Tuesday, February 17, 2026

လွိုင်လင်မြို့ မူလတန်းကျောင်း မီးလောင်မှုဖြစ်၊ ဆုံးရှုံးမှုများ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ အမှတ်(၂) မူလတန်းကျောင်းတွင် ယမန့်နေ့ (မေ ၃၁)ရက် ည ၁၁ နာရီဝန်းကျင်၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်သွားသည့် ကျောင်းဆောင်သည် ကျောင်းဆောင်ဟောင်းဖြစ်ကြောင်း၊ ဆုံးရှုံးမှုများလည်း ရှိနေကြောင်း သိရသည်။

“ ဘာကြောင့်မီးလောင်လည်းဆိုတာတော့ ကျနော်တို့မသိဘူးရသေးဘူး။ ကျောင်းဆောင်ဟောင်းလောင်သွားတာပါ။ အဲထဲမှာတော ခုံတွေရှိတယ်။ ဘယ်လောက် ဆုံးရှုံးသွားလည်း ဆိုတာကိုတော့ ခုစာရင်းတွက်နေသေးတယ်။ ဆုံးရှုံးမှုကတော့ ရှိတော့ရှိတာပေါ့နော် ကျောင်းဆောင်ဟောင်းဖြစ်လဲ” ဟု လွိုင်လင်မြို့ ကျောင်းဆရာတစ်ဦးက ပြောသည်။

ထိုမီးလောင်သွားသည့် ကျောင်းဆောင်သည် စာသင်ခန်းကျောင်းဆောင်မဟုတ်ကြောင်း၊ ပစ္စည်းများကို ထားရှိကြောင်း ကျောင်းဆရာက ပြောသည်။

ယနေ့ ဇွန်လ ၁ ရက်သည် စစ်ကောင်စီ မှ မြန်မာတဝှမ်းလုံးရှိ ကျောင်းများကို စတင်ဖွင့်လှစ်ရန် ညွှန်ကြားထား သော်လည်း လွိုင်လင်မြို့ တွင် ကျောင်းလာတက်သည့် ကျောင်းသားများ မရှိသလောက်နည်းပါးကြောင်း သိရသည်။

“ ကျောင်းသွားတက်တဲ့သူတွေကတော့ သိပ်မရှိဘူး။ ကျနော်တို့ အဆောင်ကလည်း ကျောင်းမတက်ကြပါဘူး။ ကျောင်းသွားတက်တဲ့သူဆို ၁၀ ရာခိုင်းနှုန်းလောက်ပဲရှိမယ်။ အတိအကျတော့ မသိရသေးဘူး” ဟု အဆောင်ဖွင့်ထားသည့် ဆရာတစ်ဦး ကပြောသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းများကို ပြန်လှည်ဖွင့်လစ်ပေးရန်စီစဉ်ခဲ့သော်လည်း တစ်ချို့မြို့ရှိ စာသင်ကျောင်းများ မီးလောင်မှုပြီး ပြာကျသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် ကျောင်းသား မိဘတစ်ဦးက “ ဒီလိုတော့ မဖြစ်စေချင်ဘူးလေ။ ကျောင်းတွေမီးရှို့တာတွေကိုတော့ မဖြစ်စေချင်ဘူး။ ဒီစစ်အာဏာရှင်ကို တွန့်လှန်ပစ်ရမယ်ဆိုတာတော့ ဟုတ်ပေမယ့် ကျောင်းတွေကို မီးရှိုးပစ်တာတော့ မလုပ်စေချင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း CDM မှာပါဝင်ပြီး ကျောင်းမသွားပဲနေကြပါ” ဟု ကျောင်းသား မိဘ တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းတွင် သျှမ်းပြည်တွင်းရှိ စာသင်ကျောင်းများ ပညာရေးမှူးရုံးများ အနီးတွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့နေလျက်ရှိကြောင်း သိရသည်။

ထိုစာသင်ကျောင်း၊ ဈေးများတွင် ဗုံးထောင်ခြင်း၊ ပေါက်ကွဲမှု ပြုလုပ်ခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့က ပြုလုပ်ခြင်းမဟုတ်ကြောင်းလည်း ကြေညာချက်ထုတ်ပြန်ထားကြသည်။

