Tuesday, April 30, 2024

တာလေမြို့နယ်ခွဲ

တာလေမြို့နယ် လေပြင်းတိုက်ခတ် ဒေသခံ နေအိမ်တစ်ချို့ ပျက်စီး

သျှမ်းပြည်အရှေ့ပိုင်း တာလေမြို့နယ် မိုင်းလင်းကျေးရွာအုပ်စုအတွင်း လေပြင်း၊ မိုးကြီး ကျရောက်တိုက်ခတ်မှုကြောင့် နေအိမ်တစ်ချို့ ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီ ၁၀)ရက် ညနေ ၅ နာရီဝန်းကျင် မိုင်းလင်းကျေးရွာအုပ်စု နမ့်ခမ်းကျေးရွာ၊ နားဟိုင်းနွဲ့ကျေးရွာ၊ ကျတော်ကျေးရွာ တို့တွင် လေပြင်းဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်တစ်ချို့ နှင့် လယ်ယာများ ပျက်စီးသွားကြောင်း...

တာလေ – ကျိုင်းလပ် လမ်းပေါ် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ ပိုက်ဆံကောက်

သျှမ်းပြည်အရှေ့ပိုင်း တာလေ-ကျိုင်းလပ်မြို့ လမ်းတစ်ကြောတွင် စစ်ကောင်စီ နှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ကုန်တင်ကားများကို ပိုက်ဆံ အဆမတန် ကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုလမ်းတစ်ကြောတွင် စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် နားယောင်းပြည်သူ့စစ်တို့ ပူးပေါင်ပြီး ဂိတ်များကို တိုးချဲ့ဖွင့်ကာ ကုန်တင်ကားများ၊ ဒေသခံပြည်သူများထံ ပိုက်ဆံပိုကောက်ယူနေလျက်ရှိကြောင်း...

တာလေမြို့ ကိုဗစ်မြင့်မားသည့်ကြား စစ်ကောင်စီ စာသင်ကျောင်း အတင်းဖွင့်ခိုင်း

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့တွင် ကိုဗစ် - ၁၉ ကူးစက်မှု ဆက်လက်မြင့်တက်နေသည့်ကြား စစ်ကောင်စီမှ စာသင်ကျောင်းများကို အတင်းဖွင့်လှစ်ကြောင်း ဒေသခံများက ပြောသည်။ တာချီလိတ်မြို့နယ် တာလေမြို့တွင် အောက်တိုဘာလ (၃၁)ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ (၁၁၈) ဦးအထိ...

မိုးသည်းထန် ရွာသွန်းမှုကြောင့် နားဟိုင်းလုံ ကျေးရွာ နေအိမ်များအတွင်း ရေများဝင်ရောက်

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ရွှေတူးဖော်မှု ပြုလုပ်နေသည့် တာလေမြို့ နယ်ခွဲ နားဟိုင်းလုံ ကျေးရွာတွင် ယခုလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ထဲသို့ရေများဝင်ရောက်ကာ တိရိစ္ဆာန်များ သေကြကြောင်း သတင်းရရှိသည်။ “ မိုးရွာတာကတော့ မေလ ၃ ရက် ည ၁၀ နာရီကနေ မနက်...

တာလေမြို့နယ်ခွဲရွှေတူးဖော်ရေး စွန့်ပစ်မြေစာများကြောင့် ပျက်စီးခဲ့သော လယ်ယာမြေများ လျော်ကြေးမရသေးကြောင်း သျှမ်းပြည်နယ်လွှတ်တော်တွင် တင်ပြ

သျှမ်းပြည်အရှေ့ပိုင်းတာလေမြို့နယ်ခွဲတွင် ရွှေတူးဖော်မှုကြောင့်ပျက်စီးသွားသောလူထု၏ လယ်ယာမြေဧက ၃၇၀ ကျော်အားပြန်လည်ဖော်ထုတ်ပေးရေး သျှမ်းပြည်နယ်လွှတ်တော်တွင်မေးမြန်းရာ အမှန်တကယ် ပျက်စီးသည်မှာ ဧက ၂၄၀ ခန့်သာရှိကြောင်း သျှမ်းပြည်နယ်အစိုးရကပြောဆိုပါသည်။ မတ်လ ၂၈ ရက်နေ့ကစတင်ကျင်းပခဲ့သော ဒုတိယအကြိမ် ၊ သျှမ်းပြည် နယ် လွှတ် တော် နဝမပုံမှန်အစည်းအဝေးတွင် တန့် ယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်...

Latest news