Wednesday, January 28, 2026

တာလေမြို့ ကိုဗစ်မြင့်မားသည့်ကြား စစ်ကောင်စီ စာသင်ကျောင်း အတင်းဖွင့်ခိုင်း

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့တွင် ကိုဗစ် – ၁၉ ကူးစက်မှု ဆက်လက်မြင့်တက်နေသည့်ကြား စစ်ကောင်စီမှ စာသင်ကျောင်းများကို အတင်းဖွင့်လှစ်ကြောင်း ဒေသခံများက ပြောသည်။

တာချီလိတ်မြို့နယ် တာလေမြို့တွင် အောက်တိုဘာလ (၃၁)ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ် – ၁၉ ကူးစက်ခံရသူ (၁၁၈) ဦးအထိ စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့သော်လည်း နိုဝင်ဘာလ (၁)ရက်နေ့မှာ စာသင်ကျောင်းကို အတင်းဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့တစ်နေ့ကမှ ကိုဗစ် ၁၀၀ ကျော်တွေ့တာ နောက်တစ်နေ့ရောက်တော့ ကျောင်းတွေကို အတင်းဖွင့်ခိုင်းပြီး ကျောင်းအပ်ခိုင်းတယ်၊ အာဏာကို ကြောက်တဲ့မိသားစုနဲ့ ထောက်ခံတဲ့သူတွေက ကျောင်းအပ်ကြတာတွေ့တယ်” ဟု တာလေမြို့နေ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့တွင် တာလေမြို့ရှိ ဝမ်ဆာကျေးရွာတွင် ကိုဗစ်ပိုးတွေ့လူနာ (၁၁၈)ဦး စစ်ဆေး တွေ့ရှိရပြီးနောက် နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ စစ်ကောင်စီညွှန်ကြားချက်အတိုင်း ကျောင်းများ တက်နေကြရကြောင်း သိရသည်။

လက်ရှိတွင် ဝမ်ဆာကျေးရွာအတွင်း အရေးပေါ် ကိစ္စမှလွှဲ၍ ကျေးရွာပြင်ပသို့ ဝင်ထွက်သွားလာခြင်း မပြုလုပ်ရန်နှင့် အခြားကျးရွာမှ ရွာသူ ရွာသားများလည်း ဝမ်ဆာကျေးရွာသို သွားလာခြင်းမပြုကြရန် ကျေးရွာတာဝန်ရှိသူများက အသိပေးထားသော်လည်း အာဏာပိုင်တို့၏ ကျောင်းတက်ခိုင်းသည့် အမိန့်လည်းရှိနေသည့်အတွက် အခက်အခဲ ကြုံနေရကြောင်း ဝမ်ဆာရွာဒေသခံ တစ်ဦးက ပြောသည်၊၊

“ကျနော်တို့ရွာကတော့ ကျောင်းအပ်တဲ့ မိဘ မများပါဘူး၊ တစ်ရွာလုံး ၁၀ ယောက်တောင် မရှိဘူး၊ မြို့ပေါ်ကလည်း ကျောင်းတက်တဲ့သူမရှိဘူး ကြားတယ်၊ ကြောက်တယ်လေ၊ တစ်ဖက်က အာဏာ တစ်ဖက်က ရောဂါဆိုတော့ ကျောင်းတက်တဲ့လူက နည်းနည်းပဲ ရှိတယ်” ဟု ၎င်းက ပြောသည်၊၊

လက်ရှိဖြစ်ပေါ်နေသည့် အာဏာသိမ်းအဖွဲ့တို့ကြား ပဋိပက္ခများနှင့် ကိုဗစ် – ၁၉ ကာကွယ်ထိန်းချုပ်ရေး မလုပ်နိုင်သည့် အခြေအနေများကြောင့် ကျောင်းသားမိဘများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် ကျောင်းမအပ်လိုသူ၊ ကျောင်းမတက်လိုသူများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...