Thursday, December 1, 2022

ကွတ်ခိုင်မြို့နယ် တိုက်ပွဲဖြစ်ပွား ကျောင်းများပြန်ပိတ်

Must read

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် ယနေ့ (ဒီဇင်ဘာ ၂၀)ရက်တွင် စာသင်ကျောင်းများကို ပြန်ပိတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် တိုက်ပွဲ ပြင်းထန်လာမှုကြောင့် ကွတ်ခိုင်မြို့နယ်ရှိ ကျောင်းများအားလုံးကို ပြန်ပိတ်လိုက်တာဖြစ်ကြောင်း သိရသည်။

“ဒီ‌နေ့တော့ ကျောင်းတွေ အကုန်ပြန်ပိတ်လိုက်ပြီ။ တိုက်ပွဲကြောင့် ပိတ်လိုက်တာ။ ဒီနေ့မှ စပိတ်တာ။ မနေ့က တိုက်ပွဲဖြစ်တော့ စိုးရိမ်လို့ပြန်ပိတ်တာ” ဟု ကွတ်ခိုင်မြို့ မှ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ကျောင်းဖွင့်ချိန်တွင်လည်း Non CDM ဆရာမများက ကျောင်းသားများနှင့်အတူ ကြားဝင်ပြီး လိုက်ပြန်သွားလေ့ ရှိကြောင်းသိရသည်။

“တချို့ ဆရာမတွေဆိုရင် ကျောင်းဆင်းရင် ကျောင်းသားတွေနဲ့အတူ ကြားထဲကနေ အိမ်ပြန်ကြတာ။ ပြီးတော့ သူတို့တွေလည်း စာသင်ရတာ စိတ်မဖြောင့်ဘူးတဲ့။ လန့်ပြီးစာသင်နေကြရတာတဲ့” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ကွတ်ခိုင်မြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၀)ရက် မွန်းလွဲ ၂ နာရီအချိန်တွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် တိုးဂိတ် ဝန်ထမ်း (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article