မိုင်းကိုင်မြို့ ဝန်ထမ်း ၊တပ်မိသားစုဝင်များသာ ကျောင်းလာအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် ကျောင်းလာအပ်သည့် ကျောင်းသားများမှာ ဝန်ထမ်းတပ်မိသားစုဝင်များ သာဖြစ်ကြောင်း စုံစမ်းသိရသည်။

မေ (၂၄) ရက်တွင် မှစတင်ပြီး စစ်ကောင်စီမှ ဖွင့်လှစ်မည့် အခြေခံ ပညာကျောင်းများကို ကျောင်းလာအပ်သည့် ကျောင်းသား ကျောင်းသူမှာ စစ်တပ်အသိုင်းအဝိုင်း နှင့် ဝန်ထမ်းမိသားစုများသာ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ဒီလို နိုင်ငံရေး အခြေနေ ရှုပ်ထွေးနေတဲ့အချိန်မှာ ကျနော်တို့လည်း ကိုယ့်သား သမီးတွေကို ကျောင်းမသွားစေချင် သေးဘူး။ ဗုံးလည်း ပေါက်တော့ လုံခြုံမှု မရှိဘူးလို့ ခံစားရတယ်။ အိမ်က ကလေး ကျောင်း တစ်နှစ်အောက်ထားလည်း ဘာမှ မဖြစ်ဘူး။ဒီလို အခြေနေနဲ့ ကျောင်းသွားရင် မိဘဖြစ်သူတွေလည်း စိတ်ပူရတယ်။” ဟု မိုင်းကိုင်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့ မေ (၂၈) ရက်ထိ မိုင်းကိုင်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း အထက တွင် ကျောင်းလာအပ်သည့် ကျောင်းသား ကျောင်းသူ (၆၀) ရှိပြီး၊ အထက (ခွဲ) မဟတ် တွင် ကျောင်းသား (၈၀) ခန့်သာ ကျောင်းလာ အပ်နှံကြောင်း စုံစမ်းသိရှိသည်။

ယမန်နေ့ မေ (၂၇) ရက်ည (၈း၁၆) မိနစ်ခန့်က မိုင်းကိုင်မြို့ ပညာရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ယနေ့ ကျောင်းလာအပ်သည့် ကျောင်းသား (၃) ဦးသာ ရှိကြောင်း သိရသည်။

“ဒီနေ့ အထက ကျောင်းမှာ ကျောင်းလာအပ်တဲ့ ကလေး (၃) ယောက်ပဲရှိတယ်။ တစ်ချို့ ဆရာ ၊ ဆရာမ တွေ နေရပ်ပြန်သွားကြပြီ။ ကြောက်လို့ထင်တယ်” ဟု မိုင်းကိုင်ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

မိုင်းကိုင်မြို့ရှိ ပညာရေးဝန်ထမ်းများလည်း စစ်အာဏာသိမ်းပြီးနောက် (CDM) ဘက်ပါဝင်လာသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ဆရာ ဆရာတွေတောင် CDM လုပ်ကြတာပဲ။ ကျမတို့လည်း ကိုယ့်သား သမီးတွေကို ကျောင်းမအပ်ခြင်းဖြင့် CDM လုပ်တဲ့ ဆရာ ဆရာမ တွေကို ထောက်ခံတယ်။ ပြီးတော့ စစ်ကောင်စီ က ဖွင့်မယ့် ပညာရေးကိုလည်း ကျမတို့ အလိုမရှိဘူး။” ဟု မိုင်းကိုင်ဒေသခံ ကျောင်းသား မိခင် တစ်ဦး ကပြောသည်။

ယခုရက်ပိုင်းတွင် သျှမ်းပြည်တွင်းရှိ စာသင်ကျောင်းများ ပညာရေးမှူးရုံးများ အနီးတွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျောင်းလာအပ်သည့် ကျောင်းသား ကျောင်းသူ များလည်းမတွေ့ရကြောင်း နည်းပါးလာကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းများ စစ်အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...