သျှမ်းပြည် အတွင်း စစ်ကောင်စီက ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်နေ
SHAN -
သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၁၄)မြို့နယ်မှ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက စီစဉ်နေလျက်ရှိကြောင်း သိရှိရသည်။ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၄ ခုမှ ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်နေခြင်းသည် မသင့်သော်ကြောင်း၊ ကိုဗစ် ၁၉ ရောဂါလည်း ပပျောက်မှုမရှိသေးကြောင်း သျှမ်းပြည်တောင်ပိုင်း ပရဟိတ...
ကိုဗစ်၊ နိုင်ငံရေးကြား ကျေးလက်ပညာရေး
SHAN -
သျှမ်းတောင်တန်းပေါ်က စာသင်ခန်းတွေ မှာ ခေါင်းလောင်းသံတွေ၊ စာအံသံတွေ တိတ်ဆိတ်နေတာ နှစ်နှစ်ကျော်လာပါပြီ။ နိုင်ငံရေးရှုပ်ထွေးမှု၊ စစ်ရေးပဋိပက္ခနဲ့ ကိုဗစ်ဒဏ်တွေကြောင့် သျှမ်းတောင်တန်းပေါ်ရှိ ကျောင်းခန်းတွေဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး ကျောင်းအင်္ဂါရပ်နဲ့တောင် မပြည့်စုံတော့တာတွေ ရှိနေပါတယ်။ “ကလေးတွေရဲ့ ပညာရေးကိုတော့ ကျမ တွေးပူတယ်။ တစ်နှစ်ပြီးတစ်နှစ် ပြီးသွားတယ်။ ကျောင်မတက်ရတာ ၂ နှစ် ရှိလာပြီ”...
တာလေမြို့ ကိုဗစ်မြင့်မားသည့်ကြား စစ်ကောင်စီ စာသင်ကျောင်း အတင်းဖွင့်ခိုင်း
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့တွင် ကိုဗစ် - ၁၉ ကူးစက်မှု ဆက်လက်မြင့်တက်နေသည့်ကြား စစ်ကောင်စီမှ စာသင်ကျောင်းများကို အတင်းဖွင့်လှစ်ကြောင်း ဒေသခံများက ပြောသည်။ တာချီလိတ်မြို့နယ် တာလေမြို့တွင် အောက်တိုဘာလ (၃၁)ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ (၁၁၈) ဦးအထိ...
တိုက်ပွဲကြားက စစ်ရှောင်ကလေးများ ပညာရေး စိုးရိမ်ရ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေး နေရသည့် ကလေးများ၏ အနာဂတ်ပညာရေးအတွက် စိုးရိမ်ရသည့်အနေအထားဖြစ်နေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် တပ်ပေါင်းစု ဖြစ်သည့် SSPP/SSA၊ TNLA တပ်တို့ တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ရှောင်ထွက်ပြေးနေရသူ (၄၀၀၀)ကျော်ထိ ရှိနေကြောင်း၊ အဆိုပါစစ်ရှောင်များထဲမှ...
လဲချား ရွာသစ်ထောင်သည့် စစ်ရှောင်ကလေးများ သင်ထောက်ကူလိုအပ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် စစ်ရှောင်လာသည့် ဒေသခံ တစ်ချို့ ရွာသစ်ပြန်လည်ထူထောင်ရာမှာ ကလေးငယ်များကို စာပေသင်ကြားရေးအတွက် ပညာရေးသုံး သင်ထောက်ကူပစ္စည်းများလိုအပ်ကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံများ လဲချားမြို့နယ် သို့ စစ်ရှောင်လာပြီး၊ ထိုနေရာတွင် ရွာသစ်ပြန်လည် ထူထောင်ခဲ့သ်။ ထို့ကြောင့် ရွာသစ်တွင် ရှိသည့် ကလေးငယ်များအတွက် ရပ်ရွာတာဝန်ရှိ...
