ကွန်ဟိန်း ရွေးကောက်ပွဲမဲပေးရန် စစ်ကော်မရှင်က အိမ်ထိ မဲတိုကင်ကတ် လိုက်ပေးနေ

သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲအတွက် မဲနံပါတ် (တုံကင်ကတ်) သွားမယူသည့် ဒေသခံများကို စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်ပေးနေကြောင်း စုံစမ်းသိရသည်။

လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် တောင်ပိုင်း ကွန်းဟိန်းမြို့နယ်လည်း ပါဝင်သည်။

၂၀၂၆ ဇန်နဝါရီလဆန်းပိုင်မှ စပြီး ကွန်းဟိန်းမြို့ နယ် နှင့် ကာလိမြို့တွင် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို စတင်ထည့်ခိုင်းနေပြီး၊ လာမည့် ဇန်နဝါရီလ (၁၁) ရက်အတွက်ကိုပါ မဲနံပါတ် တုံကင်ကတ်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ရုံးသို့ သွားယူခိုင်းနေကြောင်း သိရသည်။

အဆိုပါ မဲနံပါတ် တုံကင်ကတ်များ သွားမယူသည့် ဒေသခံများကိုလည်း စစ်ကော်မရှင်လက်‌အောက်ခံ တာဝန်ရှိသူများက အိမ်အထိ လိုက်ပေးပြီး၊ မဲလာပေးရန် အတင်းအဓမ္မ ပြောဆိုသွားကြောင်း ကွန်းဟိန်းမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မဲပေးရမယ့် အမှတ်နံပါတ် တုံကင်ကတ်ကသွား ယူရတယ်။ကာလိမှာတော့ လာမဲ့ ၁၁ ရက် မဲပေးဖို့ တိုကင်ကတ် သွားမယူရသေးတဲ့ လူကို အိမ်ထိလိုက်ပေးနေတယ်။ ဒီလိုမျိုးတွေ ဆန္ဒမဲနဲ့ မတူတော့ဘူး ဖိအားပေးတာနဲ့ တူသွားပြီ။ အနည်းနဲ့အများတော့ ခြိမ်းခြောက်မှုတွေရှိတာပေါ့။”ဟု ကွန်ဟိန်းမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အချို့သောရပ်ကွက်များတွင် မဲရုံစောင့်တာဝန်းကျသူများ၊ သက်ကြီးရွယ်အို နှင့် အတခြားသော မြို့နယ်သို့ ကျောင်းသွားတက်ရမည့် ကျောင်း သူ/သားများက ကြိုတင် မဲများပေးရကြောင်း ၎င်းကပြောသည်။

လက်ရှိ စစ်ကော်မရှင်ကျင်းပသည့် အတုယောင်‌ရွေးကောက်ပွဲတွင် မဲပေးရန်အသုံးပြုထားသည့် အီလက်ထရောနစ် မဲပေးစက်ကို ကွန်းဟိန်းမြို့နယ်နေ ဒေသခံအချို့ အသုံပြုပုံများကို နာမလည်သေးကြောင်း ကွန်ဟိန်းမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“ရွာတွေ၊ ကျေးရွာတွေ တောင်မပြောနဲ့ မြို့ပေါ်က လူတွေလည်း အဲ့စက်ကို ဘယ်လိုသုံး ရမလည်းဆိုတာ နားမလည်တာရှိသေးတယ်။ သူတို့ သင်ပြ၊ လုပ်ပြတုန်းကလည်း သွားကြည့်တဲ့လူက အနည်းစုလောက်ပဲရှိတာ။ပြီးခဲ့တဲ့ ရွေးကောက်ပွဲကလို လူတွေက စိတ်မဝင်မှုမရှိဘူး”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အဆက်ဆက်တွင် စာရွက်ဖြင့် သမားရိုးကျ မဲပေးနည်းကို အသုံးပြုခဲ့သော်လည်း စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် အီလက်ထရောနစ် မဲပေးစက်ကို အသုံးပြုလာခြင်း ဖြစ်သည်။

ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) တို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး စုစုပေါင်း မဲရုံ(၄၇)ရုံ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...