ကိုဗစ်၊ နိုင်ငံရေးကြား ကျေးလက်ပညာရေး

သျှမ်းတောင်တန်းပေါ်က စာသင်ခန်းတွေ မှာ ခေါင်းလောင်းသံတွေ၊ စာအံသံတွေ တိတ်ဆိတ်နေတာ နှစ်နှစ်ကျော်လာပါပြီ။

နိုင်ငံရေးရှုပ်ထွေးမှု၊ စစ်ရေးပဋိပက္ခနဲ့ ကိုဗစ်ဒဏ်တွေကြောင့် သျှမ်းတောင်တန်းပေါ်ရှိ ကျောင်းခန်းတွေဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး ကျောင်းအင်္ဂါရပ်နဲ့တောင် မပြည့်စုံတော့တာတွေ ရှိနေပါတယ်။

“ကလေးတွေရဲ့ ပညာရေးကိုတော့ ကျမ တွေးပူတယ်။ တစ်နှစ်ပြီးတစ်နှစ် ပြီးသွားတယ်။ ကျောင်မတက်ရတာ ၂ နှစ် ရှိလာပြီ” လို့ မိုင်းရှူးမြို့နယ် ကျေးရွာတစ်ရွာမှာနေထိုင်တဲ့ မူလတန်းကျောင်းသူတစ်ဦးရဲ့ မိခင် နန်းစံဟွမ်က စိတ်ပူပန်မှုတွေနဲ့ ပြောလာပါတယ်။

သူမတို့နေထိုင်တဲ့ ကျေးရွာဟာ မြို့ပြနဲ့ အလှမ်းဝေးပြီး ကိုဗစ်ရဲ့ဒဏ်၊ နိုင်ငံရေး ပဋိပက္ခတွေရဲ့ ရိုက်ခတ်မှုဒဏ်တွေကြောင့် ကလေးတွေရဲ့ ကျောင်းပညာဟာရေး အလှမ်းဝေးနေရဆဲပါ။

မြို့ပေါ်ဒေသတွေမှာတော့ ကျောင်းတော်ကြီးပိတ်ထားရပေမယ့် ကလေးတွေရဲ့ ပညာရေးမပျက်ကွက်အောင် အွန်လိုင်းသင်ကြားမှုတွေနဲ့ သင်ယူနေရချိန်မှာ မြို့ပြနဲ့အလှမ်းဝေးပြီး အင်တာနက်လိုင်း မရှိ၊ မီးမရတဲ့ဒေသမှာ နေထိုင်ရတဲ့ နန်းစံဟွမ်တို့လို မိဘတွေကတော့ ကလေးပညာရေးအတွက် ရင်လေးနေကြပါတယ်။

“အသက်တွေက ကြီးလာပြီးတော့ သူတို့သင်ရမယ့်စာနဲ့ သူတို့စိတ်၊ သူတို့အရွယ် မကိုက်သလို ဖြစ်ကုန်မှာကို စိတ်ပူတယ်” ဟု ပထမတန်းတက်ပြီး ဒုတိယတန်းတက်ဖို့အတွက် (၂)နှစ် နားနေရတဲ့ မူလတန်းကျောင်းသူ တစ်ဦးရဲ့မိခင် နန်းစံဟွမ်က စိတ်ပူမှုတွေနဲ့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ပညာသင်နှစ်ကလည်း ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျောင်းတွေက မဖွင့်နိုင်သလို ယခုနှစ်မှာလည်း စစ်တပ်က အာဏာသိမ်းလိုက်လို့ ကျောင်းတွေထပ်ပြီး ပိတ်ထားရတဲ့အတွက် ကလေးတွေရဲ့ပညာရေးက တစ်နှစ်ပြီးတစ်နှစ် နောက်ကျလို့ စိတ်မကောင်းဖြစ်နေရကြောင်းကို နန်းစံဟွမ်က ပြောပါတယ်။

“အင်တာနက်ရော မီးရော မြို့ပေါ်ကလို မရဘူးလေ။ အင်တာနက် ရရင်တောင် အွန်လိုင်းကနေ ဘယ်လို သင်ရမှာလဲဆိုတာ မသိဘူး” လို့ နန်းစံဟွမ်က ပြောပါတယ်။

