တောင်ကြီးမြို့ပေါ် အခန်းနှင့်အိမ်ငှားရမ်းခ ဈေးမြှင့်တက်နေ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ အချို့သော အိမ်ရှင်များသည် လားရှိုးမြို့မှ ထွက်ပြေးလာ‌သည့် စစ်ဘေးရှောင်များကို အခန်းခ၊ အိမ်ငှားရမ်းခ ဈေးနှုန်းများ အဆမတန် ပိုမိုတောင်းခံနေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လဆန်းပိုင်းမှ စတင်ပြီး လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ တိုက်ပွဲများကြောင့် ဒေသခံများ တောင်ကြီးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး တောင်ကြီးမြို့ပေါ်ရှိ အိမ်ရှင်များသည် အခန်းခ၊ အိမ်ငှားရမ်းခ ဈေးနှုန်းများကို အဆမတန်‌ ဈေးတင်တောင်းနေကြသည့်အတွက် ခက်ခဲနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

တောင်ကြီးမြို့အဝင်

“ထွက်ပြေးလာတဲ့လူတွေက တစ်မြို့လုံးနီးပါးလေ။ တောင်ကြီးက ဘုန်းကြီးကျောင်းတွေမှာလည်း အများကြီးပါပဲ။ အိမ်ငှားနေတာတွေ လည်းရှိတယ်၊ အိမ်ငှားခတွေတောင် ဈေးတက်တယ်။ ၆လ စာချုပ် မဟုတ်ရင်လည်း မငှားပေးဘူး။ ၁ လ ၂ လဆိုရင် မငှားပေးဘူး။ အခန်းတွေရော အိမ်တွေရော ဈေးတက်တယ်။ ၃ သိန်းတန်ဆို ၅ သိန်း ၆ သိန်းနီးပါးအထိ တက်သွားတယ်”ဟု တောင်ကြီးမြို့ရောက် လားရှိုးစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့နယ်အတွင်း ရောက်ရှိနေသော လားရှိုးစစ်ဘေးရှောင်များသည် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ စာသင်တိုက်နှင့် ဆွေမျိုးအိမ်တို့တွင် နေထိုင်နေကြရပြီး အများစုမှာလည်း အိမ်ငှားနေထိုင်ရန် အခက်အခဲများ ရှိနေကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့အပြင် နမ့်လန်၊ တန့်ယန်း၊ မိုင်းရယ်၊ မိုင်းကိုင်၊ မိုင်းရှူး၊ လဲချား၊ ပင်လုံ၊ နမ့်စန်၊ အောင်ပန်း စသည့် ဘေးလွတ်ကင်းရာ မြို့များသို့ သျှမ်းပြည်မြောက်ပိုင်းမှ စစ်ဘေးရှောင်များ ရောက်ရှိခိုလှုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

ညီနောင်မဟာမိတ်တပ်၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့သည် သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မိုးမိတ်၊ မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေခြင်းကြောင့် အရပ်သားပြည်သူ ၃ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...