Thursday, May 2, 2024

ကွတ်ခိုင် လေပြင်းတိုက် ကလေးငယ်တစ်ဦးသေဆုံး၊ အဆောက်အဦးပျက်စီး

Must read

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး စာသင်ကျောင်း အပါအဝင် နေအိမ်များ ပျက်စီးမှု ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

Photo – Local

ယမန်နေ့ (ဇူလိုင် ၁၉) ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာမှ ကလေးငယ်တစ်ဦး ကျွဲကျောင်းသွားနေစဉ် လေပြင်းကြောင့် လွှင့်ပါသွားပြီး ကျောက်တုံးနှင့်တိုက်မိကာ သေဆုံးသွားခဲ့ရကြောင်း သွားရောက်ကူညီသူများထံ သိရသည်။

“ ၄ တန်းကျောင်းသူ တစ်ဦးပါ။ ကျွဲသွားကျောင်းချိန်မှာ လေပြင်းထဲ လွှင့်ပါသွားပြီး ကျောက်တုံးနဲ့တိုက်မိပြီး ဆုံးသွားတာ“ ဟု ၎င်းကို သွားရောက်ကူညီခဲ့သူက လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဖော်ပြထားသည်။

လေပြင်းတိုက်ခတ်မှုကြောင့် သေဆုံးသွားသူသည် အသက် ၁၂ အရွယ် ၄ တန်းကျောင်းသူ လွေးသန္တာဦး ဖြစ်ကြောင်း သိရသည်။

အလားတူ လေပြင်းတိုက်ခတ်မှုကြောင့် ကွတ်ခိုင်မြို့နယ် လွယ်ဆမ်ဆစ်တောင် အနီးရှိ ချမ်းမြေ့သာစည် သီလရှင် စာတိုက်လည်း ပျက်စီးခဲ့ပြီး မန်နောင်၊ မန်တုံ နှင့် ဟိုကျန့် ကျေးရွာများရှိ လူနေအိမ်များ၊ အုတ်တံတိုင်းများနှင့် သစ်ပင်များလည်း ပြိုလဲပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ ကျောင်းဆောင်များ အပါအဝင် စာသင်ကျောင်းများ ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article