စစ်ကောင်စီတပ် မိုးဗြဲရေကာတာကို ရေဖွင့်ချ ရေကြီးရေလျှံဖြစ် ဒေသခံ တစ်ထောင် ရေဘေးသင့်

သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့တွင် အခြေစိုက်နေသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-(ခမရ ၄၂၂) သည် မိုးဗြဲ ရေကာတာကို အဆင်အခြင်မဲ့ ဖွင့်ချလိုက်သဖြင့် ရေကြီးမှုဖြစ်ကာ ဒေသခံတစ်ထောင် ရေဘေးသင့် နေကြောင်း သတင်းရရှိသည်။

ထိုမိုးဗြဲဆည် ဖွင့်ချမှုကြောင့် ဘီလူချောင်း၏ ဘေးတစ်လျှောက်ရှိ စပါးခင်းအများစု (ဧက ၁၀၀၀ ခန့်)သည် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ‌‌ရေများနှစ်မြုပ်ပြီး ပျက်စီးဆုံရှုံးခြင်းများကြုံတွေ့နေရကာ ဒေသခံ ၁၀၀၀ ခန့် ရေး‌ဘေး ထပ်မံကြုံတွေ့နေရကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသာတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

“စစ်တပ်က ဆည်ကရေးကို ဖွင့်ချ လိုက်တာ၊‌ရေတွေတော်တော်တက်သွားတယ် လယ်တော်တော်များများလည်း ရေမြုပ်ကုန်ပြီ၊အိမ်တွေတေ့ ဒီနေ့ထိတော့ လာမှမဖြစ်သေးဘူး။နောက် ၂ ရက်လောက်နေရင်တော့ မပြောတက်ဘူး စိုးရိမ်ရမှာ။”ဟု အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ထိုရေမြင့်တက်မှုကြောင့် မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာနှင့် ဘုရားဖြူကျေးရွာ တို့တွင် ရေကြီးမှု ဖြစ်ပေါ်လာနိုင်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေ ကြသော ဒေသခံ တောင်သူလယ် သမားများ နှင့် ပြည်သူများ အတိဒုက္ခရောက်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က သုံးသပ်ပြောဆိုသည်။

လက်ရှိမှာ မိုးဗြဲမြို့၊ ဘုရားဖြူကျေးရွာ၊ ဘုရားနီကျေးရွာ နှင့် ဖောင်းတောကျေးရွာတို့ ရေဘေးသင့်ပြီး၊ ဘီလူးချောင်းဘေးရှိ ဒေသခံနေအိမ်များလည်း ရေကြီးမှုကြုံနေရသည်။

“ဘယ်နှရွာလောက် ရေဘေးသင့်လဲ ဆိုတော့ လက်ရှိအထိတော့ မိုးဗြဲ၊ ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်းတော နောက်ပြီး လယ်ကွက်တွေ၊ ဘီလူးချောင်းဘေးမှာရှိနေတဲ့ ဒေသခံတွေက လောလောဆယ်တော့ စစ်ဘေးရှောင်နေကြ ရပါတယ်။ အခု ရေကြီးလို့ ရှောင်နေရတာ ၁၀၀၀ နီးပါးရှိတယ် ”ဟု မိုးဗြဲစစ်ဘေးရှောင်ကော်မတီ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၂၅ )ရက်မှ စတင်၍ ၃ ရက်အတွင်း ရေများထပ်မံမြင့်တက် လာနိုင်ပြီး လွိုင်ကော်မြို့ နှင့် အနီးတဝိုက်ရှိ လူနေရပ်ကွက်များ နှင့် ကျေးရွာများတွင်လည်း ရေကြီရေလျှံမှု အရေးပေါ်အခြေနေရှိလာ နိုင်ကြောင်း IEC သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...