လျှပ်စစ်မီးမရှိ၊ အင်တာနက်မရှိသည့် မြို့ပြနဲ့ အလှမ်းဝေးတဲ့ ဒေသတွေမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးအတွက် စိန်ခေါ်မှုက မိဘတွေအတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်လာစေပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ကိုဗစ်အစောပိုင်းကာလတွေမှာ ကျောင်းပညာရေးကို အလှည့်ကျ အချိန်ပိုင်းနဲ့ ကျောင်းတက်ခဲ့ရတဲ့အတွက် ကျောင်းသားတွေဟာ စာနဲ့ထိတွေ့မှုရှိပေမဲ့ လက်ရှိမှာတော့ ကလေးတွေက စာနဲ့အလှမ်းဝေးတာ ကြာနေလို့ စိုးရိမ်နေရကြောင်း ဒေါ်နန်းစံဟွမ်က ပြောပါတယ်။

“စိတ်ပူတာပေါ့၊ အခုက ကျောင်းလည်း မတက်ရ၊ စာနဲ့လည်း ထိတွေ့မှုမရှိတော့ သင်ထားတဲ့ စာတွေတောင် မေ့ကုန်ပြီတဲ့လေ” နန်းစံဟွမ်က လေးတွဲ့တဲ့အသံဖြင့် ပြောလာပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကိုဗစ်မြင့်တက်နေတဲ့ကြားမှာ ကျောင်းကို ဖွင့်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။

“ဒီလောက်ထိ ကိုဗစ်တွေဖြစ်နေတာ ကျောင်းဖွင့်ပေမယ့် ကျောင်းမလွှတ်ရဲဘူး။ ကျောင်းဖွင့်တော့ ကျောင်းတက်တဲ့ကလေး ကိုဗစ်ကူးခံရတယ်။ ကြားနေရတာ။ ကျမ က ဘယ်လို လွှတ်ရဲမှာလဲ” လို့ နန်းစံဟွမ်က ဆိုပြန်ပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်းပြီးနောက် ပစ်ခတ်မှုတွေ မကြာခဏကြားလာရပြီး စိတ်မလုံခြုံမှုတွေ ရှိနေတဲ့အတွက် ကလေးတွေကို ကျောင်းပို့ဖို့ မိဘတစ်ချို့က ငြင်းဆိုနေကြဆဲဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရောဂါကူးစက်မှုအခြေအနေဟာ ကျဆင်းလာတာကြောင့် ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်တာဖြစ်တယ်လို့ စစ်ကောင်စီက ပြောပေမယ့် ကိုဗစ်ရောဂါကူးစက်မှုတွေက ရှိနေဆဲဖြစ်တဲ့အတွက် ကလေးများကို ကျောင်းပို့ရန် မဖြစ်နိုင်သေးကြောင်း အထက်တန်း ကျောင်းသားမိခင်တစ်ဦးကလည်း ပြောပါတယ်၊၊

“အခုကျောင်းပြန်ဖွင့်တာ သိပါတယ်။ ဒါပေမယ့် ကိုဗစ်နဲ့ ပတ်သက်လို့လည်း စိုးရိမ်းမှုတွေရှိတယ်၊ လုံခြုံရေးလည်း စိတ်မချရတော့ ကလေးကို ကျောင်းမလွှတ်သေးပါဘူး” ဟု အထက်တန်းကျောင်းသူတစ်ဦးရဲ့ မိခင် ဒေါ်နန်းပု က ဆိုထားပါတယ်။

ကျောင်းပိတ်ထားတာ ကြာနေပြီဖြစ်လို့ ကလေးတွေ စာပေသင်ကြားမှုကို အဆက်မပြတ်ဖို့အတွက် တတ်နိုင်တဲ့မိသားစုများကတော့ ကလေးတွေကို အွန်လိုင်းသင်ယူမှုနဲ့ ကျောင်းစာတွေကို ဆက်လက်လေ့လာစေခဲ့ပါတယ်။

“ကျောင်းပိတ်တာလည်းကြာပြီဆိုတော့ ဒီစာတွေနဲ့ ဝေးတာကြာရင် အားလုံးမေ့သွားမှာစိုးလို့ အိမ်မှာနေပြီး တတ်နိုင်တဲ့ဘက်ကနေ သင်ခိုင်းတယ်၊ ကျောင်းတက်ရသလိုမျိုးတော့ မထိရောက်ပါဘူး၊ အင်တာနက်ကြောင့်လည်း ပါပါတယ်” ဟု မိုင်းရှူးမြို့မှ အထက်တန်း ကျောင်းသားတစ်ဦး၏ မိခင် ဒေါ်နန်းပု က ပြောပါတယ်။

