အေးသာယာတွင် မိုးသည်းထန်ပြီး ကလေးတစ်ဦး ရေစီးထဲမျောပါသွား
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် မိုးသည်းထန်ရွာသွန်း၍ ကလေးတစ်ဦး ရေစီးချောင်းထဲ မျောပါပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီဝန်းကျင်တွင် အေးသာယာမြို့၊ မြို့ဉီး ရပ်ကွက်နေ သားအမိ ၃ ဦးသည် ရေချောင်းအနီးတွင် ရှိနေစဉ် တောင်ကျချောင်းရေက...
လားရှိုးမြို့တွင်း ရေချောင်းထဲ ရေအနီရောင်အဖြစ် ပြောင်းလဲ စီးဆင်းနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်း ရေနုတ်ချောင်းထဲတွင် ချောင်းရေများ အနီရောင်အဖြစ် ပြောင်းလဲပြီး စီးဆင်းလာနေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၉ ရက် နေ့လည် ၁၂ ခွဲအချိန်မှ စတင်ပြီး ကောက်ကွေ့ချောင်းမှ စီးဆင်းလာသော ချောင်းရေသည် အနီရောင်အဖြစ် ပြောင်းလဲပြီး...
မိုင်းသောက် ရေကြီးရေလျှံမှု မကြာခဏဖြစ်ပွားပြီး ပြည်သူများသွားလာရေး ခက်ခဲနေရ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် မိုင်းသောက်တိုက်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသည့် အခါများ၌ တောင်ကျရေများကြောင့် လမ်းတံတားများ နှစ်မြုပ်ပြီး ပြည်သူများ သွားလာရေး ခက်ခဲနေကြောင်း သတင်းသိရသည်။ ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာအုပ်စုတွင် အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် လမ်းများနှစ်မြုပ်ကာ သွားလာရေး...
တာချီလိတ်မြို့ ရေကြီးရေလျှံမှု ရပ်ကွက်တွင်းရှိ လမ်းများ ဆိုးရွားစွာပျက်စီးနေ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု အကြိမ်ကြိမ်ဖြစ်ပွားပြီးနောက် ရပ်ကွက်တချို့ရှိ လမ်းများ ပျက်စီးကာ ပြည်သူများ သွားလာရန်အတွက် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ မယ်ခေါင် ရပ်ကွက် (၃) တိုင်းရင်းသားနှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း လမ်းရှေ့ နှင့် တာချီလိတ် လေယာဉ်ကွင်းလမ်းတလျောက် စသည့် မြို့တွင်းရှိ ရပ်ကွက်လမ်းများမှာ...
တာချီလိတ်မြို့ ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့
မြန်မာ - ထိုင်းနယ်စပ် ဖြစ်သည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရပ်ကွက်တစ်ချို့ ရေကြီးရေလျှံဖြစ်ပွားပြီးနောက် လက်ရှိတွင် ရေများ ပြန်လည်ကျသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၈) ရက် မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ရှိ...
တာချီလိတ် အနိမ့်ပိုင်းရပ်ကွက် ရေထပ်မံကြီး
SHAN -
သျှမ်းပြည် အရှေ့ပိုင်းတာချီလိတ်မြို့ တာလေ့ာစျေးတွင် ယနေ့ (အောက်တိုဘာ ၂)ရက် နံနက်ပိုင်းတွင် ရေထပ်မံကြီးကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ မယ်ဆိုင်ချောင်း ရေလျှံမှုကြောင့် ယနေ့ (အောက်တိုဘာ ၂) ရက် တွင် အမှတ်(၁) ချစ်ကြည်ရေးတံတားအနီး အနိမ့်ပိုင်းရှိ နေအိိမ်များ၊ဆိုင်များရေဝင်ကြောင်း တာချီလိတ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ " ဒီနေ့...
သဘာဝ ဘေး နှင့် တပ်အလိုကျစီးပွားရေး
SHAN -
မိုးသဲသဲမဲမဲ ၂ နာရီလောက် ရွာချလိုက်တာလဲ ရေတွေကလည်း ဆိုင်ခန်းတွေထဲထိ တရိပ်ရိပ်တက်လာပြီး၊ ဆိုင်ထဲက ရောင်းတဲ့ပစ္စည်းသိမ်းချိန်တောင်မရခဲ့ပါ။ အဲ့ဒီ အဖြစ်အပျက်ကတော့ သြဂုတ် ၈ ရက်မှာ သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ထဲက တလော့စျေးထဲက ဆိုင်ခန်းတွေပါပဲ။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်း ရေလည်းမြင့်တက်ကာ တာလော့စျေးဆိုင်မှ ပစ္စည်းတွေဟာ မိုးရေတဲ့အတူ မျောပါသွားတဲ့အဆင့်ဖြစ်ခဲ့ပါတယ်။ “...
တန့်ယန်းမြို့နယ်က ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုပျက်
SHAN -
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နောင်ခမ်းကျေးရွာအုပ်စုရှိ နောင်ခမ်းဘုန်းကြီးကျောင်း အုတ်တံတိုင်း များသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုပျက်သွားရကြောင်း သတင်း သိရသည်။ ယမန်နေ့ (စက်တင်ဘာ ၂၂ ) ရက် ည ၇ နာရီခွဲဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် အတူ လေပြင်းများလည်း တိုက်ခတ် သည့်အတွက်...
လွိုင်လိန်းတောင်ခြေတွင် သတ္တုတူးဖော်ရန် မန်ပန် ပြည်သူ့စစ်တပ်ဖွဲ့ ကြိုးစားနေ
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နှင့် မိုင်းရယ်မြို့နယ်စပ်ရှိ မိုင်းရယ်ဘက်ခြမ်း လွိုင်လိန်းတောင်ခြေတွင် သတ္တုတူးဖော်ရန် မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့မှ ကြိုးစားနေကြောင်း သတင်းသိရသည်။ မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့မှ ဦးဆောင်ကာ ခဲသတ္တုတူးဖော်ရန် စီစဥ်နေသည့်နေရာသည် မိုင်းရယ်ဘက်ခြမ်းကျသည့် လွိုင်လိန်းတောင်ခြေအနီးတွင် ဖြစ်ပြီး လက်ရှိတွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ မန်အွယ်ရွာ တံတားကို ဖျက်ဆီးပြီး လမ်းများဖောက်လုပ်နေကြောင်း ဟိုယ...
တန့်ယန်းမြို့ရပ်ကွက် အချို့ ရေကြီးရေလျှံဖြစ်ပွား
SHAN -
သျှမ်းမြောက် တန့်ယန်းမြို့ နမ့်ဟောင်းချောင်း အနီးရှိ ရပ်ကွက်များ ယနေ့ (စက်တင်ဘာ ၁၅)ရက် နံနက်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာ ၁၄)ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် နမ့်ဟောင်းချောင်း အနီးရှိ ရပ်ကွက်များ ယနေ့ နံနက်ပိုင်းမှာ ရေကြီးရေလျှံမှု ဖြစ်လာကြောင်း တန့်ယန်းဒေသခံ...





