ကျောက်မဲမြို့ လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

သျှမ်းပြည် ကျောက်မဲမြို့ ပန်ပေါင်းရပ်ကွက်အတွင်း ယနေ့ (ဇူလိုင် ၁၅) နေ့လည် ၂ နာရီဝန်းကျင်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ထိုသေဆုံးသွားသူ နှင့် ထိခိုက်သွားသည့်သူသည် အမျိုးသားများဖြစ်သည်။

ကျောက်မဲမြို့အတွင်းမှာ စစ်ကောင်စီ နဲ့ TNLA တို့ တိုက်ပွဲပြန်ဖြစ်ပွားနေပြီ မြို့အတွင်း လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းကြောင့် အရပ်သားသေဆုံးမှုရှိလာခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ဒီနေ့ နေ့လယ်လောက် ပန်ပေါင်းရပ်ကွက်ထဲကို လက်နက်ကြီးကျတာ။ ၁ ယောက်သေသွားတယ်။ ၂ ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်။ ၃ ယောက်လုံးကတော့ အမျိုးသားတွေဖြစ်တယ်။ အခုရက်ပိုင်းတွေ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်။ မြို့အတွင်းထဲလည်း လက်နက်ကြီးတွေပြန်ကျလာခဲ့တယ်။ ထိခိုက်တာသေဆုံးတာတွေလည်း ရှိလာခဲ့တယ်” ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး ဇူလိုင် ၁၄ ရက်နေ့တွင်လည်း အမျိုးသားတစ်ဦး နှင့် အမျိုးသမီး ၁ ဦး တို့ကလည်း လက်နက်ကြီး ထိမှန်ပြီ ပြင်းထန်သည့် ဒဏ်ရာရရှိသွားခဲ့သည်။

လက်ရှိကျောက်မဲမြို့အတွင်းကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်မှုများရှိနေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြသည်။

“ အခုတော့ အားလုံးက စိုးရိမ်းနေကြတာပေါ့။ လက်နက်ကြီးလည်း မြို့ထဲအထိပြန်ကျလာခဲ့တယ်။ အခုလည်း ပြည်သူတွေကတော့ ဘုန်းကြီးကျောင်းမှာသွားနေကြတယ်။ ဖြစ်နိုင်ရင်တော့ တိုက်ပွဲကို ရပ်ခိုင်းစေချင်တာပေါ့။ အခုလည်း တိုက်ပွဲဖြစ်နေတာ ၁ လလောက်ရှိတော့မယ်။ ပြည်သူတွေလည်း စားဝတ်နေရေးခက်ခဲလာခဲ့ကြတယ်” ဟု အထက်ပါ ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် ကျောက်မဲမြို့တွင်းရှိ စစ်ဘေးရှောင်များ ရေရည် စားဝတ်နေရေးအတွက် ခက်ခဲလာနိုင်ကြောင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသည့် သူက ပြောသည်။

“ အခုလောဆယ်တော့ ကျနော်တို့ ပိုက်ဆံရှိနေသေးတော့ စစ်ဘေးရှောင်တွေကူညီနိုင်သေးတယ်။ လက်ရှိကတော့ ပိုက်ဆံကလည်း သိန်း ၈၀ လောက်ပဲကျန်တယ်။ တကယ်လို့ ဒီပိုက်ဆံကုန်သွားရင် ကျနော်တို့လည်း စားဝတ်နေရေးအတွက် ကူညီတာကိုရပ်လိုက်တော့မယ်။ ဒီနေ့ပဲ စစ်ရှောင် ၄၀၀ ကျော်အတွက် ဆန် ၊ကြက်ဥ သွားဝယ်ပေးတာ သိန်း ၄၀ လောက်ကုန်သွားတယ်။ ပြည်တွင်းအလှူရှင်တွေကလည်း သိပ်မရှိဘူး။ ပြည်ပ အလှူရှင်တွေလှူလာရင်တော့လည်း ဆက်ပြီး ကူညီနိုင်မှာပေါ့” ဟု စစ်ဘေးရှောင်ကူညီပေးနေသည့်သူက ပြောသည်။

ကျောက်မဲမြို့တွင် ငွေကြေးသက်နိုင်သူများက တစ်ခြားအရပ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။

သျှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်အတွင်းမှာ အရပ်သားသေဆုံးမှု ၇၀ ဦးအထက်ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...