အာဏာသိမ်းစစ်ကောင်စီမှ ပညာရေးဝန်ထမ်းများ စုစုပေါင်းကို ၁သောင်းခွဲကို အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ တစ်ချို့ ပညာရေးဝန်ထမ်းများကို ရာဇသတ်ပုဒ်မ (၅၀၅- က) ဖြင့် တရားစွဲဆို ထားကြောင်း နိုင်ငံပိုင်ရုပ်သံ MWD မှ ထုတ်လွှင့်ကြေညာခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းများ စစ်အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပေါ်ရပ်ကွက်အတွင်း မီးလောင်မှုထပ်မံဖြစ်ပွား

0
သျှမ်းပြည်မြို့တော် တောင်ကြီးတွင် မြို့ပေါ်ရပ်ကွက်အတွင်း ဒုတိယအကြိမ် မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယနေ့ (မတ်လ ၁၆ ရက်) နေ့လည် ၁၂ ခန့်အချိန်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ် မြကန်သာပန်းခြံအနီး၊ နန်းထိုက်ရွှေစင်ကွန်ဒိုနှင့် မိဘအရိပ်ကွန်ဒိုအနီးရှိ လျှပ်စစ်ထရန်စဖော်မာမှ ဝါယာရှော့ဖြစ်ပြီး မီလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများကပြောသည်။ “မနေ့ကလည်း ရတနာသီရိထဲမှာလောင်တယ်၊ ဒီနေ့လည်း...

လောက်ကိုင် နာမည်ကြီး ဖူလီလိုက်ဟိုတယ် မီးလောင်မှုဖြစ်

0
သျှမ်းပြည် အထူးဒေသ (၁) လောက်ကိုင်မြို့ နာမည်ကြီး ဖူလီလိုက်ဟိုတယ်၏ တတိယ အထပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၂) ရက် ည (၆) နာရီဝန်းကျင်တွင် လောက်ကိုင်မြို့ရှိ ဖူလီလိုက် ဟိုတယ် (တတိယအထပ်) မီးလောင်ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုလည်း ရှိနိုင်ကြောင်း...

မူဆယ်မြို့နယ် တီးမ စျေးအတွင်းနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည် မူဆယ်မြို့နယ် တီးမကျေးရွာရှိ တီးမစျေးအတွင်း နေအိမ်ဆိုင်ခန်းတစ်ခု မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းအတွင်းသိုလှောင်ထားသည့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၃၀ ရက် ည ၁၁နာရီအချိန်တွင် မူဆယ်မြို့နယ် တီးမ ကျေးရွာအုပ်စု တီးမစျေးအတွင်းနေထိုင်သူ ဒေါ်ကြာမွေးခေါ် အသက် ၆၀ ကျော်အမျိုးသမီး၏ နေအိမ်တွင် အိမ်သုံး...

လွိုင်လင်မြို့ ကျပ်သိန်း ၅ ထောင်ကျော် တန်းဖိုးရှိ တရားမဝင် ထိန်းချုပ်ဓာတုပစ္စည်း ဖမ်းဆီးရမိ

0
သျှမ်းပြည် လွိုင်လင်မြို့တွင် ကျပ်သိန်း ၅ ထောင်ကျော်တန်ဖိုးရှိ တရားမဝင် ထိန်းချုပ် ဓာတုပစ္စည်း နှင့် အခြားဓာတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဓာတုပစ္စည်းများကို ဇွန် ၂၉ ရက် နံနက် ၇ နာရီတွင် သျှမ်းပြည် တောင်ကြီးမြို့ဘက်မှ လွိုင်လင်မြို့ဘက်သို့ အလာ လွိုင်လင်မြို့...

တောင်ကြီးမြို့ နေအိမ်တစ်လုံး ဖယောင်းတိုင် မီးထွန်းထားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ (၂) အတွင်းရှိ နေအိမ်တစ်လုံး ဖယောင်းတိုင် မီးထွန်းထားရာမှတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၆) ရက် ညပိုင်း ၈ နာရီဝန်းကျင်တွင် ဘုရားဖြူရပ်ကွက် နယ်မြေ (၂) အတွင်းရှိ နေအိမ်တစ်လုံး ဖယောင်းတိုင်မီးထွန်းထားရာမှတစ်ဆင့်...