Wednesday, January 28, 2026

နောင်ချိုမြို့ CDM ပညာရေးဝန်းထမ်းများကို နည်းမျိုးစုံ ခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့၊ အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ပညာရေးဝန်းထမ်းများကို မြို့နယ်ပညာရေးမှူး ရုံးက နည်းမျိုးစုံသုံးကာ ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။

CDM လုပ်ဆောင်နေသည့် ပညာရေး ဝန်ထမ်းများကို မေ ၁၅ ရက်တွင် ကျောင်းသို့ လာပြီး ညှိနှိုင်းဆွေးနွေးရန် အတွက်ဆင့်ခေါ်စာများ နေအိမ်ထိ စာပို့ခဲ့ကြောင်း သိရသည်။

“ ကျနော်က ကြားကနေ အဆင်ပြေအောင် ဆောင်ရွက်ပေးနေတာ။ စာသွားပေးပြီးသူတို့ကလက်မခံဘူးဆိုရင်လည်း သူတို့ရဲ သဘော။ သူတို့ရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲမူတည်တယ်” ဟု နောင်ချိုမြို့ အထက (၂) မှ တာဝန်ခံ ကျောင်းအုပ် ဦးငြိမ်းချမ်းအောင်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အလားတူ နောင်ချိုမြို့နယ် ပညာရေးမှူးရုံး လူမူစာမျက်နှာကွန်ယက်တွင် CDM တွင် ပါဝင်နေခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီသာမက မိသားစုများကိုလည်း သက်ရောက်မှု ရှိနိုင်သည်ကို သတိပြုစေလိုကြောင်း၊ မေလ ၁၄ ရက် နောက်ဆုံးထားပြီး ဆက်သွယ်အကြောင်းကြားစေလိုကြောင်းကို နောင်ချိုမြို့နယ် ပညာရေးမှူး ရုံး၊ ဒုတိယဦးစီးမှူး ဒေါ် ဝေမာမြင့် က မေလ ၁၃ ရက်က ခြိမ်းခြောက်ပြောဆိုရေးသားထားခဲ့သည်။

ခြိမ်းခြောက် ဖိအားပေးမှု အမျိုးမျိုးဖြင့် ရင်ဆိုင်နေရသော်လည်း အာဏာဖီဆန်ရေး CDM တွင်ပါဝင်နေသည့် ပညာရေးဝန်ထမ်းများက CDM ကို အဆုံးထိ ဆောင်ရွက်သွားမည် ဖြစ်ကာ ပညာရေးမှူးနှင့် သွားရောက်ညှိနှိုင်းဆွေးနွေးမည် မဟုတ်ကြောင်း သိရသည်။

“ ကျမကတော့ အခု အဝေးတစ်နေရာကိုရောက်နေတယ်။ ပြန်မသွားတော့ဘူး။ တာဝန်လည်းမထမ်းဆောင်တော့ဘူး။ အလုပ်ထုတ်ရင် ထုတ်လိုက်တော့။ သူတို့ ဒီလိုစာထုတ်ပြန်လဲ ကျမတို့ကတော့ မသွားဘူး” ဟု တိမ်းရှောင်နေရသည့် နောင်ချိုမြို့နယ်မှ ဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများအနေဖြင့် မိမိ၏ မိသားစုဝင်များကို စစ်ကောင်စီ အုပ်စုမှ တစုံတရာ ပြုလုပ်ပြီး၊ ဖမ်းဆီး ချုပ်နှောင်မည်ကို စိုးရိမ်နေကြောင်းလည်း ပြောဆိုသည်။

နောင်ချိုမြို့တွင် CDM တွင်ပါဝင်သည့် ကျောင်းဆရာမတစ်ဦးကို မေလ ၉ ရက်တွင်စစ်ကောင်စီ အုပ်စုမှ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးပြီး
ရာဇသတ်ကြီး ပုဒ်မ (၅၀၅-က) ဖြင့် အမှုဖွင့်ထားကာ ယနေ့ချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

လက်ရှိ CDM ပြုလုပ်ထားသည့် နောင်ချိုမြို့ပညာရေးဝန်ထမ်း (၅)ဦးထက်မနည်း ပုဒ်မ (၅၀၅-က) ဖြင့် ဖမ်းဝရမ်းထုတ်ထားသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...

နောင်ချိုမြို့ TNLA နှင့် PDF များကို ထောက်ခံအားပေးသူဟုဆိုကာ ဖမ်းဆီးရန်လှုံ့ဆော်နေ

0
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသော သျှမ်းပြည် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သော သူများကို ဖမ်းဆီးရန် မှိုင်းဝေအပါအဝင် တယ်လီဂရမ်ချန်နယ်များက လှုံ့ဆော်နေသည်။ TNLA က တစ်နှစ်ကြာသိမ်းပိုက်ထားသော နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ပြီးနောက် ဇူလိုင် (၁၅)...

PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်းဆိုသည့် သတင်းအမှား

0
သျှမ်းပြည် နောင်ချိုမြို့အနီးတဝိုက်ရှိ TNLA ထိန်းချုပ်နယ်မြေအတွင်းမှ PDF များကို ထွက်ခွာခိုင်းဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ဖေ့ဘွတ်ခ်ပေ့ချ် အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် PDF များကို TNLA အဖွဲ့က နောင်ချိုမြို့အနီးတဝိုက်မှ ထွက်ခွာခိုင်းလျက်ရှိကြောင်း ၂၀၂၅ ဇွန် ၁၀ရက်မှ စတင်ကာ ရေးသားဖြန့်ဝေလျက်...

သျှမ်းပြည် စစ်ကောင်စီဂိတ်အချို့ ရုရှားနည်းပညာသုံး အက်ပလီကေးရှင်းဖြင့် ပုဒ်မ ၅၀၅ နှင့် CDM များကို ရှာဖွေစစ်ဆေး

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် ရုရှားနည်းပညာသုံး အက်ပလီကေးရှင်း ဆော့ပ်ဝဲတစ်ခုဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီ အလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများအား လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ...