်မှ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး ကျောက်မဲမြို့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင် ၃ ဦးကို ပလောင်စကားမတတ်ဟုဆိုကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပစ်သတ်ခဲ့တယ်လို့ သတင်းအမှားဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ် Ka Ka Han အကောင့်ကနေ ဖြန့်ချိခဲ့ပြီး“ကျောက်မဲမြို့ ဘုန်းကြီးကျောင်းမှာ...
ကျောက်မဲ စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၅ ရက်နေ့က ကျောက်မဲမြို့နယ်တွင် စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ နှစ်ဘက်တိုက်ပွဲ တစ်ပတ်အတွင်း မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးကျည်...
နောင်ချိုမြို့လယ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ပြည်သူနေအိမ် ၁၀ လုံးကျော် ပျက်စီး
သျှမ်းပြည် နောင်ချိုမြို့ပေါ်ရှိ မြို့နယ်မီးသတ်စခန်းကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိမှန်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၉ ရက် ည ၁၀ နာရီခွဲကျော်ခန့်တွင် နောင်ချိုမြို့ပေါ် ဘူတာရပ်ကွက်၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဘေးရှိ မြို့နယ်မီးသတ်စခန်းကို စစ်ကောင်စီတပ်မှ ပေါင် ၅၀၀...
အာဏာသိမ်း စစ်ကောင်စီ ဘက်ကတောင်းဆိုလာသည့်အတွက်ကြောင့် စီအိုင် (CI) စင်တာအားလုံးကို အပြီးပိတ်သိမ်းတော့မည်ဟု ထိုင်းအလုပ်သမားဝန်းကြီးဌာနကကြေညာလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်တွင် ကြေညာခဲ့ပြီး စီအိုင်စတင်အားလုံးကို လာမည့် ဇူလိုင် ၇ ရက်မှာ အပြီးပိတ်သိမ်းတော့မည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။ “ဟုတ်တယ်။ စီအိုင်စင်တာတွေက ပိတ်တော့မယ်။ ဒီတစ်ပတ်သောကြာနေ့အထိဘဲ ဖွင့်တော့မယ်။ ဘာလို့ဆို...