ကျောင်းပညာရေးမှာ ၈ တန်းအောင်မြင်ထားပြီး လက်ရှိတွင် အထက်တန်းပညာရေးကို အွန်လိုင်းကနေ တစ်ဆင့် လေ့လာသင်ယူနေရတဲ့ ကျောင်းသားတစ်ယောက်ရဲ့ မိခင်ဖြစ်သူ ဒေါ်နန်းပုကတော့ အွန်လိုင်းကနေ စာသင်နေတဲ့ သားဖြစ်သူဟာ အင်တာနက်လိုင်းကြောင့် အသံမကြားရတာ၊ ဆွေးနွေးလို့မရတာ စတဲ့ အခက်အခဲတွေရှိနေကြောင်း ပြောပါတယ်။

အွန်လိုင်းကနေ လေ့လာနေတဲ့ ကျောင်းသားများဟာ ဘာသာစကားနဲ့ အချိန်ပေးနိုင်မှုတွေက အဓိက အရေးပါပြီး မိဘများကိုယ်တိုင်က အင်တာနက်အသုံးပြုမှုကို အကျွမ်းတဝင်မရှိတဲ့အတွက်ကြောင့် ကလေးတွေကို ကောင်းကောင်းထောက်ပံ့မှု မပေးနိုင်ကြောင်းလည်း သိရပါတယ်။

“သားက ယောက်ျား ပီပီ စိတ်ဆတ်တယ်၊ သူပြောချင်တာတွေကို တစ်ဖက်က မကြားရတဲ့အခါလည်း စိတ်တို တာတို့၊ သူများဘက်က လိုင်းမကောင်းလို့ အသံထစ်နေတာတို့ ဆိုရင်လည်း သူက စိတ်မရှည်ချင်တော့ဘူး၊ တခါတလေ သူ့ကိုကြည့်ပြီး ကျမလည်း ပင်ပန်းရတယ်” ဟု မိခင်ဖြစ်သူ ဒေါ်နန်းပုက ဖွင့်ဟပြောဆိုထားပါတယ်။

ဒီမိုကရေစီခေတ် သာမန်နေ့ရက်များတွင်ပင် အင်တာနက်လိုင်း ပုံမှန်မရှိတဲ့ သျှမ်းပြည်မှ မိုင်းရှူးမြို့ကဲ့သို့ နယ်မြို့များဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အင်တာနက် အော်ပရေတာများလည်း ကောင်းမွန်စွာ လည်ပတ်နိုင်စွမ်းမရှိခဲ့ပါ။

အွန်လိုင်းပညာသင်ကြားရေးစနစ်ဟာ ကျောင်းသားများကို အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ပျင်းပျင်းရိရိနဲ့ အချိန်တွေကို ကုန်ဆုံးစေခဲ့တာမို့ ကျောင်းတက်ရတာထက်စာရင် ကလေးတွေကို ပိုပြီး ဖိအားပေးနေသလို ဖြစ်ကြောင်းလည်း မိဘများက ပြောပါတယ်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်းနှင့် သျှမ်းပြည်တခွင်ရှိ ပညာရေး အဆောက်အအုံတွေမှာ လုံခြုံရေးတပ်သားတွေချထားတဲ့အတွက် ကျောင်းသူ/ကျောင်းသားများရဲ့ သင်ယူလေ့လာရေးကိုပါ အကြပ်အတည်း ဖြစ်စေပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ သျှမ်းပြည်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကျောင်း ဆရာ/ဆရာမ အများစု ထုတ်ပယ်ခံရသလို တစ်ချို့ကလည်း ဖမ်းဆီးထိန်းသိမ်းခံနေကြရပါတယ်။

သျှမ်းပြည်က မြို့ငယ်လေး တစ်မြို့မှာ CDM လုပ်ရင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ ကျောင်းဆရာမ ဒေါ်နန်းနန်း(အမည်လွဲ)ကလည်း ကလေးတွေ ကျောင်းတက်ရမယ့်အချိန်မှာ ကျောင်းတက်နိုင်ရေးအတွက် လုံခြုံ နွေးထွေးတဲ့ ပတ်ဝန်းကျင်လိုအပ်ကြောင်း ပြောပါတယ်။

“ကျမတို့ကလေးတွေ စာသင်ဖို့ အလိုအပ်ဆုံးက လုံခြုံဖို့ပဲ၊ အခြေခံပညာဆိုတာ သင်ကြားရေးတစ်ခုပဲ မဟုတ်ဘူး၊ လူသားပြုစုပျိုးထောင်ရေးတစ်ခုလည်းဟုတ်တယ်။ အဲ့ဒါကြောင့် လုံခြုံနွေးထွေးတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ လိုတယ်” ဟု ပြောပါတယ်။

အသက်၂၅ နှစ်အရွယ်ရှိ ဆရာမ‌ဒေါ်နန်းနန်းဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ကို ပါဝင်လုပ်ဆောင်ခဲ့တဲ့ အတွက် စစ်ကောင်စီက အလုပ်ထုတ်တဲ့ ပညာရေးဝန်ထမ်း၊ ဆရာ/ဆရာမတွေထဲက တစ်ဦးအပါအဝင် ဖြစ်ပါ တယ်။

