Wednesday, January 28, 2026

နောင်ချိုမြို့ ဖမ်းဆီးခံရသော CDM ဆရာမ တဦး မိသားစုနှင့် အဆက်အသွယ်မရသေး

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပါဝင်သည့် ကျောင်းဆရာမတဦး ကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရသည်။

နောင်ချိုမြို့ အာဏာဖီဆန်ရေး လှုပ်ရှားရေး (CDM) ပါဝင်သည့် ကျောင်းဆရာ၊ဆရာမ များကို စစ်ကောင်စီ က ရာဇာသတ်ကြီး ပုဒ်မ( ၅၀၅)ဖြင့် စတင်အမှုဖွင့်ဆောင်ရွက်လာကြောင်း သိရသည်။

လက်ရှိဖမ်းဆီးခံရသည့် ဆရာမ ဒေါ်စန္ဒာမော်ကို စစ်ကောင်စီ က မေ (၉ )ရက် ညနေပိုင်း ၄နာရီတွင် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ရာဇာသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း နောင်ချို ဒေသခံ တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ပထမကတော့ အိမ်မှာလာစစ်တာ။ အိမ်မှာလက်နက်တွေ ရှိတယ်ဆိုပြီး ဝင်စစ်ကြတာ။ ဝင်စစ်တော့ ဘာမှမတွေ့ဘူးဗျ။ ဆရာမက ဈေးကနေရောက်လာတော့ စကားပြောစရာရှိလို့ဆိုပြီး စခန်း ကိုခေါ်သွားတာ။ နောက်ကျမှ ၅၀၅ နဲ့ တရားစွဲ ထားလိုက်ပြီဆိုတာ သိရတယ်” ဟု နောင်ချိုမြို့ ဒေသခံတဦး က ဆိုသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသော ဆရာမကို မည့်သည့်နေရာသို့ ပို့ဆောင်ထားကြောင်း မသိရှိရသေး ကြောင်း သိရသည်။

စစ်ကောင်စီ မှ နောင်ချိုမြို့ CDM တွင်ပါဝင်သော ပညာရေးဝန်ထမ်းများကို စတင်ဖမ်းဆီးမှု ပြုလာသည့်အတွက် ပညာရေးဝန်ထမ်းများလည်း နောင်ချိုတွင် မနေရဲတော့ဘဲ လွှတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း CDM ဆရာမတဦးက ပြောသည်။

“ ကျမအိမ်ကို ၅ ရက်နေ့က လာစစ်တာ။ အဲနေ့တော့ အိမ်မှာမရှိဘူး။ လာရှာတယ်လို့သိရတာနဲ့ ကျမလည်း ရှောင်ထွက်လာလိုက်တာ။ တစ်ချို့ကလည်းရှောင်ထွက်လာတယ်။ တစ်ချို့ကလည်း အိမ်မှာနေသေးတယ်။” ဟု နောင်ချိုမြို့ CDM ဆရာမ တဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိနောင်ချိုမြို့တွင် CDM ဆရာမများသည် နောင်ချိုမြို့မှ ထွက်ခွာလာသူ ၅ ဦးရှိကြောင်းသိရသည်။

“ နောင်ချိုကနေထွက်လာတာကတော့ ၅ ယောက်လောက်တော့ရှိမယ်။ တိကျတော့ မမှတ်မိဘူး။ ကျမပြောချင်တာက အလုပ်ထုတ်ရင်လည်း ထုတ်လိုက်တော့။ ဒီလို အမှုနဲ့ ဖမ်းဝရမ် းထုတ် မနေနဲ့တော့လေ။ ကျမတို့ကတော့ CDM မှာပဲ ဆက်ပြီးတောင့်ခံသွားမယ်။ အဆုံးထိတိုက်သွားမယ်” ဟု အထက်ပါ ဆရာမ ကပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ဖမ်းဆီးထားသောသူ ၈ ယောက်ရှိပြီး CDM တွင် ပါဝင်သူ တစ်ဦး ဖမ်းဆီးခံထားရကြောင်းသိရသည်။ ဖမ်းဆီးခံထားရသူများသည် မိသားစု များနှင့် အဆက်သွယ် မရရှိသေးကြောင်းသိရသည်။

ယမန့်နေ့ (မေ ၁၀)ရက် ညနက် သန်းခေါင်ယံ လူခြေတိတ်ချိန်တွင် နောင်ချိုမြို့တွင် စစ်ကောင်စီ အုပ်စုက သေနတ်သံများအဆက်မပြတ် ဖောက်နေကြောင်းလည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...