ကွန်ဟိန်းမြို့နယ် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးစက်ဖြင့် မဲပေးချိန် အခက်အခဲများ ကြုံတွေ့

သျှမ်းပြည် တောင်ပိုင်း ကွန်းဟိန်းမြို့နယ်တွင် သက်ကြီးပိုင်းပုဂ္ဂိုလ်များ အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးချိန်တွင်အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) မနက် ၆ နာရီမှစပြီး တွင် ကွန်းဟိန်းမြို့နယ် အပါအဝင် ရွာငံ၊ ဆီဆိုင်၊ ကလော၊ ရပ်စောက်၊မိုင်းပန်း၊ မောက်မယ်၊ မိုင်းကိုင်၊ လဲချား၊ မိုင်းခတ်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းပျဉ်း၊ မိုင်းယောင်း၊ မိုင်းယန်း၊ မိုင်းရယ် နှင့် တန့်ယန်းမြို့နယ်တို့တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပခဲ့သည်။

ကွန်ဟိန်းမြို့နယ်ရှိ သက်ကြီးပိုင်းပုဂ္ဂိုလ်များ စစ်ကော်မရှင်ကျင်းပသည့် အတုယောင် ရွေးကောက်ပွဲ တွင် အသုံးပြုသည့်အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးချိန်တွင် အခက်အခဲများကြုံတွေ့ ခဲ့ရကြောင်း ကွန်းဟိန်းမြို့ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လူကြီးတွေ သွားထည့်တော့လည်း နားမလည်ဘူး။လက်မှတ်ထိုးခိုင်းတယ် ပြီးရင် မဲပေးစက်မှာရှိတဲ့ ခလုပ်တစ်ခုကို နိပ်ခိုင်းပြီး ထွက်လာခိုင်းတယ်။အသက်ကြီးတဲ့လူတွေက ဘာမှ ကို နားမလည်ကြဘူး။”ဟု ကွန်းဟိန်းမြို့ အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါ ကွန်ဟိန်းမြို့နယ်ရှိ မဲရုံများတွင် ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) မနက် ၁၁ နာရီဝန်းကျင်မှစပြီး မဲသွားပေးသည့် ပြည်သူမရှိကာ ပြည်သူစိတ်ဝင်စားမှုမရှိကြောင်း ကွန်းဟိန်းမြို့ အမျိုးသမီးတစ်ဦးက ပြောသည်။

“လူစိတ်ဝင်စားမှုလည်း မရှိဘူး။နာမည် မပါရင်လည်း လူတွေက မသိသလိုနေလိုက်ကြတာ။ အရင်နှစ်တွေက ရွေးကောက်ပွဲတွေလောက်တော့ ဘယ်သူမှ စိတ်မဝင်စားကြဘူး။ ထည့်လည်းဘာမှ မထူးဘူးလို့ပဲ ပြောကြတယ်လေ။ မဲရုံမှာလည်း မနက်ကတည်းက လူကိုမရှိတော့တာ။”ဟု ၎င်းက ပြေသည်။

ထို့အပြင် ကွန်ဟိန်းမြို့နယ် မဲရုံများတွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့များက လုံခြုံရေး တာဝန်ယူထားပြီး ဖုန်းနှင့် မည့်သည့်အသုံးအဆောင်မျှ မဲရုံအတွင်း ယူဝင်ခွင့် မပြုကြောင်း သိရသည်။

သျှမ်းပြည် မောက်မယ်မြို့နယ် နှင့် မိုင်းဖြတ်မြို့နယ်တို့တွင် စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင် ရွေးကောက်ပွဲတွင် အသုံးပြုသည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)သည် စက်ချို့ယွင်းမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) တို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး စုစုပေါင်း မဲရုံ(၄၇)ရုံ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...