“ကျောင်းဆရာမ ဖြစ်ရတာကိုနှစ်သက်တဲ့အတွက်ကြောင့် အခုလိုအလုပ်ပြုတ်သွားတာတော့ စိတ်ထဲမှာ မကောင်းဘူး၊ ဆရာမရဲ့ လစာက သိပ်မများပေမဲ့ သူများတွေက လေးစားကြတဲ့အတွက် ဆရာမတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူပါတယ်၊ အခုလည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကလေးတွေကို စာပြပေးတယ်” ဟု ၎င်းက ပြောပါတယ်။

မြန်မာပြည်ဟာ ပညာရေးနဲ့ ပတ်သက်တဲ့ ဥပဒေ နည်းဥပဒေတွေ ဘယ်လိုပင် ရှိနေစေကာမူ စစ်အစိုးရကို ဆန့် ကျင်ခဲ့တာရှိပါက ကျောင်းသားဖြစ်စေ၊ ဆရာ/ဆရာမဖြစ်စေ ဖမ်းဆီး ထောင်ချခံရတဲ့အထိ ဖြစ်စဥ်များ ရှိခဲ့ ဖူးပါတယ်။

ယခု CDM လုပ်ဆောင်ထားသူ ကျောင်းဆရာမ ဒေါ်နန်းနန်းဟာလည်း အာဏာသိမ်းစစ်တပ်မှ ရှာဖွေဖမ်းဆီးမှုကို တိမ်းရှောင်နေရပါတယ်။ ၎င်းအနေဖြင့် မြို့ပြနှင့်ကျေးလက်ကို တပြေးညီပညာရေး ရစေချင်သူ ဖြစ်ပါတယ်။ အင်တာနက်ရှိရုံနဲ့ ပညာသင်ကြားနိုင်တဲ့ မြို့ပြကလေးများနည်းတူ တောင်ပေါ်နှင့်နယ်မြို့မှ ကလေးများကိုလည်း ရစေချင်တယ်လို့ ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကလည်း ကိုဗစ်ဒဏ်များအပြင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပျက်စီးဆုံးရှုံးနေရတဲ့ ကျောင်းသားပြည်သူတွေရဲ့ ပညာရေးအတွက် ကြားကာလပညာရေးအစီစဉ်ကို ထုတ်ပြန် ကြေငြာထားပါတယ်။

(၂၀၂၁ -၂၀၂၂) ကြားကာလပညာရေးအစီစဉ်ကို ကျောင်းသားလူငယ်များက မိမိတို့နေအိမ်၊ ရပ်ရွာထဲကနေ လုံခြုံစွာ ပညာသင်ကြားနိုင်ပြီး အလွတ်ကျက်ပညာရေးအစား တီထွင်တွေးခေါ်နိုင်မှုကိုအားပေးတဲ့ ပညာရေးအဖြစ် အကောင်ထည်ဖော်ဖို့ ရည်ရွယ်ချက်တွေနဲ့ လုပ်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ကြေညာတဲ့ ကြားကာလပညာရေးအစီစဉ်ဟာ အင်တာနက်အသုံးပြုရန် မလိုတဲ့သင်ကြားမှုပုံစံတွေကိုပါ စီစဉ်သွားမယ်လို့ဆိုထားပေမယ့် လက်ရှိမှာ သင်ခန်းစာတွေကတော့ မိုဘိုင်း အင်တာနက်ကနေတဆင့် သင်ကြားနေရလို့ အင်တာနက်မရှိတဲ့ တောင်ပေါ်ကျေးလက်တိုင်းရင်းသားဒေသများ က သင်ကြားနိုင်ခြင်း မရှိသေးပါဘူး။

သျှမ်းပြည်ဒေသရဲ့ ပညာရေးဟာ ကိုဗစ်နဲ့ နိုင်ငံရေးပဋိပက္ခရှုပ်ထွေးမှုတွေကြားမှာတော့ အလွန်ပင် အလှမ်းဝေးနေအုံးမှာပါ။

“ကလေးတွေအတွက် ကျောင်းမဖွင့်နိုင်သေးရင်တောင် ကျေးရွာမှာ အွန်လိုင်းရပြီး စုသင်တာတွေ လုပ်စေချင်တယ်။ မြို့မှာနေတဲ့ ကလေးတွေလို ဖြစ်စေချင်တယ်” လို့ နန်းစံဟွမ်က ဆိုပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...