Friday, April 19, 2024

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ လစာ မရရှိကြသေး

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်းများ လစာမရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

အစိုးရဝန်းထမ်းဖြစ်သည် ပညာရေးဝန်ထမ်းများသည် နိုဝင်ဘာလအတွက် လုပ်အားခ လစာ မရရှိသေးကြောင်း သိရသည်။

“ပညာရေးဝန်ထမ်းကတော့ သေချာတယ်။ သူတို့တွေ လစာမရကြသေးဘူး။ နိုဝင်ဘာလက လုပ်အားခ လစာ မရကြသေးတာတဲ့။ အဲလိုပြောကြတယ်။ တခြားဝန်ထမ်းတွေလည်း မရလောက်သေးဘူး။” ဟု ဖယ်ခုံမြို့ CDM ပါဝင်လှုပ်ရှားနေသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံမြို့တွင် ပညာရေးဝန်ထမ်းများအပြင် ထွေအုပ်ရုံး၊ ကျန်းမာရေးဝန်ထမ်းများလည်း လစာမရရှိသေးကြောင်း သိရသည်။

“အစိုးရအလုပ်လုပ်တဲ့သူတွေအကုန် မရကြဘူးလို့ ကြားတယ်။ ပညာရေးဝန်ထမ်းတွေလည်း မရကြတော့ ကျန်တဲ့ ဌာနလည်း မရလောက်ဘူး။ ကျန်းမာရေးဌာနက လူတွေလည်း ကျမတို့ ဆက်သွယ်လို့ မရတော့ဘူး။” ဟု ၎င်း အမျိုးသမီးက ဆိုသည်။

ဖယ်ခုံမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံနှင့် ဝန်ထမ်းများတချို့ စစ်ဘေးရှောင်နေကြရသည်။

Leave a Comments

- Advertisement -spot_img

Latest article