မိုးဗြဲရေကာတာကို စစ်ကောင်စီ ရေဖွင့်ချလို့ ကျေးရွာ ၃ ရွာထက်မနည်း ရေနစ်မြှုပ်

သျှမ်းပြည် မိုးဗြဲမြို့နယ်ရှိ မိုးဗြဲရေကာတာကို စစ်ကောင်စီတပ်မှ ဖွင့်ချလိုက်ခြင်းကြောင့် ကျေးရွာ ၃ ရွာထက်မနည်း ရေနစ်မြှုပ်ပြီး ဒေသခံတစ်‌ထောင်ကျော် ရေဘေးသင့် ထွက်ပြေးတိမ်းရှောင် နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ မိုးဗြဲမြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ – (၄၂၂) သည် မိုးဗြဲရေကာတာကို အဆင်အခြင်မဲ့ ဖွင့်ချလိုက်သဖြင့် ဘီလူးချောင်းဘေးတွင် တည်ရှိသော မိုးဗြဲမြို့ပေါ် ၄ ရပ်ကွက်၊ မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဖောင်းတောအင်း၊ ဘုရားဖြူရွာနှင့် ဘုရားနီရွာတို့ ရေနစ်မြှုပ်ခဲ့ကြောင်း မိုးဗြဲစစ်ဘေးရှောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရေမြှုပ်တာက မိုးဗြဲနယ်မှာ မိုးဗြဲအင်း၊ ဖာလိုင်အင်းနဲ့ မိုးဗြဲမြို့ပေါ်မှာက ၄ ရပ်ကွက်ပါ၊ အဲ့ ရပ်ကွက်တွေလည်း ရေဘေးသင့်နေကြရပါတယ်။ ရေမြှုပ်သွားတဲ့ အခြားရွာတွေက ကရင်နီဘက်က အများစုပါ”ဟု မိုးဗြဲစစ်ဘေးရှောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရေကြီးမှုကြောင့် ရပ်ကွက်၊ ကျေးရွာများနှင့် စပါးစိုက်ဧက ၃၀၀၀ ကျော် ရေနစ်မြှုပ်သွားပြီး ဒေသခံ တစ်ထောင်ကျော်လည်း ရေဘေးသင့်ကာ နီးစပ်ရာမြို့ရွာရှိ ဆွေမျိုးများဆီသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ၎င်းမိုးဗြဲစစ်ဘေးရှောင်ကော်မတီ တာဝန်ရှိသူက ဆက်ပြောသည်။

“နီးစပ်ရာ ရွာနဲ့ဆွေမျိုးဆီမှာပဲ ထွက်ပြေးနေကြရတာ။ အုပ်စုလိုက် သွားကြတာမျိုး မဟုတ်ပါဘူး။ တကွဲတပြား တစ်နေရာစီကို ထွက်သွားကြရတာပါ။ အခက်အခဲတွေတော့ ရှိကြတာပေါ့။ ရေတက်လာတော့ စားစရာ၊ ဝတ်စရာ၊ နေစရာတွေ အကုန်လုံးယူသွားလို့ မရကြတော့ ခက်ခဲနေကြပါတယ်”ဟု မိုးဗြဲစစ်ဘေးရှောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည် ရေဘေးသင့် ဒေသခံတစ်ထောင်ကျော်အတွက် ချိတ်ဆက်ကူညီပေးနေသည့် အဖွဲ့အစည်းများ မရှိသည့်အပြင် အခက်အခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

မိုးဗြဲမြို့တွင် အခြေစိုက်နေသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-(ခမရ ၄၂၂) သည် လက်ရှိအချိန်ထိ မိုးဗြဲရေကာတာကို ဆက်လက်ဖွင့်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်မှ စတင်၍ ၃ ရက်အတွင်း ရေများ ထပ်မံမြင့်တက်လာနိုင်ပြီး လွိုင်ကော်မြို့နှင့် အနီးတဝိုက်ရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း ရေကြီးရေလျှံမှု အရေးပေါ် အခြေအနေ ရှိလာနိုင်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က သတိပေးထားသည်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် “၁၁၁၁ စစ်ဆင်ရေး”တွင် မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်သော်လည်း မိုးဗြဲရေကာတာအနီးရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၄၂၂ ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...