လေပြင်းတိုက်ခတ်မှုကြောင့် စေတီထီးတော်များ၊နေအိမ်းများ ပျက်စီး

သျှမ်းပြည် မိုင်းတုံမြို့တွင် မိုးရွာ လေပြင်းတိုက်ခက်မှုကြောင့် စေတီထီးတော်များ နှင့် နေအိမ်များ ပျက်စီးမှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မိုင်းတုံမြို့တွင် ယမန်နေ့ ( ဧပြီလ ၁၀ )ရက် ည ၆ နာရီမှ ၇ နာရီခွဲ ဝန်းကျင်ထိ မိုးသည်းထန်ရွာပြီး လေပြင်းတိုက်ခတ်မှုများကြောင့် မိုင်းတုံမြို့ရှိမိုင်းစေတီ၊ ဝမ်မိုင် နှင့် စသည့် ဘုန်းကြီးကျောင်း စေတီထီးတော်များ ပြုတ်ကျ ပျက်စီးခဲ့ကာ ပြည်သူနေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က လေတွေအရမ်းကြမ်းတယ်။ဘုန်းကြီးကျောင်း ၄ ခု လောက်က စေတီတွေလည်း ထီးတော်တွေ ပြုတ်ကျတယ်။ရပ်ကွက်ထဲက အိမ်တွေကလည်း ပျက်စီးမှုရှိပါတယ်။စာရင်းကောက်နေတုန်းပါ။”ဟု မိုင်းတုံမြို့ ‌ဒေသခံများအမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းတုံမြို့တွင်းရှိ လမ်းပေါ်တွင်လည်း သစ်ပင် အချို့လှဲကျမှုများရှိနေပြီး သက်ဆိုင်ရာ အဖွဲ့များမှ ကူညီ ဖယ်ရှားမှုများ ပြုလုပ်ပေး နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ်အတွင်း လေပြင်းတိုက် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၆)ရက်နှင့် (၇)ရက်တွင် ရွာငံမြို့နယ်အတွင်း မိုးသီးကြွေကာ လေပြင်းတိုက်ခဲ့သောကြောင့် ဒေသခံစိုက်ခင်းများအပြင် နေအိမ် ငါးလုံးထက်မနည်း ပျက်စီးသွားသည့်အပြင် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး ယနေ့အထိ မီးမလာသေးကြောင်း သိရသည်။ “မိုးတွေအရမ်းရွာတယ်...

ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး...

ငလျင်ဒဏ်သင့် ပင်လောင်းနယ်ခံများ နေအိမ်ပြန်လည်ထူထောင်ရေးအတွက်လိုအပ်

0
ပြင်းအား ၇.၇ စစ်ကိုင်းငလျင်ကြောင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းက ကျေးရွာများ အိမ်ခြေ ရာဂဏန်း ထိခိုက်ပျက်စီးသွားသောကြောင့် ပြန်လည်ထူထောင်ပြီး ဒေသခံများနေရပ်ပြန်နေနိုင် ဖို့ရန်ခက်ခဲနေသည်ဟု ပင်လောင်းမြို့ခံများကပြောသည်။ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့ နယ် တောင်ထီဗွာကျေးရွာအုပ်စု နန်းပန်းရွာ အိမ်ခြေ ၁၀၀ ကျော် ၊ ပင်လောင်းကြီး...

သီပေါမြို့ တိုက်ပွဲအတွင်းပျက်စီးခဲ့သော နေအိမ်များကို လူမှုကူညီရေးအဖွဲ့ ဆက်လက်ကူညီမည်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ဆက်လက်ကူညီ ထောက်ပံ့မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လက်ရှိ သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးသွားသည့် ပြည်သူနေအိမ် (၂၀၀) ကျော်အတွက်...

ဆီဆိုင်မြို့နယ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် နေအိမ် ၂လုံးပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုရှိကြောင်း သိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၆)ရက်နေ့ မနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်သည် ပအိုဝ်းလူမျိုးများနေထိုင်သည့် ထီစုံကျေးရွာကို မီးလောင်ဗုံးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၂ အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း PNLA...