Wednesday, April 24, 2024

CATEGORY

ပညာရေး

ကျောက်မဲမြို့စာသင်ကျောင်းတွင် အရပ်၀တ် ဆရာ/ဆရာမများ ကျောင်းအပ် လက်ခံနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိအခြေခံပညာစာသင်ကျောင်းများတွင် အရပ်၀တ်ဖြင့် ကျောင်းဆရာများက ယနေ့ကျောင်းအပ်လက်ခံနေပြီး တပ်မိသားစုအနည်းငယ်သာ ကျောင်းအပ်နေကြောင်းသိရသည်။ စစ်ကောင်စီမှ ကျောင်းအပ်ရန် ကြေငြာထားသော ယနေ့ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းကစပြီး ကျောက်မဲမြို့ရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီ၏ ရဲနှင့်တပ်သားများက လုံခြုံရေးစောင့်ကြပ်ကာ အရပ်ဝတ်ဖြင့်    ဆရာ/ဆရာမများက  ကျောင်းအပ် လက်ခံနေကြောင်း ကျောက်မဲဒေသခံများကပြောသည်။  “စစ်ကောင်စီက...

စစ်ကောင်စီမှ ကျောင်းသန့်ရှင်းရေး ပြုလုပ်ရန်ဖိအားပေးခိုင်း

သျှမ်းပြည်တစ်ဝှမ်းရှိ မြို့ငယ်များတွင် စစ်ကောင်စီမှ ကျောင်းဖွင့်ရန်အတွက် ပြည်သူများကို ဖိအားပေးပြီး ကျောင်းသန့်ရှင်းရေး ပြုလုပ်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ မေ ၂၂ရက် မှစတင်ကာ ယနေ့ချိန်ထိ သျှမ်းတောင်ပိုင်းတွင် စစ်ကောင်စီ မှ မိဘပြည်သူများကို ကျောင်းသန့်ရှင်းရေး လုပ်ရန် ခေါ်ဆောင်နေပြီး၊ ကျောင်းလာအပ်ရန်လည်း အတင်းအဓမ္မ ခေါ်ဆောင်နေကြောင်း သျှမ်းတောင် ပြည်သူများက...

နောင်ချိုမြို့ CDM ပညာရေးဝန်းထမ်းများကို နည်းမျိုးစုံ ခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့၊ အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ပညာရေးဝန်းထမ်းများကို မြို့နယ်ပညာရေးမှူး ရုံးက နည်းမျိုးစုံသုံးကာ ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ CDM လုပ်ဆောင်နေသည့် ပညာရေး ဝန်ထမ်းများကို မေ ၁၅ ရက်တွင် ကျောင်းသို့ လာပြီး ညှိနှိုင်းဆွေးနွေးရန် အတွက်ဆင့်ခေါ်စာများ နေအိမ်ထိ...

နောင်ချိုမြို့ ဖမ်းဆီးခံရသော CDM ဆရာမ တဦး မိသားစုနှင့် အဆက်အသွယ်မရသေး

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပါဝင်သည့် ကျောင်းဆရာမတဦး ကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့ အာဏာဖီဆန်ရေး လှုပ်ရှားရေး (CDM) ပါဝင်သည့် ကျောင်းဆရာ၊ဆရာမ များကို စစ်ကောင်စီ က ရာဇာသတ်ကြီး ပုဒ်မ(...

စစ်ကျွန်ပညာရေးအောက် သျှမ်းတက္ကသိုလ်ကျောင်သားများ မတက်

စစ်အာဏာရှင် အမိန့်ဖြင့် ဖွင့်လှစ်မည့် တက္ကသိုလ်ကျောင်းကို သျှမ်းလူငယ်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက သွားတက်မည် မဟုတ်ကြောင်း သျှမ်းပြည်လူငယ်များက ပြောဆိုလိုက်သည်။ မြန်မာတဝှမ်းရှိ တက္ကသိုလ်ကျောင်းများကို မေ ၅ရက် ပြန်ဖွင့်လှစ်နိုင်ရန် အတွက် စစ်အာဏာရှင် အစိုးရ က ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း သျှမ်းပြည်ရှိ တက္ကသိုလ်များတွင် ကျောင်းသားများ သွားရောက်မှု မရှိသလောက်နီးပါးကြောင်း၊...

CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်မဝင်ပါက ၅၀၅ (က)ဖြင့်ဖမ်းဆီးမည်ဟု ခြိမ်းခြောက်

သျှမ်းပြည်အတွင်း စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများကို ရာဇာသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုနေသဖြင့် တချို့ ပညာရေးဝန်ထမ်းများ စိုးရိမ်စိတ်များဖြင့် လုပ်ငန်းခွင် ပြန်ဝင်နေရကြောင်း စုံစမ်းသိရသည်။ အကြမ်းဖက် စစ်ကောင်စီ မှ ကျောင်းများ ပြန်လည်ဝင်ရန် နည်းမျိုးစုံ ကြိုးစားနေပြီး၊...

မူဆယ်မြို့ CDM ပညာရေးဝန်ထမ်းများ နည်းမျိုးစုံ ဖိအားပေး ခြိမ်းခြောက်ခံနေရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် စစ်အာဏာရှင် စနစ်ကို အာဏာဖီဆန်မှုလှုပ်ရှားရာတွင် ပါဝင်သည့် ( CDM) ပညာရေးဝန်ထမ်းများကို လစာကိုယ်တိုင်လာထုတ်မှသာပေးမည်ဟု ဖိအားပေး၊ ခြိမ်းခြောက်ခံနေကြောင်း သတင်းရရှိသည်။ အဆိုပါ CDM ပါဝင်လှုပ်ရှားနေသည့် ပညာရေး ဝန်ထမ်းများကို လက်မှတ်ထိုးခိုင်းပြီး၊ လစာကိုယ်တိုင် လာထုတ်ယူခိုင်း ကြောင်း နှင့် မေ...

အကြမ်းဖက် စစ်ကောင်စီ မှ ဖွင့်လှစ်မည့်တက္ကသိုလ်များ မတက်ရန် လူငယ်များက တိုက်တွန်း

အကြမ်းဖက် စစ်ကောင်စီမှ ဖွင့်လှစ်မည့် တက္ကသိုလ်၊ကောလိပ်များကို မတက်ရန် အတွက် ကျိုင်းတုံတက္ကသိုလ် ကျောင်းသားများက ပြောဆိုလိုက်သည်။ နိုင်ငံတဝန်းရှိ တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ရန် အကြမ်းဖက်စစ်ကောင်စီ မှ ကြိုးစားနေကြောင်း၊ တက္ကသိုလ်များပြန်ဖွင့်ပါက ကျောင်းသားများအနေဖြင့် ကျောင်းမတက်ရန် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ တက္ကသိုလ်ကျောင်းသားများက ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကျွန်ပညာရေးကို လုံးဝ(လုံးဝ) မတက်ရောက်၊...

နောင်ချို CDM ပညာရေးဝန်ထမ်းများ ဖိအားပေး ခြိမ်းခြောက်ခံရ

သျှမ်းမြောက် နောင်ချိုမြို့နယ် မှ အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်နေသည့် ပညာရေးဝန်ထမ်းများကို ပညာရေးမှူး မှ လာရောက်ခြိမ်းခြောက်ကာ Non-CDM ပြန်လုပ်ခိုင်းကြောင်း နောင်ချို ပညာရေးဝန်ထမ်းများထံ စုံစမ်းသိရသည်။ ယခုရက်ပိုင်း CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများကို စာရင်းလိုက်ကောက်နေပြီး CDM ဆက်လုပ်ပါက လစာ ပေးတော့မည် မဟုတ်ကြောင်း၊...

သျှမ်း၊ မြန်မာ သမိုင်းပညာရှင် ဒေါက်တာစိုင်းအောင်ထွန်း ကွယ်လွန်

ကမ္ဘာတွင်လူသိများသည့် "History of The Shan State” စာအုပ်ကို ရေးသားခဲ့သူ သမိုင်းပညာရှင် ဒေါက်တာစိုင်းအောင်ထွန်း သည်ယနေ့ စက်တင်ဘာ ၂၅ ရက် မနက်အစောပိုင်းက ရန်ကုန်ဆေးရုံတွင် ကွန်လွန်ခဲ့သည်။ ဒေါက်တာစိုင်းအောင်ထွန်း ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ် ရှိပြီ ဖြစ်သည်။ ဆရာစိုင်းအောင်ထွန်း၏ သားဖြစ်သူ...

Latest news