Tuesday, January 27, 2026

မိုးသည်းထန် ရွာသွန်းမှုကြောင့် နားဟိုင်းလုံ ကျေးရွာ နေအိမ်များအတွင်း ရေများဝင်ရောက်

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ရွှေတူးဖော်မှု ပြုလုပ်နေသည့် တာလေမြို့ နယ်ခွဲ နားဟိုင်းလုံ ကျေးရွာတွင် ယခုလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ထဲသို့ရေများဝင်ရောက်ကာ တိရိစ္ဆာန်များ သေကြကြောင်း သတင်းရရှိသည်။

မိုးရွာသွန်းပြီးနောက်ပိုင်းနားဟိုင်းလုံရွာတွင်းအခြေအနေ

“ မိုးရွာတာကတော့ မေလ ၃ ရက် ည ၁၀ နာရီကနေ မနက် ၃နာရီထိ ဆိုတော့ အိမ်နောက်က ချောင်းရေတွေ တက်လာတယ်။ နေအိမ် ၄ လုံး ရေဝင်တယ်။ တိရိစ္ဆာန်တွေလည်း သေတာ အများကြီးပါပဲ” လို့ နားဟိုင်းလုံ ကျေးရွာမှ သွားဖွားဆရာမ နန်းလာ က ပြောသည်။

ချောင်းရေများ လျှံကာ  အိမ်ခြေ ၄အိမ်ထဲဝင်ပြီး ခြံထဲသို့ သဲများဖုံးသွားကြောင်း၊ အိမ်မွေး ကြက် ၁၅၀ ကျော်သေဆုံးပြီး၊ အိမ်သုံးပစ္စည်းများလည်း ပျက်စီး ကြောင်း နန်းလာ ကပြောသည်။

“ ဒီနှစ်က မိုးရွာတာ စောသလို ချောင်းရေလျှံ သဲတွေ မြင့်တက်မှုကလည်း စောလာတယ်။ အရင်နှစ်တွေက ဂျူလိုင်၊ သြဂုတ် လောက်မှဖြစ်တာ။ သဲတွေ ရေတွေ အိမ်ထဲဝင်ရင်တော့ တခြား အိမ်ရွှေ့နေကြတယ်။ ” ဟု နန်းလာ က ဆိုသည်။

ရွှေတူးဖော်မှု ဆက်လုပ်နေသေး သရွေ့ နားဟိုင်းလုံရေလွှမ်းမိုး မှုက ပိုပြီး ဖြစ်လာမည်ဖြစ်ကြောင်း လည်း နာဟိုင်းလုံ ကျေးရွာ ဒေသခံများက ပြောသည်။

“ အိမ်ထဲမိုးရေတွေဝင်၊ သဲနှုန်းတွေ ဝင်လာရင် ငိုကြ အော်ကြ တာတွေ ကြားရတာစိတ်မကောင်းဘူး။ ကျမအနေနဲ့ကတော့ ရွှေတူးဖော်မှုကို ရပ်စေချင်ပြီ” ဟုလည်း နန်းလာ က ထပ်ပြောသည်။

မိုးသည်းထန်ရွာသွန်းကာ နေအိမ်ထဲသဲနှုန်းများ၊ရေများဝင်ရောက်ပြီး ပျက်စီးဆုံးရှုံးမှုကိုလည်း တာလေမြို့အုပ်ချုပ်ရေးမှူး၊ မိုင်းလင်းနယ်မြေ စခန်းမှူး၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး နှင့် ကြာကူနီ ဌာနေ ပြည်သူ့စစ် တို့က ကွင်းဆင်းစစ်ဆေး ကြောင်း သိရသည်။

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်း ရွှေတူးဖော်မှု ကို ၂၀၀၇ ခုနှစ်တွင် စတင်တူးဖော်ခဲ့သည်။ ရွှေတူးဖော်မှုစီမံကိန်းမှ သဲနှင့်နှုန်းမြေများ၊ အဆိပ်ဓါတ်ပါသောရေများက ဒေသခံလူထု၏ လယ်ယာခြံမြေများအတွင်းနှင့် နေအိမ်များအတွင်းဝင်ရောက်သဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီး၊ မြစ်ချောင်းများတိမ်ကောပျောက်ကွယ်ကာ လယ်ယာဧကပေါင်း ရာနှင့်ချီပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ရွှေတူးဖော်မှုရပ်ဆိုင်းရန် ဒေသခံများအကြိမ်ကြိမ်တောင်းဆိုသော်လည်း ယနေ့တိုင် ရပ်ဆိုင်းခြင်း မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ် အွန်လိုင်းလောင်းကစားများ ဖမ်းဆီးစစ်ဆေးမှု ကြမ်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် အွန်လိုင်း လောင်းကစားများကို ဖမ်းဆီး စစ်ဆေးမှုကြမ်းနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များက ကြိုတင်အသိပေးမှုများ ပြုလုပ်ပြီး ဖေဖော်ဝါရီလ ၆ ရက် မှစတင်၍ လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံ...

အရက်အတူသောက်လူငယ် နှစ်ဦး အချင်းချင်းရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွား

0
သျှမ်းပြည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း အရက်အတူတူ သောက်နေကြသည့် အမျိုးသားလူငယ် နှစ်ဦးသည် အချင်းချင်း စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇွန်လ ၁၈) ရက်နေ့ ညပိုင်း ၇ နာရီတွင် တာချီလိတ်မြို့၊ ပန်ဟက်ကျေးရွာနေ လူငယ်တစ်ဦး နှင့် သီရိငေါကျေးရွာနေ လူငယ်တစ်ဦး...

တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ ပြန်အသုံးပြုနေ

0
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာရှိ ဒေသခံများ ကကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ ပိတ်ရန် တောင်းဆိုထားသော်လည်း ပြန်လည် အသုံးပြုလာနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ နောက်ဆုံးပတ်မှစတင်ပြီး လွယ်သထုံကျေးရွာရှိ ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံကို ပြန်အသုံးပြုလာသည့်အတွက်ကြောင့် အနံ့သက်ဆိုးများ ပြန်ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ “ဘယ်လိုပြောပြော မရဘူး။ သူတို့...

တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုကြောင့် ပြည်သူများ အသက်ရှုကြပ်

0
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် လွယ်သထုံ ကျေးရွာအုပ်စုရှိ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံ ကြောင့် ပြည်သူများ အသက်ရှုကြပ်နေကြောင်း သတင်းသိရသည်။ ယခု မတ်လဆန်းပိုင်းမှ စတင်ကာ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံမှ အနံ့ဆိုးများ ပြန်လည်ထွက်လာခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက အသက်ရှုကြပ်သည့်အပြင် ခေါင်းကိုက်ဝေဒနားများလည်း...

နားဟိုင်းလုံကျေးရွာ သဲမြှုပ်နေအိမ်များကို ရွှေတူးဖော်မှုကုမ္ပဏီက တာဝန်ယူပေးခြင်းမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာတွင် ရေ ၊ သဲ မြှုပ်နေသော နေအိမ်များကို ရွှေတူးဖော်သည့် ကုမ္ပဏီမှ တာဝန်ယူ လျော်ကြေးပေးမှုမရှိသေးကြောင်း စုံစမ်းသိရသည်။ နားဟိုင်းလုံကျေးရွာသည် ပြီးခဲ့သည့် ဇူလိုင်လမှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်သူနေအိမ်များတစ်ချို့ ရေမြှုပ်သွားပြီး၊ တစ်ချို့နေအိမ်များသည် သဲမြှုပ်နေကြောင်း သိရသည်။ အဆိုပါ ရေကြီးမှုကြောင့်...