Wednesday, January 28, 2026

တာလေမြို့နယ်ခွဲရွှေတူးဖော်ရေး စွန့်ပစ်မြေစာများကြောင့် ပျက်စီးခဲ့သော လယ်ယာမြေများ လျော်ကြေးမရသေးကြောင်း သျှမ်းပြည်နယ်လွှတ်တော်တွင် တင်ပြ

သျှမ်းပြည်အရှေ့ပိုင်းတာလေမြို့နယ်ခွဲတွင် ရွှေတူးဖော်မှုကြောင့်ပျက်စီးသွားသောလူထု၏ လယ်ယာမြေဧက ၃၇၀ ကျော်အားပြန်လည်ဖော်ထုတ်ပေးရေး သျှမ်းပြည်နယ်လွှတ်တော်တွင်မေးမြန်းရာ အမှန်တကယ် ပျက်စီးသည်မှာ ဧက ၂၄၀ ခန့်သာရှိကြောင်း သျှမ်းပြည်နယ်အစိုးရကပြောဆိုပါသည်။

ရွှေတူးဖော်ရေးကြောင့် ပျက်စီးခဲ့သော လယ်ယာမြေများ

မတ်လ ၂၈ ရက်နေ့ကစတင်ကျင်းပခဲ့သော ဒုတိယအကြိမ် ၊ သျှမ်းပြည် နယ် လွှတ် တော် နဝမပုံမှန်အစည်းအဝေးတွင် တန့် ယန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းမြတ် က ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းရာ သျှမ်းပြည်နယ်အစိုးရအဖွဲ့သယံဇာတနှင့် သဘာ ၀ပတ်ဝန်းကျင် ထိန်း သိမ်းရေး ၀န်ကြီး ဒေါက်တာညီညီအောင် ကထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည် ။

နားဟိုင်းလုံကျေးရွာ ရွှေတူးဖော်သည့်နေရာ

တာချီလိတ်မြို့နယ် ၊ တာလေမြို့နယ်ခွဲ ၊ မိုင်းလင်းကျေးရွာအုပ်စု ၊ နားဟိုင်း လုံကျေးရွာတွင် ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီများ၏ စွန့်ပစ်မြေစာများကြောင့် တောင်သူလယ်သမားအခက်တွေ့နေရသည့်အပေါ် ဒေသံလူထုက- ရွှေသတ္တုတူးဖော်နေသော ကုမ္ပဏီ များ၏လုပ်ကွက်များအား ချက်ချင်းရပ်ဆိုင်းပေးရန် နှင့် သက်တမ်းမ တိုးပေးရန်၊ ပျက်စီးဆုံးရှုံးသွားခဲ့သော လယ်ယာမြေ ၃၇၀ ဧကအားပြန် လည်ဖော်ထုတ်ပေးရန် ၊ ပြန် လည်မဖော်ထုတ်ပေးစဉ်ကာလတွင် ပွင့်လင်း မြင်သာမှု ၊ တရားမျှတမှု လျော်ကြေး ငွေများ ရရှိရေးအတွက် ဆောင်ရွက်ပေး ရန်စသည့်အချက်များ တောင်းဆိုထားသည်ဟု စိုင်းခမ်းမြတ်က ဆိုပါသည် ။

၄င်းနှင့်ပတ်သက်ပြီး ၀န်ကြီး ဒေါက်တာညီညီအောင်က – တိုင်ကြားချက်ပါ ပျက်စီးသွားသော လယ်ယာမြေ ၃၇၀ ဧကဟူသည်မှာ – အမှန်တကယ်ထိခိုက်မှု ရေ နက်စိုက်ကွင်း ၆၀ ဧကခန့်မှာ ယခင်ကတည်းကပင်ရေအမြဲ ဖုံးလွှမ်းလျှက်ရှိ ပြီး ၊ ဖော် ထုတ် ကုန်းမြင့် လယ်ယာ ၆၉ ဧကခန့်မှာ ပျက်စီးမှုမရှိ ကြောင်း ၊ အမှန်တကယ် ပျက်စီးဆုံး ရှံုးမှုမှာ ၂၄၁ ဧကခန့်သာရှိ ကြောင်း ဖြေကြားခဲ့သည် ဟုဆိုပါသည်။

နားဟိုင်းလုံကျေးရွာတွင် လက်ရှိ ရွှေသတ္တုတူးဖော်ထုတ်လုပ် ခွင့်ပြုမိန့်ရ ကုမ္ပဏီ ရ ခုရှိပြီးထပ်မံ လျှောက်ထားသောကုမ္ပဏီ ၂ ခုရှိကြောင်း အဆိုပါကုမ္ပဏီများသည် ဧရိယာ ၂၀ ဧကတွင် ရွှေ ၃၀ ကျပ်သားနှုန်း အစိုးရထံ အခွန်ပေးသွင်း ရကြောင်း သိရသည် ။