လက်နက်နဲ့ စစ်အာဏာရှင် ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့တဲ့ မီးအိမ်ရှင်
SHAN -
“ ကျနော်တို့ဟာ ဆန္ဒပြရုံနဲ့မထိရောက်တော့ဘူး။ တိုက်ယူမှ ရတော့မယ်ဆိုတဲ့စိတ်ကြောင့် လွှတ်မြောက်နယ်မြေ မှာ စစ်သင်တန်းတက်ခဲ့ပါတယ်” လို့ CDM ကျောင်းဆရာ တစ်ဦးက ပြောဆိုလိုက်ပါတယ်။ စစ်အာဏာရှင်ဖြုတ်ချဖို့ အတွက် ဆန္ဒပြရုံနဲ့ မထိရောက်နိုင်တော့စိတ်ဝင်လာကာ လွှတ်မြောက်နယ်မြေကို သွားပြီး စစ်သင်တန်း သွားတက်ခဲ့ပါတယ်။ ထိုသူဟာ အဖြူအစိမ်း ကျောင်းဝတ်စုံဝတ်ဆင်ပြီး ကလေးငယ်တွေကို စာသင်ကြားရတာကို...
ချယ်ရီမြေမှာ တိုးတိတ်သွားသော ကျောင်းတက်ခေါင်းလောင်းသံများ
SHAN -
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကျောင်းဆရာ/မ အများစု အလုပ်ထုတ်ခံရပြီး တစ်ချို့မှာ ဖမ်းဆီးထိန်းသိမ်းခံနေကြရပါတယ်။ တစ်ချို့သော ကျောင်းဆရာ/မ များကတော့ အာဏာသိမ်းမှုအစပိုင်းမှာ CDM လှုပ်ရှားမှုပါဝင်ခဲ့ပေမဲ့ မိသားစုအလိုက် စစ်ကောင်စီလက်က အချိန်အတော်ကြာ ထွက်ပြေးတိမ်းရှောင်နိုင်ဖို့ အခက်အခဲများရှိလာသည့်အပြင် မျိုးစုံသောခြိမ်းခြောက်မှုများနဲ့လည်း ကြုံတွေ့ရတယ်လို့ ကြားသိရပါတယ်။ ထို့ပြင် ကလေးများ...
ဟိုပုံးမြို့ CDM ပညာရေးဝန်ထမ်းနေရာကောင်းများကို Non-CDM များလုယူနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ စစ်အာဏာဖီဆန်ရေးလှုပ်ရှားနေသည့် CDM ပညာရေးဝန်ထမ်းများ၏ လစ်လပ်နေရာကောင်းများကို Non-CDM များက လုယက်ယူဆောင်နေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်း အစိုးရဝန်ထမ်းများ CDM ပြုလုပ်ကြပြီး၊ ထို CDM ပြုလုပ်သူများကို စစ်ကောင်စီ က ရာထူးမှ...
ဟိုပုံးမြို့ CDM ဝန်းထမ်းများ အလုပ်မှထုတ်ခံရသော်လည်း ဖမ်းခံရမည်ကို စိုးရိမ်နေရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့ စစ်အာဏာဖီဆန်ရေး CDM ပညာရေးဝန်ထမ်းများကို စစ်ကောင်စီ မှ အလုပ် ထုတ်ပယ်ခဲ့ သော်လည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိပါသည်။ CDM ပညာရေးဝန်ထမ်းများကို အလုပ်မှထုတ်ပယ်ရာတွင် စိတ်ချမ်းသားမှုတစ်ခုရရှိ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း ဟိုပုံးမြို့ CDM တွင် ပါဝင်သည့် ပညာရေးဝန်ထမ်း...
သျှမ်းရှေ့ ကျောင်းလုံးခြုံရေးအတွက် ပြည်သူများအလှည့်ကျ ကင်းစောင့်ရ
SHAN -
သျှမ်းပြည် အရှေ့ပိုင်းရှိ ကျောင်းလုံခြုံရေးအတွက် ဟုဆိုပြီး စစ်ကောင်စီမှ ပြည်သူများကို အလှည့်ကျ ကင်းစောင့်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ကျောင်းလုံခြုံရေး မစောင့်နိုင်ပါက တရက်လျှင် ကျပ်ငွေ (၈၀၀၀) ပေးဆောင်ရပြီး၊ လူအစားထိုးသွားစောင့်ရမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီ က အမိန့်ထုတ်ပြန်ထားကြောင်း သျှမ်းရှေ့ ပြည်သူများက သျှမ်းသံတော်ဆင့် ကို ပြောသည်။ “...






