ပင်လောင်းတွင် တိုက်ပွဲပြင်းထန်နေ၊ ဒေသခံများကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီကဖမ်းဆီးထား
ပင်လောင်းမြို့နှင့် မိုင် ၂၀ ခန့်သာကွာဝေးသည့် ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီကဖမ်းဆီးထားသည်ဟု ဒေသခံများကပြောသည်။ ယမန်နေ့ (ဇွန်လ ၃၀) ရက်က ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်က...
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ညသန်းခေါင်အချိန် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဟိုတယ်နှင့် အရပ်သားနေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၃၀ ရက်) ည ၁၁ နာရီခွဲခန့်တွင် ကျောက်မဲမြို့ ရပ်ကွက်(၁) ပင်လုံလမ်းမကြီးပေါ်ရှိ One Love ဟိုတယ်အနီးသို့...
ကျောက်မဲ မိသားစုလိုက် လက်နက်ကြီး ထိမှန်သေဆုံးမှု မြှင့်တက်
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ နှစ်ဘက်တိုက်ပွဲအကြား လက်နက်ကြီးကြောင့် မိသားစုလိုက် ထိမှန်သေဆုံးမှု မြှင့်တက်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၉ ရက်) နံနက် ၉ နာရီကျော်တွင် ကျောက်မဲမြို့ ရပ်ကွက်(၈)ရှိ အထက-(၁) ကျောင်းရှေ့တွင် စစ်ကောင်စီတပ်မှ...
ကျောက်မဲမြို့ပေါ် လေကြောင်းဗုံးကြဲခံရမှုကြောင့် ပြည်သူထောင်နှင့်ချီ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီး ကျောက်မဲမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်မှ မြို့ပေါ်သို့ နေ့ရောညပါ...
လားရှိုးမြို့အနီး တိုက်ပွဲစဖြစ်၊ စစ်ကောင်စီ လက်နက်ကြီးပစ်၍ မြို့ခံများ ထိတ်လန့်
SHAN -
သျှမ်းပြည် မြောက်ပိုင်း၏ မြို့တော် လားရှိုးမြို့နယ်တွင် ယနေ့ (ဇွန်လ ၂၉ ရက်) နံနက် ၁၁ နာရီ ဝန်းကျင်က စပြီး တိုက်ပွဲ စတင်ဖြစ်ပွားနေသည်ဟု ဒေသခံများက အတည်ပြု ပြောသည်။ လားရှိုးမြို့နယ်၊ နမ့်ဟူးကျေးရွာအနီး ညီနောင်မဟာမိတ်တပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားနေပြီး လားရှိမြို့ရှိ...
ကျောက်မဲ လေယာဉ်ဗုံးကြဲမှုကြောင့် တစ်ရက်တည်း အရပ်သား ၇ ဦးအထက် သေဆုံး
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်ရက်တည်း အရပ်သားထိခိုက်သေဆုံးသူ ၈ ဦးခန့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၇ ရက်) ည ၇ နာရီခွဲခန့်တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်မဲမြို့ ရပ်ကွက် (၈)တွင် ၄ဦး၊...
ကျောက်မဲမြို့ စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်ေကာင်စီနှင့် TNLA တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် ဇွန်လ ၂၅ ရက်မှစ၍ စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျောက်မဲမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက...
ပင်လောင်းမြို့နယ်ရှိ ကျေးရွာများ ရွာလုံးကျွတ်ထွက်ပြေးနေရ
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လောင်း - ဖယ်ခုံမြို့နယ်စပ်တွင် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ဇွန်လ ၁၇ ရက်နေ့မှ စ၍ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ကို...
ကျောက်မဲမြို့ပေါ် စစ်ကောင်စီတပ် အပြင်းအထန် လေကြောင်းဗုံးကြဲတိုက်ခိုက်နေ
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၇ ရက်) ည ၇ နာရီခွဲမှ စတင်ပြီး စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ် အမျိုးအစားဖြင့် ကျောက်မဲမြို့ပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်တောင်၊ ကျောက်မဲကြီး၊ ပန်ဟက်အပေါ်ဘက်၊ တရုတ်သင်္ချိုင်းဘက်နှင့်...
“စစ်ပညာရပ်ကို တတ်မြောက်ထားမှ ပအိုဝ်းဒေသကို ဖျက်သည့်အဖျက်သမားများကို တိုက်ထုတ်နိုင်မည်” ဟု PNO ပြော
သျှမ်းပြည်တောင်ပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေသည့် ပြည်သူ့စစ် PNO က ရပ်ရွာဒေသလုံခြုံရေးခေါင်းစဉ်ဖြင့် တပ်သားစုဆောင်းပြီး ရာနှင့်ချီရှိသော ဒေသခံများကိုစစ်သင်တန်းပေးခဲ့ကြောင်း သိရသည်။ အသက် ၁၈ နှစ်အထက်မှ အသက် ၄၀ နှစ်အောက် လူငယ်လူရွယ်များကို အခြေခံစစ်ပညာသင်တန်းပေးပြီး၊ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်တွင် ပအိုဝ်းပြည်သူ့စစ်...