ဒေသခံလယ်သမားများပြောပြချက်အရ စာချုပ်ပါနှစ်စဉ်လျော်ကြေးအတွက် ကုမ္ပဏီ ၉ ခုမှ ၂၀၁၇ခုနှစ် အတွင်းပေးလျော်ရမည့်ပမာဏမှာငွေကျပ်သိန်းပေါင်း ၁၄၀၀ ခန့်ရှိကြောင်း ၊ သို့သော် ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းရပ်နားထားသည်ဟုဆိုကာ ကုမ္ပဏီများဘက်မှ လျော်ကြေးငွေပေးလျော်ခြင်းမရှိကြောင်း သိရသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နားဟိုင်းလုံကျေးရွာ သဲမြှုပ်နေအိမ်များကို ရွှေတူးဖော်မှုကုမ္ပဏီက တာဝန်ယူပေးခြင်းမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာတွင် ရေ ၊ သဲ မြှုပ်နေသော နေအိမ်များကို ရွှေတူးဖော်သည့် ကုမ္ပဏီမှ တာဝန်ယူ လျော်ကြေးပေးမှုမရှိသေးကြောင်း စုံစမ်းသိရသည်။ နားဟိုင်းလုံကျေးရွာသည် ပြီးခဲ့သည့် ဇူလိုင်လမှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်သူနေအိမ်များတစ်ချို့ ရေမြှုပ်သွားပြီး၊ တစ်ချို့နေအိမ်များသည် သဲမြှုပ်နေကြောင်း သိရသည်။ အဆိုပါ ရေကြီးမှုကြောင့်...

ရွှေတူးဖော်မှုပြုလုပ်သည့် နားဟိုင်းလုံ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့ နားဟိုင်းလုံကျေးရွာအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နေအိမ်တစ်ချို့ထဲ သဲ၊ ရွှံ့ ဝင်ပြီး ပျက်စီးမှုရှိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇူလိုင် ၁၉) ရက် ည ၉ နာရီဝန်းကျင်တွင် ရွှေတူးဖော်မှုများ လုပ်ဆောင်နေသည့် နားဟိုင်းလုံကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် နေအိမ်ထဲ သဲ...

တာလေမြို့နယ် လေပြင်းတိုက်ခတ် ဒေသခံ နေအိမ်တစ်ချို့ ပျက်စီး

0
သျှမ်းပြည်အရှေ့ပိုင်း တာလေမြို့နယ် မိုင်းလင်းကျေးရွာအုပ်စုအတွင်း လေပြင်း၊ မိုးကြီး ကျရောက်တိုက်ခတ်မှုကြောင့် နေအိမ်တစ်ချို့ ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီ ၁၀)ရက် ညနေ ၅ နာရီဝန်းကျင် မိုင်းလင်းကျေးရွာအုပ်စု နမ့်ခမ်းကျေးရွာ၊ နားဟိုင်းနွဲ့ကျေးရွာ၊ ကျတော်ကျေးရွာ တို့တွင် လေပြင်းဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်တစ်ချို့ နှင့် လယ်ယာများ ပျက်စီးသွားကြောင်း...

တာလေ – ကျိုင်းလပ် လမ်းပေါ် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ ပိုက်ဆံကောက်

0
သျှမ်းပြည်အရှေ့ပိုင်း တာလေ-ကျိုင်းလပ်မြို့ လမ်းတစ်ကြောတွင် စစ်ကောင်စီ နှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ကုန်တင်ကားများကို ပိုက်ဆံ အဆမတန် ကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုလမ်းတစ်ကြောတွင် စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် နားယောင်းပြည်သူ့စစ်တို့ ပူးပေါင်ပြီး ဂိတ်များကို တိုးချဲ့ဖွင့်ကာ ကုန်တင်ကားများ၊ ဒေသခံပြည်သူများထံ ပိုက်ဆံပိုကောက်ယူနေလျက်ရှိကြောင်း...

တာလေမြို့ ကိုဗစ်မြင့်မားသည့်ကြား စစ်ကောင်စီ စာသင်ကျောင်း အတင်းဖွင့်ခိုင်း

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့တွင် ကိုဗစ် - ၁၉ ကူးစက်မှု ဆက်လက်မြင့်တက်နေသည့်ကြား စစ်ကောင်စီမှ စာသင်ကျောင်းများကို အတင်းဖွင့်လှစ်ကြောင်း ဒေသခံများက ပြောသည်။ တာချီလိတ်မြို့နယ် တာလေမြို့တွင် အောက်တိုဘာလ (၃၁)ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ (၁၁၈) ဦးအထိ...