နောင်ချိုမြို့ ဖမ်းဆီးခံရသော CDM ဆရာမ တဦး မိသားစုနှင့် အဆက်အသွယ်မရသေး

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပါဝင်သည့် ကျောင်းဆရာမတဦး ကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရသည်။

နောင်ချိုမြို့ အာဏာဖီဆန်ရေး လှုပ်ရှားရေး (CDM) ပါဝင်သည့် ကျောင်းဆရာ၊ဆရာမ များကို စစ်ကောင်စီ က ရာဇာသတ်ကြီး ပုဒ်မ( ၅၀၅)ဖြင့် စတင်အမှုဖွင့်ဆောင်ရွက်လာကြောင်း သိရသည်။

လက်ရှိဖမ်းဆီးခံရသည့် ဆရာမ ဒေါ်စန္ဒာမော်ကို စစ်ကောင်စီ က မေ (၉ )ရက် ညနေပိုင်း ၄နာရီတွင် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ရာဇာသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း နောင်ချို ဒေသခံ တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ပထမကတော့ အိမ်မှာလာစစ်တာ။ အိမ်မှာလက်နက်တွေ ရှိတယ်ဆိုပြီး ဝင်စစ်ကြတာ။ ဝင်စစ်တော့ ဘာမှမတွေ့ဘူးဗျ။ ဆရာမက ဈေးကနေရောက်လာတော့ စကားပြောစရာရှိလို့ဆိုပြီး စခန်း ကိုခေါ်သွားတာ။ နောက်ကျမှ ၅၀၅ နဲ့ တရားစွဲ ထားလိုက်ပြီဆိုတာ သိရတယ်” ဟု နောင်ချိုမြို့ ဒေသခံတဦး က ဆိုသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသော ဆရာမကို မည့်သည့်နေရာသို့ ပို့ဆောင်ထားကြောင်း မသိရှိရသေး ကြောင်း သိရသည်။

စစ်ကောင်စီ မှ နောင်ချိုမြို့ CDM တွင်ပါဝင်သော ပညာရေးဝန်ထမ်းများကို စတင်ဖမ်းဆီးမှု ပြုလာသည့်အတွက် ပညာရေးဝန်ထမ်းများလည်း နောင်ချိုတွင် မနေရဲတော့ဘဲ လွှတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း CDM ဆရာမတဦးက ပြောသည်။

“ ကျမအိမ်ကို ၅ ရက်နေ့က လာစစ်တာ။ အဲနေ့တော့ အိမ်မှာမရှိဘူး။ လာရှာတယ်လို့သိရတာနဲ့ ကျမလည်း ရှောင်ထွက်လာလိုက်တာ။ တစ်ချို့ကလည်းရှောင်ထွက်လာတယ်။ တစ်ချို့ကလည်း အိမ်မှာနေသေးတယ်။” ဟု နောင်ချိုမြို့ CDM ဆရာမ တဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိနောင်ချိုမြို့တွင် CDM ဆရာမများသည် နောင်ချိုမြို့မှ ထွက်ခွာလာသူ ၅ ဦးရှိကြောင်းသိရသည်။

“ နောင်ချိုကနေထွက်လာတာကတော့ ၅ ယောက်လောက်တော့ရှိမယ်။ တိကျတော့ မမှတ်မိဘူး။ ကျမပြောချင်တာက အလုပ်ထုတ်ရင်လည်း ထုတ်လိုက်တော့။ ဒီလို အမှုနဲ့ ဖမ်းဝရမ် းထုတ် မနေနဲ့တော့လေ။ ကျမတို့ကတော့ CDM မှာပဲ ဆက်ပြီးတောင့်ခံသွားမယ်။ အဆုံးထိတိုက်သွားမယ်” ဟု အထက်ပါ ဆရာမ ကပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ဖမ်းဆီးထားသောသူ ၈ ယောက်ရှိပြီး CDM တွင် ပါဝင်သူ တစ်ဦး ဖမ်းဆီးခံထားရကြောင်းသိရသည်။ ဖမ်းဆီးခံထားရသူများသည် မိသားစု များနှင့် အဆက်သွယ် မရရှိသေးကြောင်းသိရသည်။

ယမန့်နေ့ (မေ ၁၀)ရက် ညနက် သန်းခေါင်ယံ လူခြေတိတ်ချိန်တွင် နောင်ချိုမြို့တွင် စစ်ကောင်စီ အုပ်စုက သေနတ်သံများအဆက်မပြတ် ဖောက်နေကြောင်းလည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...