Wednesday, January 28, 2026

တာလေမြို့နယ် လေပြင်းတိုက်ခတ် ဒေသခံ နေအိမ်တစ်ချို့ ပျက်စီး

သျှမ်းပြည်အရှေ့ပိုင်း တာလေမြို့နယ် မိုင်းလင်းကျေးရွာအုပ်စုအတွင်း လေပြင်း၊ မိုးကြီး ကျရောက်တိုက်ခတ်မှုကြောင့် နေအိမ်တစ်ချို့ ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဧပြီ ၁၀)ရက် ညနေ ၅ နာရီဝန်းကျင် မိုင်းလင်းကျေးရွာအုပ်စု နမ့်ခမ်းကျေးရွာ၊ နားဟိုင်းနွဲ့ကျေးရွာ၊ ကျတော်ကျေးရွာ တို့တွင် လေပြင်းဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်တစ်ချို့ နှင့် လယ်ယာများ ပျက်စီးသွားကြောင်း မိုင်းလင်းဒေသခံများ ပြောပြချက်အရ သိရသည်။

“ဟုတ်တယ်။ မနေ့က လေကြီးတိုက်တာ။ အိမ်တွေက ပျက်စီးသွားတာရှိတယ်။ တစ်ရွာထဲဖြစ်တာမဟုတ်ဘူး။ စုစုပေါင်း ဘယ်နှအိမ်လောက်ပျက်စီးလည်းတော့ မသိဘူး။ ၁၀ အိမ်ထက်မနည်း ပျက်စီးသွားတယ်။ ပြီးတော့ စိုက်ပျိုးထားတဲ့ အပင်တွေ၊ ဟင်းရွက်တွေလည်း အကုန်ပျက်စီးသွားတယ်” ဟု မိုင်းလင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုင်းလင်းကျေးရွာအုပ်စုထဲတွင် ယခင်က လေပြင်းတိုက်မှုဖြစ်ပွားခဲ့ဖူးသော်လည်း ယခုကဲ့သို့‌ နေအိမ်ပျက်စီးသည်အထိ မဖြစ်ဖူးခဲ့ပေ။

“အဲဒီနေရာတွေမှာက ရွှေတူးတဲ့နေရာဖြစ်တယ်။ အခုလည်း ရွှေတူးနေသေးတယ်။ အရင်ကလည်း ဒီလိုမျိုး လေတိုက်ဖူးတယ်။ ဒါပေမဲ့ ဘာမှ မဖြစ်ဘူး။ သူတို့ ရွှေတူးတာကြောင့် သဘာဝကနေ မထိန်းသိမ်းနိုင်လို့ အခုလို လေကြီးတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

အလားတူ လွန်ခဲ့သည့် ဧပြီ (၆)ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်ဆန်းကျေးရွာအုပ်စု မန်နားကျေးရွာတွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ ဆွမ်းစားကျောင်းဆောင်၊ ဥပုဒ်သည်ဇရပ် နှင့် လူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ရေကြီးမှုအပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ ကျော် ထပ်မံပျက်စီး 

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးမှုဒဏ် ခံစားခဲ့ရသည့် အပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အလုံး ၄၀ ခန့် ထပ်မံပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။  နိုဝင်ဘာလ ၂ ရက်ညအချိန်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဖက်ခြမ်းရှိ ကံလှ၊ ကနုကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၄၀ ခန့်...

လေပြင်းတိုက်ခတ်မှုကြောင့် စေတီထီးတော်များ၊နေအိမ်းများ ပျက်စီး

0
သျှမ်းပြည် မိုင်းတုံမြို့တွင် မိုးရွာ လေပြင်းတိုက်ခက်မှုကြောင့် စေတီထီးတော်များ နှင့် နေအိမ်များ ပျက်စီးမှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းတုံမြို့တွင် ယမန်နေ့ ( ဧပြီလ ၁၀ )ရက် ည ၆ နာရီမှ ၇ နာရီခွဲ ဝန်းကျင်ထိ မိုးသည်းထန်ရွာပြီး လေပြင်းတိုက်ခတ်မှုများကြောင့် မိုင်းတုံမြို့ရှိမိုင်းစေတီ၊...

ကွတ်ခိုင် လေပြင်းတိုက် ကလေးငယ်တစ်ဦးသေဆုံး၊ အဆောက်အဦးပျက်စီး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး စာသင်ကျောင်း အပါအဝင် နေအိမ်များ ပျက်စီးမှု ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၉) ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာမှ ကလေးငယ်တစ်ဦး ကျွဲကျောင်းသွားနေစဉ် လေပြင်းကြောင့် လွှင့်ပါသွားပြီး ကျောက်တုံးနှင့်တိုက်မိကာ...

ဆီဆိုင်မြို့နယ်အတွင်း လေပြင်းတိုက် အဆောက်အအုံများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုအတွင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်မှုကြောင့် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းများတိုက်မှုကြောင့် နေအိမ် အဆောက်အအုံများ ၁၀ လုံးနီးပါး နှင့် စာသင်ကျောင်းဆောင်တစ်ဆောင် ထိခိုက်ပျက်စီးရကြောင်း ဒေသခံအမျိုးသား တစ်ဦးက...

တာလေ – ကျိုင်းလပ် လမ်းပေါ် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ ပိုက်ဆံကောက်

0
သျှမ်းပြည်အရှေ့ပိုင်း တာလေ-ကျိုင်းလပ်မြို့ လမ်းတစ်ကြောတွင် စစ်ကောင်စီ နှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ကုန်တင်ကားများကို ပိုက်ဆံ အဆမတန် ကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုလမ်းတစ်ကြောတွင် စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် နားယောင်းပြည်သူ့စစ်တို့ ပူးပေါင်ပြီး ဂိတ်များကို တိုးချဲ့ဖွင့်ကာ ကုန်တင်ကားများ၊ ဒေသခံပြည်သူများထံ ပိုက်ဆံပိုကောက်ယူနေလျက်ရှိကြောင်း...