Wednesday, January 28, 2026

ကွန်ဟိန်း မိုးကြီးလေကြီးဖြစ် စေတီ ၃ ဆူထီးတော်မြေခ၊နေအိမ် ၁၁ ခန့်ပျက်စီး

သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ရှိကျေးရွာတစ်ရွာတွင် မိုးသက်လေပြင်း တိုက်ခက်မှုကြောင့် နေအိမ် ၁၁ လုံးခန့်ပျက်စီးခဲ့ပြီး စေတီ၏ထီးတော် ၃ ဆူ မြေခသွားကြောင်း စုံစမ်းသိရသည်၊

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်ရှိ လိုင်းကမ် ကျေးရွာသည် ယမန်နေ့ (ဧပြီလ ၂၃ ရက်) နေ့လည်း ၂ နာရီခွဲ ဝန်းကျင်တွင် မိုးသက်လေပြင်းကျရောက် တိုက်ခက်မှုကြောင့် နာရီဝက်အတွင်း နေအိမ် ၁၁ လုံးပျက်စီးခဲ့ပြီး စေတီ ၃ ဆူ၏ ထီးတော်မြေခ သွားကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ထီးတော်ကတော့ ၃ ဆူ ပြုတ်ကျ ပျက်စီးသွားတာပေါ့။ ရှိတာကတော့ ၄ ဆူရှိတာ။ပျက်စီးတဲ့ အိမ်းက ၁၁ အိမ် အဲ့ဒါက အမိုးတွေ ဘာတွေ လွှင့်သွားတယ်။ တချို့အိမ်ဆို တခြမ်းလောက်ပါသွားတယ်။ တစ်အိမ်ကတော့ လုံးဝ ပျက်စီးသွားတာ။စပါးကျီ တွေပျက်စီးပြီး ဆန်တွေရေစိုတာတွေလည်း ရှိတာပေ့ါ။ဆန်တွေရေစိုတာက ၈ အိမ်လောက်ရှိတယ်။”ဟု ၎င်းက ပြောသည်။

မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် နေအိမ်များ အပြင် လယ်ယာထဲရှိ စိုက်ပျိုးသီနှံအချို့လည်း ပျက်စီးမှု အနည်းငယ်ရှိပြီး မိုးရေစိုသွားသော ဆန်များအတွက်ပါစိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“ရွာက ဆန်ပဲအဓိကလုပ်တာလေ။ စားပါးကျီတွေက အိမ်တိုင်းလိုရှိတယ်။ ရေစိုတဲ့အတိုင်းထားရတော့ မှိုတက်မှာ စိုးရိမ်ရတာ။ ရွာကလူတွေတောင် လန့်တယ်။ခုက ပဲပုတ်လုပ်တဲ့ အချိန်လေ တချို့ ပျက်စီးမှုတွေလည်း ရှိပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ထို လိုင်းကမ်ကျေးရွာသည် ကွန်ဟိန်းမြို့နှင့် ၇ မိုင် ခန့်သာ ဝေးကြောင်းသိရသည်။

ပြီးခဲ့သည့် ( ဧပြီလ ၁၀ )ရက်တွင်လည်း မိုင်းတုံမြို့တွင် မိုးသည်းထန်ရွာပြီး လေပြင်းတိုက်ခတ်မှုများကြောင့် မိုင်းတုံမြို့ရှိမိုင်းစေတီ၊ ဝမ်မိုင် နှင့် စသည့် ဘုန်းကြီးကျောင်း စေတီထီးတော်များ ပြုတ်ကျ ပျက်စီးခဲ့ကာ ပြည်သူနေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွန်ဟိန်းမြို့နယ် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးစက်ဖြင့် မဲပေးချိန် အခက်အခဲများ ကြုံတွေ့

0
သျှမ်းပြည် တောင်ပိုင်း ကွန်းဟိန်းမြို့နယ်တွင် သက်ကြီးပိုင်းပုဂ္ဂိုလ်များ အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးချိန်တွင်အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) မနက် ၆ နာရီမှစပြီး တွင် ကွန်းဟိန်းမြို့နယ် အပါအဝင် ရွာငံ၊ ဆီဆိုင်၊ ကလော၊ ရပ်စောက်၊မိုင်းပန်း၊ မောက်မယ်၊ မိုင်းကိုင်၊...

ကွန်ဟိန်း ရွေးကောက်ပွဲမဲပေးရန် စစ်ကော်မရှင်က အိမ်ထိ မဲတိုကင်ကတ် လိုက်ပေးနေ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲအတွက် မဲနံပါတ် (တုံကင်ကတ်) သွားမယူသည့် ဒေသခံများကို စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်ပေးနေကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် တောင်ပိုင်း ကွန်းဟိန်းမြို့နယ်လည်း ပါဝင်သည်။ ၂၀၂၆ ဇန်နဝါရီလဆန်းပိုင်မှ...
Mong_Nawng_Intersection

သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

0
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ပဋိပက္ခတွေကြား သူတို့ကိုယ်သူတို့ ရပ်တည်နိုင်အောင် တစိတ်တပိုင်း ထောက်ပံ့နိုင်ခဲ့တယ်”

0
အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အထိမ်းအမှတ်အဖြစ် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့မှ ဦးဆောင်ကာ ကွန်ဟိန်းနှင့် နမ့်စန်မြို့နယ်များမှ တန်ဖိုးမြှင့် ဒေသထွက်ကုန်များကို တောင်ကြီးမြို့ရှိ VX Tea House တွင် ဩဂုတ်လ (၁၄) ရက်နေ့က ခင်းကျင်းပြသခဲ့သည်။ အဆိုပါ “ဒေသထွက်ကုန် တန်ဖိုးမြှင့်တင်ခြင်းနှင့် ကုန်ပစ္စည်းပြပွဲ”တွင် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့မှ...

ကွန်ဟိန်းမြို့နယ်တွင် စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ ငွေညစ် တောင်ခံနေ

0
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ၍ ငွေညစ်တောင်းခံ နေကြောင်း သတင်းရရှိသည်။ ကွန်ဟိန်းမြို့‌ပေါ်ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ နှစ် နှစ်လည် လောက်မှ စတက်၍ ပြည်သူ့စစ်မှုထမ်းရန် ငွေကြေး ကောက်ခံသည့်အပြင်၊ စစ်အသုံးစရိတ်ဟုဆိပြီး ခေါင်းစဉ်တပ်ကာ ငွေညစ်‌တောင်းခံမှုများ ပြုလုပ်နေကြောင်း ကွန်ဟိန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို...