Friday, April 19, 2024

CATEGORY

ပညာရေး

လမ်းပန်း ခက်ခဲတဲ့ တိမ်ပေါ်က ကလေးငယ်များဆီသို့

ညစ်ပေတဲ့ အဝတ်အစားတွေ၊ ညစ်ပေတဲ့ အိတ်ကို လွယ်တဲ့သူက လွယ်၊ တချို့ကလေးတွေကတော့ ဖိနပ်တွေမပါဘဲ မြေနီလမ်းပေါ် လျှောက်ကာ ကျောင်းတော်ကြီး ဆီသို့ အပူအပင်ကင်းစွာဖြင့် ချီတက်လာကြပါတယ်။   ကလေးတွေ ချီတက်သွားတဲ့ ကျောင်းကို ကြည့်လိုက်သည့် အခါ မြေနီပေါ် ဝါးနံရံကပ်ဖြင့် သာ တည်ဆောက်ထားတဲ့ ကျောင်းတကျောင်း ဖြစ်နေပါတယ်။ ထိုကလေးငယ်တွေက...

ပင်လုံမြို့တွင် ၁၉၇၇ မှ ၂၀၁၈ ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲကျင်းပရေး စီစဉ်နေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ပေါင်း ၄၀ အတောအတွင်း ပညာဆည်းပူးခဲ့ရသော ကျောင်းသူ/သား ဟောင်းများ ဦးဆောင်ကာ အာစရိယ ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ၁၉၇၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ အထက ကျောင်းတွင် ပညာသင်ယူခဲ့သော ကျောင်းသား/သူ ဟောင်း...

ဘွဲ့ရ၊ သင်တန်းပြီးပါက နေ့စားလပေး တိုင်းရင်းသားဘာသာစာပေ ဆရာ ဆရာမ များအား အစိုးရဝန်ထမ်းခန့်အပ်သွားမည်ဟု သျှမ်းပြည်နယ်အစိုးရပြော  

အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစကားသင်ကြားသော နေ့စားလပေး ကျောင်းဆရာများ ဘွဲ့ရ၊ သင်တန်းပြီးပါက အစိုးရဝန်ထမ်းအဖြစ် တရားဝင်ခန့်အပ်သွားမည်ဟု သျှမ်းပြည်နယ်အစိုးရကပြောဆို လိုက်သည်။ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစံဟွမ်က ဇွန်လ ၁၁ ရက်နေ့က ကျင်းပသော ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် - နေ့စားလပေး တိုင်းရင်းသားဘာသာ စာပေသင်ကြားသည့် ဆရာ ဆရာမ များအား...

သျှမ်း မြောက် မူဆယ် သျှမ်း၊ ကချင်၊ တအာင်း(ပလောင်) လူငယ်များ ပထမဆုံးအကြိမ် သျှမ်းလွှတ်တော် လေ့လာခွင့်ရ

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ရှိ သျှမ်း၊ ကချင်၊ တအာင်း(ပလောင်) စာပေ နှင့် ယဉ်ကျေးမှု မှ လူငယ် ၄၃ ဦးသည် သျှမ်းပြည်နယ် လွှတ်တော် ကို ပထမဆုံး အကြိမ် သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။ သျှမ်းပြည်နယ် မူဆယ်မြို့ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်...

ထိုင်း မြောက်ပိုင်း ခရိုင် ၉ ခုတွင်နေထိုင်သည့် မြန်မာနိုင်ငံသားများ၏ကလေးများ စာပေးစာယူ သင်တန်း အပ်နှံလက်ခံနေ

ထိုင်းနိုင်ငံ မြောက်ပိုင်း ခရိုင် ၉ ခု တွင် နေထိုင် အလုပ်လုပ်သည့် မြန်မာ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ၏ ကလေးငယ်များ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အခြေခံပညာ အထက်တန်း စာပေး စာယူ  အတွက် ကျောင်းအပ်လက်ခံကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း...

