Friday, May 3, 2024

လွိုင်လင်မြို့ ကျပ်သိန်း ၅ ထောင်ကျော် တန်းဖိုးရှိ တရားမဝင် ထိန်းချုပ်ဓာတုပစ္စည်း ဖမ်းဆီးရမိ

Must read

သျှမ်းပြည် လွိုင်လင်မြို့တွင် ကျပ်သိန်း ၅ ထောင်ကျော်တန်ဖိုးရှိ တရားမဝင် ထိန်းချုပ် ဓာတုပစ္စည်း နှင့် အခြားဓာတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

သိမ်းဆည်းရမိသည့် ဓာတုပစ္စည်းများ

အဆိုပါ ဓာတုပစ္စည်းများကို ဇွန် ၂၉ ရက် နံနက် ၇ နာရီတွင် သျှမ်းပြည် တောင်ကြီးမြို့ဘက်မှ လွိုင်လင်မြို့ဘက်သို့ အလာ လွိုင်လင်မြို့ အဝင်တိုးဂိတ်တွင် ၂၂ ဘီး တွဲယာဥ် (၄) စီးထံ တရားမဝင် သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုး ငွေကျပ် (၅) ထောင်ကျော် တန်းဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိခဲ့သည့် တရားမဝင် ထိန်းချုပ် ဓာတုပစ္စည်းများမှာ Hydrochloric Acid ၂၂၀၄၀ လီတာ နှင့် အခြား ဓာတုပစ္စည်း Dichloromethane Acid ၂၆၇၂၀ လီတာ တို့ဖြစ်ကြောင်း သိရသည်။

ထိုပစ္စည်းများသည် ရန်ကုန်မြို့ မှ နမ့်စန်သို့ သယ်ဆောင်ပြီး မူးယစ်ဆေးဝါး နှင့် စိတ်ပြောင်းဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုခြင်း ဖြစ်ကာ ၎င်းပစ္စည်းများကို သယ်ဆောင်လာသူ ၁၄ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်သည် စစ်ကောင်စီ၏ လေတပ်စခန်းရှိသလို စစ်ကောင်စီ၏ လက်အောက်ခံ နားရိုင်းပြည်သူ့စစ်၊ ပန်လျန်းဆိုင် ပြည်သူ့စစ် နှင့် SSS ပြည်သူ့စစ်တို့ လှုပ်ရှားသည့် ဒေသလည်း ဖြစ်သည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်းမှာ မြန်မာပြည်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုများလာပြီး မူးယစ်ဆေးထုတ်လုပ်မှု နှင့် အခြားနိုင်ငံမှာ တင်သွင်းလာသည့် မူးယစ်ဆေးများလည်း မျိုးစုံရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article