တာချီလိတ်မြို့တွင် ထပ်မံရေကြီးမှုကြောင့် ရေဘေးသင့်သူများ စားသောက်ရန် ခက်ခဲ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားကာ နေအိမ်တချို့ အစားအသောက်ချက်ပြုတ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေထဲတွင် တောင်ကျချောင်းရေများ အဆမတန် စီးဝင်သောကြောင့် ချောင်းရေလျှံမှုဖြစ်သဖြင့် ရေဘေးသင့်သူများ ချက်ပြုတ်စားသောက်ရန် ခက်ခဲသည့်အတွက် အစားအသောက်များ လိုအပ်နေကြောင်း ကိုလှမိုးပရဟိတအသင်းထံမှ...
မိုင်းဖြတ် ရေကြီးရလျှံဖြစ် ရေလွှဲမြောင်း မြေသားဘောင်များ ကျိုးကျ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် မိုးသည်းထန်စွာသွန်းမှုကြောင့် တောင်ကျချောင်းရေများလာ ကာ နမ့်ဖက်ချောင်းပေါ်ရှိ ဝမ်လုံးရေလွှဲဆည်၏ မြေသားဘောင်များ ကျိုးကျသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့နယ်၌ တောင်ကျချောင်းရေကြောင့် နမ့်ဖက်ချောင်းပေါ် ရှိ ဝမ်လုံးကျေးရွာမှ ရေလွှဲမြောင်းတစ်ခု၏ မြေသားဘောင် ရေတိုက်စားပြီး ပေ...
တာချီလိတ်မြို့ ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့ရ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၀)ရက် မှ စပြီး မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေများ ပြန်လည် မြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်၌ ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာ ၁၀) ရက် ည ၁၀ နာရီခန့် က မိုးရွာသွန်းမှုကြောင့် တာလော့ဈေး၊...
နားဟိုင်းလုံကျေးရွာ သဲမြှုပ်နေအိမ်များကို ရွှေတူးဖော်မှုကုမ္ပဏီက တာဝန်ယူပေးခြင်းမရှိ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာတွင် ရေ ၊ သဲ မြှုပ်နေသော နေအိမ်များကို ရွှေတူးဖော်သည့် ကုမ္ပဏီမှ တာဝန်ယူ လျော်ကြေးပေးမှုမရှိသေးကြောင်း စုံစမ်းသိရသည်။ နားဟိုင်းလုံကျေးရွာသည် ပြီးခဲ့သည့် ဇူလိုင်လမှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်သူနေအိမ်များတစ်ချို့ ရေမြှုပ်သွားပြီး၊ တစ်ချို့နေအိမ်များသည် သဲမြှုပ်နေကြောင်း သိရသည်။ အဆိုပါ ရေကြီးမှုကြောင့်...
တာချီလိတ် နှင့် ကျိုင်းတုံမြို့တွင် တကြော့ပြန် ရေကြီးရေလျှံမှုဖြစ်ပွား
သျှမ်းပြည်အရှေ့ပိုင်း ဖြစ်သည့် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တွင် တကြော့ပြန် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၅) ရက်တွင် တကြော့ပြန် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားခဲ့သဖြင့် ဒေသခံများက စိုးရိမ်နေရကြောင်း တာချီလိတ်...
လားရှိုးမြို့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရှိ ရပ်ကွက်များ ရေကြီးရေလျှံဖြစ်ပွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် သြဂုတ် (၂၆) ရက် ညနေပိုင်းတွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက် (၁)မှ ရပ်ကွက်(၉) ထိစီးဆင်းနေသော ရေနုတ်မြောင်းရေများက ရေလျှံထွက်ပြီး အနိမ့်ပိုင်းရှိရပ်ကွက်များသည် သြဂုတ် (၂၇)...
အင်းလေးဒေသ ရာသီဥတု ဖောက်ပြန်လာမှုကြောင့် စပါးအထွက်နှုန်းကျဆင်းလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းတွင် စပါးစိုက်ပျိုးချိန် မိုးရွာသွန်းမှု မမှန်သည့် အပြင် ပုံမှန်ထက်လွန်ကဲလာသည့် ရာသီဥတုအပြောင်းအလဲများကြောင့် စပါးအထွက်နှုန်း ကျဆင်းလာကြောင်း သတင်းသိရသည်။ ယခုနှစ်အတွင်းတွင် စပါးစိုက်ပျိုးသည့် အင်းလေးဒေသမှ လယ်သမားများအနေဖြင့် စပါးစတင်သည့်အချိန်တွင် မိုးမမှန်သည့်အတွက် စပါးပင်သန်ရန်အဖို့ ဓါတ်မြေသြဇာများ ပိုမိုအသုံးပြုခဲ့ရသဖြင့် ကုန်ကျစရိတ်များသော်လည်း လက်ရှိတွင် မိုးများကာ စပါးပင်များ...
ပုံပါကျင်မြို့အတွင်း ရေကြီးမှုကြောင့် ပြည်သူများ ခက်ခဲနေ၊ အစိုးရ အကူအညီမပေး
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ မဲကင်ကျေးရွာအုပ်စုထဲတွင် မိုးရေကြီးမှုကြောင့်ပြည်သူများ နေအိမ်ပျက်စီးသွားပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။ ထိုသို့ ခက်ခဲမှုကြောင့် သက်ဆိုင်ရာ အစိုးရဘက်မှ လာရောက်ကူညီပေးခြင်းမရှိဘဲ မိုင်းတုံမြို့နယ် ပြည်သူများက ဝိုင်းဝန်း သွားရောက်ကူညီပေးနေကြောင်း သိရသည်။ “အခုချိန်ထိတော့ ကျနော်တို့ ဘက်က ဘယ်အစိုးရမှ လာကူညီပေးတာမရှိဘူး။ ဟိုတလောက...
ပုံးအင်း စပါးလယ်ယာ ဧက ၂ သောင်း ဝန်းကျင် ရေလွှမ်းမိုးခံရ
သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် စပါးခင်း လယ်ယာဧကပေါင်း ၂ သောင်း ဝန်းကျင်သည် ရေနစ်မြှုပ်သွားကြောင်း ပုံးအင်းမြေစာရင်း ပြုစုသူထံမှ စုံစမ်းသိရှိရသည်။ ပုံးအင်းဒေသအတွင်း လယ်ဧကပေါင်း ၃ သောင်းကျော်ရှိရာ ၂ သောင်းကျော် ရေနစ်မြှုပ်ခဲ့ကြောင်း သိရသည်။ ထို ရေနစ်မြှုပ်ခံရသော ပုံးအင်းဒေသမှ စပါးများသည် တောင်ကြီးမြို့နယ် ဟိုပုံးမြို့နယ်...
တာချီလိတ်မြို့ ရေကျသွားသော်လည်း ရွှံ့နုန်း များ ရှင်းလင်းနေရဆဲ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် (၂) နှစ်ဆက်တိုက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၁၄ ရက်နေ့တွင် ရေများကျသွားပြီဖြစ်သော်လည်း ရွှံ့နုန်းများကို ယနေ့အချိန်ထိ ရှင်းလင်းနေရကြောင်း စုံစမ်းသိရှိရသည်။ တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက် နှင့် တာလော့ဈေးတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး ရွံ့ ၊ နုန်း များသည် ဒူးထိရှိကာ...