ဒုသမ္မတ ဟောင်း Dr.စိုင်းမောက်ခမ်း၏ဇနီး ထိုင်းနိုင်ငံတွင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိ  

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ဟောင်းရှိ မဟာကျူလားလုံးကွန်းတက္ကသိုလ်မှ ဒုသမ္မတ(ဟောင်း) ဒေါက်တာစိုင်းမောက်ခမ်း ၏ဇနီး နန်းရွှေမှုံအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။ မေလ ၂၆ ရက် ၂၀၁၉ ခုနှစ်က အဆိုပါဘွဲ့ ပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့ရာတွင် မဟာကျူလားလုံးကွန်း တက္ကသိုလ်မှပေးသော အဝေးသင်တက္ကသိုလ်ကျောင်းသားများထောင်ချီ နှင့်အတူ နန်းရွှေမှုံအား ဆုချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။ “ဒကာမကြီး ဒေါ်နန်းရွှေမှုံ ကတော့ သာသနာရေး၊ ပညာရေး၊...

ပညာရေးအတွက်အခက်အခဲရှိနေသော ကလေးများအား လင်းခေးသျှမ်းစာ/ယဉ် ကူညီပံ့ပိုး

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ မိဘမဲ့ကလေးများနှင့် ပညာဆက်လက် သင်ကြားရေးအခက်အခဲတွေ့နေသည့် ကျေးလက်မှကလေးများ ပညာရေးဆက်လက် သင်ကြားနိုင်ရေးပံ့ပိုး ပေးမှုပြုနေကြောင်းသိရသည်။ လင်းခေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဆရာစိုင်းအောင်ခင် က- “ ဒီကလေးတွေ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် နေထိုင်စားသောက်ဖို့ နေရာ ကျနော်တို့ ပေးပါမယ်။ အဲဒီအတွက် ဒီနေ့ မေလ ၂၄...

ထိုင်း ရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမား၏ ကလေး ထိုင်းကျောင်းသားများကိုယ်စားပြုကာ အမေရိကန်တွင် သိပ္ပံဆိုင်ရာပြိုင်ပွဲဝင် ဆုများဆွတ်ခူးရရှိ

မေလ ၁၂ ရက်မှ ၁၇ ရက်နေ့အထိ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင်ကျင်းပသော Intel ISEF 2019 ၏ Science Project Competition ပြိုင်ပွဲသို့ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ချင်းရိုင်းမြို့ရှိ ဒမ်းရုန်းရတ်ဆုံခရော့ အထက်တန်းကျောင်းမှ ကျောင်းဆရာနှင့်ကျောင်းသားလူငယ်လေးများလည်း ၀င်ရောက်ယှဉ်ပြိုင်ရာ သျှမ်းရွှေ့ပြောင်းအလုပ်သမား၏...

လားရှိုးမြို့တွင် လူငယ်ခေါင်းဆောင် စွမ်းရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် လူငယ်ခေါင်းဆောင်များ စွမ်းရည်မြှင့်တင်ရေးသင်တန်း  ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် Tai Youth Network က ဦးဆောင်ကာ မေလ ၂၀ ရက်မှ ဂျူလိုင်လ ၂၀ ရက်နေ့အထိ ၂ လကြာ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း  သင်တန်းဖြစ်မြောက်ရေးစီစဉ်သူ စိုင်းနော်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောသည်။ “အခုကျနော်တို့...

သီပေါစစ်ရှောင်ကလေးများ စာမေးပွဲဖြေနိုင်ရေးအခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း စစ်ရေးတင်းမာမှု၊ တိုက်ပွဲများကြောင့် စစ်ရှောင်နေရသော ကျောင်းနေအရွယ်ကလေးများမှာ စာမေးပွဲဖြေဆိုနိုင်ရန် အခက်ကြုံနေရကြောင်းသိရသည်။ “ စာမေးပွဲဖြေဖို့ စစ်ရှောင်ကလေး က ၁၃၀ လောက်ရှိတယ်။ ပညာရေးဌာန ကတော့ သူတို့ စာမေးပွဲ ဖြေဆိုခွင့်ရအောင် ဘုန်းကြီးကျောင်းမှာပြင်ဆင်ပေးမယ်တဲ့။ ဒါပေမယ့် မိဘက လယ်၊ ယာပြန်ကြည့်ရင် သူတို့...

Latest news